" ကျူးကျော်ခံထားရသော မူပိုင်အတ္တများ "
အထပ်ထပ်တုပ်နှောင်ခံထားရတဲ့
စိတ်သုံ့ပန်းဟာ အစာငတ်ရေပြတ်
ချိနဲ့နဲ့ လက်ကျန်အားအင်နဲ့ ခရီးဆက်
အဖပ်ဆယ်စရာ သံသရာဝဲဂယက်အလယ်
လူမမယ်ကလေးတစ်ယောက်းးး လို ။
အဖုအထစ် တစ်ရစ်ချင်း ဖြေချ
အတုအပသတိရရင်းးးး ရရင်း
သကာဖုံးသူးးး မျက်နှာပုန်းသူ
အတုန်းအရုံး သိမ်းကျုံးဆုံခဲ့ရးးး ဆုံနေရ
အမှားများများးး သွေးသားအရင်းအနှီးများ
အရှုံးခံခဲ့ရ ။
သံမဏိကြိုးနဲ့ ချည်နှောင်
သံဘောင်များနဲ့ ပိတ်လှောင်
ဖွဲ့ဆောင်ခွင့်မဲ့ အိပ်မက်ကြေ
ကြယ်ကြွေညတွေဘဲးးးး ပြုံထပ်လွန်း
မွမ်းမံဖို့မလိုသည့် သောကများသာ
သစ်လွင်တယ် ။
ရင်ခက်သံ တစ်ချက်တစ်ချက် ဖူးပွင့်
ူစူးနစ်သော ဒဏ်ရာများအန်ကျ
ပြောင်းဝရှေ့မှားးး ခေါင်းငုံ့ပေးနေရ
ခဏရတဲ့ မူပိုင်နယ်မြေကတောင်
တမြေ့မြေ့ ကျဉ်းမြောင်းလာပေါ့ ။
ချော်ရည်အပြည့်နဲ့ လမ်းပေါ်လျှောက်
ဘေးတစ်ဖက်စီက သူရာချောက်
တစ်ဖြောက်ဖြောက်သံစဉ်က
အားပေးဝမ်းမြှောက်မှုသင်္ကေတ
ပေပွထနေသော ရက်စွဲမှာ
ကိုယ့်ကိုကိုယ် ညဉ်းဆဲရတဲ့အခါဆို
ခြေနင်းခံညများ
အမှောင်တွေ ပိုနက်လားးး ပိုအသက်ဝင်လာ
ယိုပျက်ကျ အနာတွေ မကျက်မှီးးး ။းးးး ။