အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
လွန်ခဲ့သော 2016 ခုနှစ်တုန်းက မိမိကုမ္ပဏီမှ မန်နေဂျာ နှင့် ဒုမန်နေဂျာများအား management level သင်တန်းတက်ရောက်ရန် ညွှန်ကြားလာသဖြင့် သင်တန်းတက်ရောက်ခဲ့ပါသည်။သင်တန်းကတော့ ရက်တိုသင်တန်းလေးပါ။ထိုသင်တန်းတက်တုန်းက အမှတ်တရ အရှိဆုံး အကြောင်းအရာလေးတစ်ခု ပြန်လည်မျှဝေပေးခဲ့ချင်ပါတယ်။
#photo credited by
သင်တန်း၏ပထမပိုင်းရက်တွေမှာတော့ စာတွေသာ သင်ယူမှုများပါတယ်။နောက်ပိုင်းရက်တွေကျမှပဲ Game activity လေးတွေ.. group အလိုက် ညဏ်စမ်းပြိုင်ပွဲလေးတွေ လုပ်ပေးပြီး စိတ်ဝင်စားစရာ ပိုကောင်းလာပါတယ်။ဒီလိုနဲ့ management ၏ အဓိက ခေါင်းစဉ်လေးခုထဲမှ ကြိုက်နှစ်သက်ရာ ခေါင်းစဉ်တစ်ခုဖြင့် တစ်ယောက်ချင်းစီ presentation လုပ်ရမည်ဖြစ်ပါသည်။
ခေါင်းစဉ်တွေကတော့...
(1)Planning
(2)Organizing
(3)Leading
(4)Controlling ဆိုတဲ့ လေးခုပဲဖြစ်ပါတယ်။
အဲဒါနဲ့ ကျွန်တော်က ခေါင်းစဉ်တွေထဲက ကိုယ်တင်ပြချင်တဲ့ပုံစံနဲ့ သင့်တော်မယ်ထင်တဲ့ Controlling ဆိုတဲ့ ခေါင်းစဉ်ကိုရွေးလိုက်ပါတယ်။
Controlling ကိုပြောဖို့စဉ်းစားလိုက်တဲ့အခါ Good Product >>>Good Result အဆင့်တွေအထိရရှိဖို့ အရေးကြီးတယ်လို့ စဉ်းစားမိသွားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
#photo credited by
အဲဒါနဲ့ကျွန်တော် Presentation လုပ်ရမည့်အလှည့် ရောက်လာတာပေါ့ဗျာ။
အားလုံးကို မိမိဘယ်သူ ဘယ်ရာထူး စသည်ဖြင့် လိုအပ်သည်များမိတ်ဆက်ပြီး Controlling အကြောင်းကို စတင် Presentation ပြုလုပ်ပါသည်။
ကျွန်တော်က သစ်အချောထည်စက်ရုံကလာတဲ့ ဝန်ထမ်းဆိုတော့ သစ်စက်နဲ့ဆိုင်တဲ့ လုပ်ငန်း process လေးတွေကို သစ်လုံး ကုန်ကြမ်းမှစတင်၍ နောက်ဆုံး furniture ပစ္စည်းထွက်ရှိပြီး packing ထုတ်တဲ့အဆင့်ထိ တစ်ဆင့်ချင်း controlling အကောင်းဆုံးလုပ်နိုင်မှသာ Good Product >>>Good Result အထိရရှိအောင် ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ပြောပြရှင်းလင်းခဲ့ပါသည်။
Crd-org-source
(1)ပထမဦးဆုံး သစ်လုံးကုန်ကြမ်းတွေကို ခွဲစိပ်ရန်အတွက် Operation Department ရှိ Band saw ဌာနမှ ခွဲစိပ်ရေးပညာရှင်က သစ်လုံး၏အနေအထား defect ပါဝင်မှု အဆင့်အတန်းတွေကိုကြည့်ပြီး မည်သို့မည်ပုံ ခွဲစိပ်ရမည်ကို စတင်ကြည်ရှုစစ်ဆေးပါသည်။အကောင်းဆုံးခွဲစိပ်နိုင်မှသာ ဈေးကွက်ဝင် သစ်ခွဲသားများရရှိလာပြီး အရည်အသွေးပြည့်မှီသော သစ်များဖြစ်လာမည်ဖြစ်ပါသည်။ထိုနေရာတွင် ထိုကဲ့သို့ တတ်ကျွမ်းသောပညာရှင်၏ ညွှန်ကြားမှု.. ထိန်းချုပ်မှု လျော့နည်းနေလျှင်သော်လည်းကောင်း..ထိုပညာရှင်မရှိလျှင်သော်လည်းကောင်း သစ်ခွဲသား ရာခိုင်နှုန်းရရှိမှု ကျဆင်းပြီး အလေအလွင့်များကာ အရည်အသွေး နိမ့်ကျသောသစ်များသာရရှိမည်ဖြစ်ပါသည်။
(2)ထိုဌာနမှ ထွက်ရှိလာသော သစ်များကို stock ဌာနမှ စာရင်းဇယားအလိုက် စနစ်တကျ ထားသိုခြင်း Quaity Control (QC) မှ ထပ်မံစစ်ဆေး မှတ်ချက်ပြုခြင်း..ရာခိုင်နှုန်း confirm လုပ်ခြင်းတို့ဆောင်ရွက်ပါသည်။
ထိုဌာနတွင်လည်း QC များမှ သစ်တစ်ချောင်းချင်း Remark များပြုလုပ်၍ အဆင့်အလိုက် ပြန်လည်သတ်မှတ်ခြင်းများကို သေသေချာချာ ဂရုတစိုက်ဆောင်ရွက်ရခြင်းဖြစ်ပါသည်။
(3)ထို့နောက် မိမိတို့၏ Order Demand ပေါ်မူတည်ပြီး သစ်ခွဲသားများကို သစ်ပေါင်းဖိုတွင် အခြောက်ခံခြင်းပြုလုပ်ရပါသည်။Furniture ပစ္စည်းများပြုလုပ်သောအခါ စိုထိုင်းဆများပါက သစ်အကျုံ့ အကြွ များဖြစ်ပေါ်လာပြီး ပစ္စည်းအရည်အသွေးညံ့ သွားမည်ဖြစ်ပါသည်။
ဒါကြောင့် ပေါင်းဖိုမှ ထွက်ရှိလာသောသစ်များသည် သတ်မှတ်ထားသော...customer လိုချင်သော ခြောက်သွေ့သည့် အနည်းဆုံး moisture ရှိနေရမည်ဖြစ်ပါသည်။ဒါကိုလည်း တာဝန်ရှိသူတွေက Control လုပ်နေရမည်ဖြစ်ပါသည်။
Crd-org-source
(4)ထိုပေါင်းဖိုဌာနမှ ထွက်ရှိလာသောသစ်များမှာ အကြမ်းထည်များဖြစ်၍ စက်တွင် အချောထိုးခြင်း လိုအပ်သည့်အတိုင်းအတာများ ဖြတ်တောက်ခြင်းတို့ကို Production -1ဌာနမှ ဆောင်ရွက်ပါသည်။ဤဌာနတွင်လည်း ထုတ်လုပ်မည့် furniture ပစ္စည်းအပေါ်မူတည်ပြီး profile cutter များဖြင့် စကေးအတိအကျ ရရှိစေရန် ဂရုတစိုက်ဆောင်ရွက်ရပါသည်။
(5)Production -2 ဌာနရောက်သောအခါတွင်လည်း သစ်များအား စရွေး အဖို အမ အပေါက်ဖောက်ခြင်းဆောင်ရွက်ပါသည်။ထိုဌာနတွင် Drawing ပုံနှင့် အတိအကျ ဖြစ်အောင် တတ်ကျွမ်းနားလည်သူမှ လုပ်ဆောင်ရန်လိုအပ်ပါသည်။
(6)စရွေးဖောက်ပြီးသောသစ်များကို (Assembly)တပ်ဆင်ရေးဌာနမှ တစ်ခုချင်းပုံဖော်တပ်ဆင်ပါသည်။
ဒီနေရာတွင်လည်း ပစ္စည်းပုံပါအတိုင်း အတိအကျ စကေးကိုက်အောင် ဆောင်ရွက်ရပါမည်။
ပြီးနောက် ရုပ်လုံးပေါ်လာသော သစ်သား furniture ပစ္စည်းများအား အချောသတ်ကော်ပတ်စားတဲ့ အဆင့်ပြုလုပ်ရပါသည်။ထိုကော်ပတ်စားရာတွင်လည်း အသေးအဖွဲကိစ္စပဲဟု ပေါ့ပေါ့တန်တန်သဘောမထားပဲ သစ်များ၏အကြောကိုလိုက်၍ မည်သို့မည်ပုံ ကော်ပတ်စားရမည်ကို ညွှန်ကြားပေးရပါမည်။၎င်းအပြင် ဆက်ကြောင်းများအတွက် super glue ကော်အသုံးပြုရာတွင်လည်း လိုအပ်သလောက်သာ အသုံးပြုစေခြင်းဖြင့် စနစ်တကျရှိစေရန် တာဝန်ရှိသော ပုဂ္ဂိုလ် များမှ အမြဲတမ်း control လုပ်နေရပါမည်။
(7)နောက်ဆုံး ဆေးမှုတ်တဲ့အဆင့်မှာလည်း ပထမအဆင့် မည်သည့်ဆေးသုံးရမည်... မည်သည့်ကော်ပတ်ဖြင့်တိုက်ရမည် စသည်ဖြင့် အစစအရာရာ နည်းစနစ်ကျကျ အလေအလွင့် မရှိရစေရန် တာဝန်ရှိသူများမှ ကြီးကြပ်ပြီး control လုပ်ရမည်ဖြစ်ပါ။
ထိုသို့မဟုတ်ပဲ ထိန်းချုပ်စစ်ဆေးမှုအားနည်းပါက ထုတ်လုပ်မှု (Product) ကုန်ပစ္စည်းအနေဖြင့် ပစ္စည်းများထွက်ရှိနေမည်ဖြစ်သော်လည်း good product မဖြစ်တော့သဖြင့် good result အဆင့်မရရှိနိုင်တော့ပါ။အရေအတွက်သာဖြစ်လာပြီး အရည်အသွေးနိမ့်ပစ္စည်းများအဆင့်သာဖြစ်နေပါလိမ့်မည်။
ကုန်ကြမ်းမှစ၍ အဆင့်ဆင့် ဌာနအလိုက် မိမိတို့၏တာဝန်များကို စနစ်တကျ ဆောင်ရွက်ပြီး တာဝန်ရှိသူအကြီးအကဲများမှ အကောင်းဆုံး ကြည့်ရှု စစ်ဆေး ထိန်းချုပ်နိုင်မှသာ အလေအလွင့်နည်းပါးပြီး အရည်အသွေးပြည့်ဝသော ကုန်ပစ္စည်းများထုတ်လုပ်နိုင်မှာဖြစ်ပြီး good result အဆင့်သို့ရောက်ရှိမည်ဖြစ်ပါသည်။
Crd-org-source
**သို့ဖြစ်ပါ၍ မည်သည့်လုပ်ငန်းမျိုးမဆို စတင်လုပ်ဆောင်ရသောအဆင့်မှစ၍ နောက်ဆုံးအဆင့်အထိ ဂရုတစိုက် ထိန်းသိမ်းဆောင်ရွက်နိုင်မှသာ good product >>>good result အဆင့်ရရှိမည်ဖြစ်ပါ၍ controlling အပိုင်းသည် အဆင့်တိုင်းအတွက် အရေးကြီးပါကြောင်း...
controlling အားနည်းပါက product အဆင့်သာ ထုတ်လုပ်နိုင်ပြီး market ပိုင်းဝယ်လိုအားကျဆင်းလာမှာဖြစ်သဖြင့် good result အဆင့်မဖြစ်နိုင်တော့ပါကြောင်း ကျွန်တော်၏ သင်တန်း presentation လေးအား ပြန်လည်ရေးသား မျှဝေလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
MSC-211