ဒီနေ့များ ငွေလမင်း နာမည်ကြီးချက်ကလွန်ရော။
ဟာ... ဒါဆို ကိုငွေလမင်းကြီး စန်းပွင့်နေတယ်ပေါ့လို့တော့ မထင်လိုက်နဲ့ဦး။
ခုတလော ရပ်ကွက်ထဲမှာ ညမှု၊ ညလူ သူခိုးကပူလွန်းသဗျာ။
မနေ့ညက ငွေလမင်းအိမ်အခိုးခံလိုက်ရတယ်။
ဒီနေ့ တစ်နေကုန် တွေ့တဲ့လူတိုင်းက "ကိုငွေလမင်း ခင်များအိမ် သူခိုးအခိုးခံရလို့ဆို"တဲ့။ ဒါပဲမေးနေကြတယ်။
အဲသလိုနာမည်ကြီးနေတာ။
ငွေလမင်း လှူဖူးပါတယ်။ နာမည်မကြီး။
ငွေလမင်းတူမလေး ကျောင်းမှာဆုရဖူးတယ်။ ဘယ်သူမှမမေး။
အခိုးခံရမှပဲ နာမည်ကြီးနေလိုက်တာ။
ပစ္စည်းအခိုးခံရတာကို မနှမြောလှပါဘူး။
သံသရာတစ်ကွေ့မှာ ကိုယ်လည်းခိုးခဲ့ဖူးလို့နေမှာပေါ့။
ငွေလမင်းနှမြောတာက သူခိုးက အိမ်ဦးခန်းမှာချေးပါသွားတာ အနှမြောဆုံးပဲ။
ငွေလမင်းအိမ်က အကောင်းစားကြီးတော့ မဟုတ်ပါဘူးလေ။
ရှစ်စိပ်ထိုး ထရံကာအိမ်လေးပါပဲ။
ထရံကို အပြင်က အဖြူစိမ်းစပ်ကြားလေးဆေးသုပ်ထာတယ်။
အတွင်းထဲကလည်း ဖော်မီကာကာထားတယ်။
အိမ်ဦးခန်းကိုတော့ ကြွေပြားပါခင်းထားတာ။
အခုတော့ သူခိုးက အိမ်ဦးခန်းမှာ ချေးတက်ပါသွားတယ်။
ပြောကြတာကတော့ အဲဒါအိပ်မွေ့ချတာတဲ့။
အတော်စိတ်ဆိုးစရာကောင်းတဲ့ အိပ်မွေ့ချနည်းပဲ။
ဒီနေ့ညနေတော့ ငွေလမင်းအိမ်တံခါးမှာ စာတန်းလေးတစ်ခုကပ်ထားတယ်။
တံခါးပိတ်ထားတဲ့အခါ အဲဒီစာတန်းလေးက အပြင်ဘက်မှာဆိုတော့ အပြင်ကနေ တံခါးဖွင့်မယ်လုပ်တဲ့အခါ သူခိုးက စာတန်းလေးကို မြင်မှာပါလေ။
သူခိုးများ ကျေးဇူးပြု၍ ချေးယိုအိပ်မွေ့ချနည်းကို မသုံးပါနဲ့။
အင်း... သူခိုးများစာတတ်ပါစေ ဆုတောင်းရတော့မှာပဲ။
မြန်မာစတီးမစ်အဖွဲ့ဝင်များသူခိုးခိုးခံရခြင်းမှ့ ကင်းဝင်းပါစေ
ငွေလမင်း
MSC NO. 256
MONYWA