Change Management
ပြောင်းလဲမှုကို စီမံခန့်ခွဲမှု ဆိုတာ အဖွဲ့အစည်းတစ်ရပ်လုံး ပြောင်းလဲမှုဖြစ်အောင် တစ်ဦးခြင်းဖြစ်စေ၊ အသင်းများနဲ့ဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုလုံးဖြစ်စေ ပြင်ဆင်ဆောင်ရွက်မှုကို ဆိုလိုခြင်းဖြစ်ပါတယ်။ Change ကို ရှောင်လွှဲလို့မရပါဘူး။ အရာအားလုံးဟာ အမြဲတမ်းပြောင်းလဲနေပါတယ်။ လူတွေဟာ ပြောင်းလဲမှုနဲ့ပတ်သက်ပြီး မကြိုက်ကြပါဘူး။ ဘာလို့လဲဆိုတော့ လူတွေဟာ လက်ရှိရောက်ရှိနေတဲ့ နေရာ၊ ရာထူးတို့က တည်မြဲနေတယ်လို့ ယူဆလေ့ရှိကြတယ်။ ဒါပေမယ့် ကမ္ဘာကြီးကိုယ်တိုင်က ပြောင်းလဲနေပြီး ထိုအပြောင်းအလဲနောက်ကို မလိုက်ဘဲ နေခဲ့မယ်ဆိုရင် တိုးတက်မှုဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။ ထို့အတူပဲ တိုးတက်မှုမရှိရင် ဆက်လက်ရှင်သန်နိုင်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။
သင်သည် လူ့ဘ၀မှာ ရှင်သန်နေထိုင်နိုင်ဖို့အတွက်ဆိုလျှင် အပြောင်းအလဲကို လုပ်ဆောင်သင့်သည်မှာ မလွဲဧကန်ဖြစ်ပါတယ်။ ဥပမာအားဖြင့်ဆိုရလျှင် သင်၏ပတ်ဝန်းကျင်သည် အမြဲပြောင်းလဲနေပါတယ်။ နိုင်ငံရေးအခြေအနေ၊ စီးပွားရေးအခြေအနေ စသည်တို့သည်လည်း အမြဲပြောင်းလဲနေတာဖြစ်ပါတယ်။
Organization ကို ပြောင်းလဲဖို့အတွက်ဆိုရင် မိမိရဲ့ဝန်းကျင်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ပတ်ဝန်းကျင်ကပြောင်းလဲနေပြီး မိမိက ထိုအပြောင်းအလဲနောက်ကို မလိုက်နိုင်ခဲ့ဘူးဆိုလျှင် မိမိရဲ့ organization ဟာ နောက်မှာ ကျန်နေခဲ့ပြီး ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရမှာ မလွဲမသေဖြစ်ပါတယ်။ ဥပမာအနေနဲ့ စာပေးစာယူ ကိစ္စတွေမှာ တခြား Organization တွေက ပြောင်းလဲလာတဲ့ နည်းပညာနဲ့အညီ email ကို အသုံးပြုပြီး စာပို့နေချိန်မှာ မိမိတို့က စာတိုက်မှ စာပို့သည် စနစ်ကိုသာ အသုံးပြုနေပါမှု မိမိ ဘယ်လောက်နောက်ကျကျန်နေလိမ့်ပါမည်နည်း။
ဆက်ပါဦးမည်.....