အရာရာကို
စိုးရိမ်နေရတာကိုက
အခွင့်အရေးတစ်ခုလား
မသေချာဘူးဆိုတာကို မလိုချင်တော့လို့
သေချာတယ်ဆိုတာကို ကျောခိုင်းခဲ့ရတာများနေပြီး
ဆားကလဲ အငန်ဓာတ်ရှိသလို
သကြားကလဲ အချိုဓာတ်ရှိတယ်
ကျွန်ုပ်မကောင်းကြောင်းကို
ကျွန်ုပ် ပတ်ဝန်ကျင်မှာရှိတဲ့သူ တစ်ချို့ ပြောကြလိမ့်မယ်
ကျွန်ုပ်ကောင်းကြောင်းကို
ကျွန်ုပ်ကိုယ်တိုင်ပြောမယ်၊ယုံပါ။
သိစရာက
အခြေအနေကောင်းလွန်းရင်
အခြေအနေမကောင်းတော့ဘူးဘဲ
ကျွန်ုပ်မပြောမိတာရှိမယ်
ကျွန်ုပ်မပြောတက်တာရှိမယ်
ကျွန်ုပ်မပြောချင်တာရှိမယ်
ကျွန်ုပ်ပြောတာကတော့ အမှန်ပဲ
မင်းလည်းဘဝင်မကျဘူး
ကျွန်ုပ်လည်းဘဝမကျဘူး
စကားတစ်ခွန်းနဲ့ပြန်အားတင်းရအောင်
ဘဝဟာ
ပူလောင်မှုတွေ၊ဒုက္ခတွေနဲ့ပြည့်နေပါစေ
တစ်သက်လုံးတော့ မဆုံးရှုံးနိုင်ပါဘူးလို့။