ဟိုရှေးရှေးတုန်းက တောရွာလေးတစ်ခုမှ လူငယ်လေးတစ်ဦးနေထိုင်သတဲ့။ ထိုလူငယ်၏အသက်က ၁၁နှစ်ဖြစ်သည်။ လူငယ်လေး၏ဖခင်ကတော့ ဆိတ်မွေးမြူးရေးလုပ်ငန်းလုပ်ကိုင်သတဲ့။ သူတို့အိမ်မွေးထားတဲ့ခွေးလေးတစ်ကောင်ရှိပါသတဲ
တစ်နေ့တွင် လူငယ်ကို သူ၏ဖခင် အဖေ တစ်ညအိပ်ခရီးထွက်စရာရှိတယ်၊ အဖေခရီးသွားနေတုန်း ဆိတ်လေးတွေကို သေချာဂရုတစိုက်စောင့်ကြည့်ထား၊ ဆိတ်တွေကို ဝေးဝေးလံလံသွားမကျောင်းနဲ့။ တောစပ်နားကိုတော့ သွားကျောင်းနဲ့နော်။ အ့တောထဲမှာ အရမ်းဆိုးသွမ်းတဲ့ကျားတစ်ကောင်ရှိတယ်။ ဆိတ်တွေကို အ့ဒီကျားက ဖမ်းယူသတ်ဖြတ်လိမ့်မယ်ဟု ပြောပြီး ခရီးထွက်သွားလေသတဲ့။ လူငယ်လေးက ဆိတ်တွေကို တောင်ခါးပန်းများသို့ ခေါ်ဆောင်သွားကာ ကျောင်းလေသည်။ လူငယ်လေးနဲ့အတူ ခွေးလေပါ ဆိတ်လေးတွေကို ထိန်းကျောင်းကြပါသတဲ့။ တောင်ခါးပန်းများသည် စားကျက်ကောင်းလှသည်။
တောင်ခါးပန်းပေါ်မှ ရွာကို မြင်ရသည်။ရွာသူ ရွာသာတွေလည်းတွေ့ရသည်။
လူငယ်လေးနဲ့အတူ ရွာထဲက ကလေးတွေလဲ တောင်ခါးပန်းသို့လာ၍ ဆော့ကစားကြသည်။ ညနေ၆နာရီလောက်မှ ရွာထဲက အိမ်ကိုပြန်ကြသည်။ ထိုအချိန်ကလဲ နေဝင်ချိန် အမှောင်စလေးထွက်ပေါ်နေသည်။ အေးလည်းအေးလှပြီဖြစ်သည်။ သိုးကျောင်းရတာ ပျင်းစရာတော်တော်ကောင်းတာပဲ၊ ကစားဖော်သူငယ်ချင်းတွေလည်းပြန်ကြကုန်ပြီး၊ စကားပြောမယ့်လူတွေလဲမရှိတော့ဘူး၊ လူတိုင်းအားလုံးဟာ ရွာထဲပြန်ရောက်နေကြပြီး၊ သူတို့ကို နောက်ပြောင်ကျီစားရမယ်ဆိုပီး အကြံညဏ်တွေထုတ်နေတာပေါ့။ ဟာ! အကြံရပြီး ရွာထဲကလူတွေက ကျားကြီးတစ်ကောင် ရောက်လာပြီးဆိုပီး အော်လိုက်ရင် ရွာထဲကလူတွေ ကျွန်ုပ်ကို စိတ်ပူပြီး အမြန်ဆုံးရောက်လာကြမှာ😁 ပျော်စရာကောင်းလိုက်တဲ့အကြံညဏ်လေးဆိုပီး ရွာထဲက လူတွေကြားအောင် "ကယ်ကြပါဗျို့ ၊ ကျားကြီးတစ်ကောင်ရောက်နေတယ်" လှမ်းအော်ပြောလိုက်သည်။
ရွာထဲက လူတွေကလဲ လူငယ်အသံကြားပြီး တုတ်တွေ ၊ဓားတွေကိုင်ပီး လူငယ်ရှိတဲ့တောင်ခါးပန်းဆီး အပြေးအလွှားသွားကြတာပေါ့။ လူငယ်လေးရှေ့ရောက်ရော ဘယ်မှာလဲ ကျားဆိုပြီး မေးကြတာပေါ့။ ထို့အခါ လူငယ်လေးက ရယ်မောပြီး ကျွန်တော် နောင်ပြောင်လိုက်တာပါ၊ ကျားလဲမလာပါဘူး၊ ကျွန်တော်တစ်ယောက်ထဲ ပျင်းနေလို့ နောက်စရာတစ်ခု ဖန်တီးလိုက်ရတာပါလို့ ဆိုလေသည်။ လူငယ်လေးစကားကြားပြီး ရွာသားများက ဒေါသအလွန်ထွက်သွားကြလေသည်။ ဘာကိစ္စကြောင့် အ့လိုစကားမျိုးနဲ့နောက်ရတာလဲ၊ ကျွန်ုပ်တို့မှာ ကိုယ့်အလုပ်နဲ့ကိုယ်အများ လုပ်စရာတွေရှိသေးတယ်၊ မင်းပျင်းလို့နောက်တာထပ် ကျွနိုပ်တို့မှာ မင်းဝို စိတ်ပူပြီးတော့ အပြေးအလွှားလာလိုက်ရတာ၊ မင်းဟာ စေတနာကိုစော်ကားတာပဲ အားအား ယားယား နောက်ရတယ်လို့ကွာ ဟုဆိုကာ ရွာသားများလည်း ရွာသို့ပြန်သွားကြလေသည်။လူငယ်လေးကတော့ သူ့လုပ်ရပ်အတွက် နောင်တမရသေးတဲ့အပြင် ရွာသားတွေ အလုပ်ပြီးစီးလောက်တဲ့အချိန်ထိ စောင့်နေသတဲ့။ အချိန်ကလဲ ည၈နာရီထိုးပြီး ရွာသားတွေလဲ အလုပ်ပြီးလောက်ပြီးဟုဆိုကာ နောက်တစ်ကြိမ် ကယ်ကြပါဗျို့ ၊ ကယ်ကြပါ ဒီမှာ ကျားကြီးတစ်ကောင်ရောက်လာလို့ဟုဆိုကာ ရွာထဲကလူတွေကြားအောင်ထပ်အော်သတဲ့။
ရွာထဲကလူတွေကလဲ တုတ်တွေ၊ဓားတွေတွေကိုင်ပီး လူငယ်ရှိကို အပြေးအလွှားရောက်လာကြပြန်ရော။ လူငယ်လေးကို ဘယ်မှာလဲ ကျားကြီးလို့မေးတဲ့အခါ လူငယ်လေးက ရယ်မောကာ ကျားကြီးမရှိပါဘူး၊ ကျွန်တော်တစ်ယောက်ထဲ ပျင်းနေလို့ ရွာထဲကလူတွေကို ကျီစားဆာပါလို့ ဆိုလေသည်။ ရွာသားတွေလဲ အရမ်းစိတ်ဆိုးသွားတာပေါ့၊ ဒီမှာ လူငယ်လေး မင်းဟာ မနောက်သင့်တဲ့အရာကိုနောက်တယ်၊ မဟုတ်မမှန် တဲ့စကားကိုပြောဆိုတယ်။ အခုချိန်ဟာ ကျွနိုပ်တို့ရဲ့အလုပ်နားချိန်ပါ၊ ကျွန်ုပ်တို့ တစ်နေ့ကုန် အလုပ်နဲ့လက် ပြက်တယ်လို့ရယ်မရှိဘူး။ ပင်ပင်းလွန်သောကြောင့် အိပ်ချင်လာပြီး၊ နောက်တစ်ခါ မုသားစကားကို မဆိုလေနှင့်ပြောပြီး ရွာထဲသို့ပြန်သွားကြလေသည်။
လူငယ်လေးလည်း.မောမောနဲ့အိပ်ပျော်သွားလေသည်။ ည၁၂နာရီလောက်ခန့်တွင် လူငယ်လေးဟာ ဆိတ်တွေအော်သံ၊ကြောက်လန့်တကြားပြေးလွှားနေသံကိုကြားပြီး လန့်နိုးသွားသည်။ လူငယ်ရဲ့ခွေးလဲမတွေ့ရ၊ အော်သံကြားတဲ့နေရတဲ့ဆိတ်တွေနောက်ကို ပြေးလိုက်သွားသည်။ ကျားကြီးတစ်ကောင်က ဆိတ်တစ်ကောင်ကို ကိုက်ခဲနေလေတော့သည်။ ထိုအခါ လူငယ်လေးက ချက်ချင်းပင် ကယ်ကြပါဗျို့ ၊ ကျားကြီးတစ်ကောင် ကျွန်တော်ဆိတ်တွေ ကိုက်နေတယ်ဆိုပီး ရွာထဲကလူတွေကြားအောင်အော်ပြောလေသည်။ ရွာထဲက လူတွေကလဲ လူငယ်လေးနောက်တစ်ကြိမ် ကျီစားနေပြန်ပြီးဟုဆိုပြီး တစ်ယောက်မှ မသွားကြဘဲ နေကြလေသည်။
ထိုညတွင် လူငယ်လေးရဲ့ဆိတ်ကို ကျားကြီးကဖမ်းဆီးကိုက်ဖြတ်ခဲ့သည်။ လူငယ်လေး အလွန်စိတ်ဆင်းရဲသွားတာပေါ့၊လူငယ်လေးအဖေက မနက်ဖြန်ပြန်လာတော့မှာ။ သူအဖေပြန်လာလျှင် အဆူခံရမည်ကိုတွေးပီး သောကများနေရရှာပြီးပေါ့။ နောက်တစ်နေ့တွင် လူငယ်လေး အဖေပြန်ရောက်လာလေသည်။ အကြောင်းစုံကိုသိသွားသော် လူငယ်လေး၏ ဖခင်က အလွန်ဒေါသ ထွက်ပြီး "မင်းဟာ တော်တော်မိုက်မဲတဲ့အကောင်၊ ကျားမရှိဘဲ ဘာလို့ နောင်ပြောင်ကျီစားရတာလဲ၊ တစ်ကြိမ်တစ်ခါဆိုရင်ထားပါတော့၊အခုတော့ နှစ်ကြိမ်တောင် နောက်ပြောင်တယ်။ ကျားတကယ်လာတဲ့အခါ မင်းကို ဘယ်သူကယုံတော့မှာလဲ၊ ဘယ်သူကရော အကူညီထပ်ပေးရဲအုံးမလဲ။ အခုတော့ ဆိတ်တွေလဲ အကုန်သေကုန်ပြီး။ မင်းဘဝတစ်လျှောက်လုံး မြဲမြဲမှတ်ထား၊ နောက်ပြောင်တယ်ဆို နေရာတိုင်းမှာ ကောင်းတာမဟူတ်ဘူး"ဟု ပြောဆို ဆုံးမလေသည်။ လူငယ်လေးလဲ အမြင်မှန်ရသွားပြီး နောင်ပြောင်ကျီစားမျိုး မပြုလုပ်တော့ပေ။
မဟုတ်မမှန်တာပြောဆိုခြင်းရဲ့ မကောင်းတဲ့ရလဒ်တွေဘဲ ဖြစ်ပါသည်။
ပြောင်တယ်၊နောက်တယ်ဆို နေရာတိုင်းမှာ မသင့်တော်ပါဘူး။ အပြောင်စကားရဲ့နောက်ဆက်တွဲက အပြက်အဘောမျိုး ဖြစ်တက်ပါတယ်။
Credit Photo Facebook