ရည်မှန်းချက်နဲ့ ယုံကြည်မှု
ရည်မှန်းချက်ကို တိတိကျကျထားရှိနိုင်ကြပါစေ
တောင်တက်သမားတစ်ယောက်ဟာ တောင်ထိပ်ကို
ရောက်ရှိနိုင်ရန် တိကျသော ရည်မှန်ချက် ထားရှိပြီးမှ
တောင်အမြင့်ဆုံးကို တက်ရောက်နိုင်မှာဖြစ်ပါတယ်
ဒီလိုတက်ရောက်နိုင်ရန်အတွက် တောင်ကိုမတက်သေးသော
အချိန်ကာလများတွင် တောင်ထိပ်သို့ အောင်မြင်စွာ
တက်ရောက်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရပါတယ်
ကြိုတင်ပြင်ဆင် ထားရှိခြင်းမရှိပဲနဲ့တော့ တောင်ထိပ်သို့ ရောက်ရှိ
နိုင်အောင် တက်ရောက်နိုင်မည်မဟုတ်ပါလေ တောင်တက်တယ်ဆိုတာ
လွယ်ကူသော ကိစ္စတစ်ခုမဟုတ်ပါဘူး အခက်အခဲတွေများစွာ
တွေ့ရှိနိုင်သလို အန္တရာယ် သိပ့်ကြီးသော အလုပ်ဖြစ်ပါတယ်
ထင်မှတ်မထားသော အခက်အခဲများ၏ စိမ်ခေါ်ခြင်းများကိုလည်း
တွေ့ကြုံရမှာပါ တောင်၏အမြင့်ဆုံးဖြစ်သော ထိပ်ဆုံးကို ရောက်ရှိနိုင်ဖို့
အတွက် တိကျသော ရည်မှန်းချက်နဲ့ မိမိကိုယ်ကို ရောက်အောင်သွားနိုင်
သောစိတ်ဖြစ်သည့် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့ရန်လည်း အဓိက
အရေးကြီးဆုံး ဖြစ်သလို မိမိ၏ အလုပ်ကိစ္စများ လုပ်ကိုင်ဆောင်ရွက်သည့်
အနေအထားများတွင်လည်း မိမိ၏ ရည်မှန်းချက်ကို တိတိကျကျ သိရှိထားပြီး
မိအိကိုယ်ကို အောင်မြင်မှု၏ အမြင်ဆုံးကို ရောက်ရှိနိုင်ရမည်ဟု ကိုယ့်ကိုကိုယ်
ယုံကြည်မှုအပြည့်အဝရှိရမည်ဟု ရေးသားဖွဲ့နွဲ့ရင်း ရေးသားမှုလေးကို
အဆုံးသတ်လိုက်ပါရစေနော်……………………………။
author:
photo:cedit google images