ယုံကြည်ချက်သာ အဓိကပါ
မိမိတို့အတွက် အောင်မြင်မှုဆီသို့ ပို့ပေးနိုင်သော အဓိကအချက်မှာ
မိမိကိုယ်ကို ယုံကြည်မှုပင်ဖြစ်ပေသည်……………………။
မိမိကိုယ်ကိုယုံကြည်မှုအပြည့်နှင့် ဘဝခရီးပန်းတိုင်ကို လျှောက်လှမ်းနေကြတဲ့သူတွေဟာ
တစ်နေ့သောအခါ၌ မလွဲမသွေ အောင်မြင်မှုကိုရရှိခံစားရမှာ သေချာပါတယ်……………။
အောင်မြင်တဲ့သူတစ်ယောက် အဖြစ်နဲ့ဘဝမှာ ရပ်တည်ရှင်သန်နိုင်ဖို့ဆိုတာ တကယ်တော့
လွယ်လွယ်ကူကူရနိုင်လိမ့်မည်မဟုတ်ပါဘူး……………………။
လက်ရှိဘဝလေး၌ပင် မိမိတို့မြင်တွေ့ ကြားသိနေကြသည့် အောင်မြင်မှုဆိုတာကို
ရရှိပိုင်ဆိုင်ထားကြသောသူများဟာ ယုံကြည်ချက်ဆိုတာတစ်ခုထဲကို လက်ကိုင်ထားပြီး
လူအများ၏ ပြောဆိုဝေဖန်ခြင်းမကို ဂရုမစိုက်ပဲ တစိုက်မတ်မတ်နဲ့ ဘဝခရီးလမ်းကို
လျှောက်လှမ်းနေကြသော ပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်………………။
ယုံကြည်ချက်သည် အဓိကအရေးကြီးဆုံဟု ပြောဆိုနေပါသော်လည်း မိမိတို့သည်
ယုံကြည်ရာကိစ္စအဝဝတို့အပေါ်၌ ဖြစ်နိုင်ချေ ရှိမလား ဖြစ်နိုင်ချေမရှိဘူးလားဆိုတာကို
ဦးစွာပထမအနေနဲ့ ဝေဖန်စမ်းစစ်သင့်ပါတယ်…………………။
ထိုသို့စိစစ်ခြင်းများကို သေချာတွေးတော စဉ်းစားပြီမှသာ လုပ်ကိုင်ကြံစသမျှ
အမှားနည်းကာ အောင်မြင်မှုလမ်းကြောင်ပေါ်သို့ အမြန်ဆုံးနဲ့ လွယ်ကူစွာ
ရောက်ပါလိမ့်မယ်လို့ တွေးမိသမျှ ရေးချတင်ပြလိုက်ပါတယ် ………………………။
author:
photos:cedit google images