အချစ်ဆိုတဲ့ စကား
ငါ့ အဘိဓာန်မှာ ဒီလိုဖွဲ့ဆိုထား
ဒီစကားလေးက လူတိုင်းရင်းနီးပြီးသားဖြစ်နေမှာပါ၊ ကမ္ဘာမှာ လူသားတိုင်း ပျော်ရွှင်မှူ လိုချင်ကြတယ်၊ ခေတ် နည်းပညာ စနစ်တွေ တိုးတက်လာသည်နှင့်တပြိုင်နက်တည်း ကောင်းခြင်း ဆိုးခြင်း ဒွန်တွဲလာသည် ၊ စာရေးသူ ၅နှစ်သား ငယ်စဉ်အခါက ဘာမှမသိခဲ့ပေမယ့်
အခုခေတ် ငါးနှစ် ကလေးမှာ အကုန်သိ အကုန်တတ်ဖြစ်သည်၊
ကလေး အရွယ်မှ လူပျို၊ အပျို အရွယ် ရောက်ရှိချိန်တွင် အကောင်းအဆိုးဝေဖန်ပိုင်းခြားသင့်ပေသည်၊ ခေတ်ရေစီးကြောင်းနှင့်အတူ
အမှိုက်တွေလည်း ပါလာတတ်သည်မှာ အမှန်ပင်ဖြစ်သည်၊
လူငယ်၊လူရွယ် ပျိုပျို အရွယ်တွင် ချစ်ခြင်းဟူသည်ကို ခေါင်းမှာ ရွက်ထားတတ်သည့် အရွယ်ပင်ဖြစ်သည် ၊လောကကြီးရဲ့ အကြောင်းအရာတွေကို နားမဝင်သေးပဲ အချစ် ဆိုသောအရာကို ဘဝမှတ်ကာ ခေါင်းမှာ ရွက်ကြသည်၊
ထိုသို့သောလူငယ်များထဲတွင် အချစ်ဆိုသောအရာကို အလွန်ပင် အပြောများ၊ အသုံးများကြသည်၊လွန်ခဲ့သော နှစ့အနည်းငယ်ကတည်းက ချစ်ခြင်းသည် မစိမ်းကား ရှိခဲ့သည် လူငယ်တိုင်း ဖြတ်ကျော်ရသည်၊ VCD CD ခေတ်တွင် Phone များသိပ်မပေါသေးသဖြင့် မိမိချစ်သောသူကို စာပေးခြင်း၊ စကားပြောခြင်းများဖြင့်သာ ချဉ်းကပ်ပြီး နီးစပ်အောင် လုပ်ခဲ့ကြသည်၊
ရည်းစားရှိလျက် ဝင်ရောက်စွက်ဖက် ကာ ဖျက်ဆီးကြတယ်၊ ခဏတာ စိတ်ကစားမှူကြောင့် မပျက်စီးသင့်တာ ပျက်စီးကြတယ်၊ တချို့တွေ ဘဝ ပျက်တဲ့ အထိ ဖြစ်ကြတာ ရှိပါတယ်
ထိုအချစ်ဟူသော အရာနှင့်ပက်သက်ပြီး စာရေးသူ ဖတ်ဖူးသော အကြောင်းအရာတခုအကြောင်း မျှဝေ ပေးလိုပါသည်
တခါက မြို့ကြီး တစ်မြို့မှာ
အင်မတန် အတွေးကျယ်ပြန့်တဲ့ ပညာရှိ လူငယ်တစ်ဦး ရှိတယ် ထိုလူငယ်သည် လူငယ်ပီပီ သူ ကြိုက်သောသူကို ချဉ်းကပ်သည် အင်မတန် အတွေးကောင်းတဲ့ သူ့လို ပညာရှိမှာ အင်မတန် ခက်ခဲတဲ့ ပြသာနာတခု ရှိလေပြီ ၊ လူငယ်လေး သဘောကျ နှစ်ခြိုက်သောသူ ကောင်မလေးမှာ ရည်းစားရှိနေပြီဖြစ်တယ်၊
ကောင်မလေးကလည်း လူငယ်လေးကိုသဘောကျသည် နှစ်ယောက်တစ်ဦးတစ်ဦး သဘောကျပေမယ့် ကောင်မလေးက လက်ရှိ ချစ်သူကို သစ္စာမဖောက်ပဲ လက်တွဲသွားချင်ပါတယ် ဆိုတဲ့အကြောင်းလူငယ်ကြားသိခဲ့ရတယ်၊
ဘာလုပ်မှာလဲ အခုခေတ် ကျနော်တို့လူငယ်တွေအတွေးဆို ရင် ဘာလုပ်မှာလဲ......
လူငယ်လေး ပေါက်ကွဲမှာလား၊ အဲဒီအတွဲကို လိုက်ဖျက်မှာလား..... ?
No ပါ လူငယ်လေးက အတွေးအခေါ် ကျယ်ကျယ်ပြန်ပြန့် တွေးကာ ဆုံးဖြတ်ချက်ချခဲ့တယ် ၊
ငါ ချစ်တဲ့ ချစ်သူ ကို ချစ်လိုက်ရသည် ချစ်ခွင့်ရတဲ့အပြင် သူက လည်း ငါ့ကိုချစ်သည် သို့ပေမယ့် ကံမကောင်းစွာနဲ့ ဒီလိုဖြစ်ခဲ့တာ၊
သူ ဆုံးဖြတ်ပြီး နားလည်တဲ့ စကားလေးက
"သူမ လို သစ္စာစောင့်သိတဲ့ မိန်းခလေးကို ချစ်ခွင့်ရတာပဲ ငါ သိပ်ကံကောင်းတယ် "
ဒီတစ်သက် ထိုမိန်းခလေးကိုပဲ ချစ်နေပြီး ထိုမိန်းခလေးကိုချစ်ခွင့်ရလို့ပဲ အရမ်းကျေနပ်ကာ သူပိုင်ဆိုင်သမျှ ထူးချွန်သူအတွက် ပေးအပ်ဖို့ မှာကြားခဲ့သူပါ
ထိုလူငယ်လေးက
" နိုဘယ် " ပါပဲ
သူ့လို လူငယ် ဒီခေတ်မှာ ရှိပါအုန်းမလား
သူ့လို ဖြူစင်တဲ့မေတ္တာ တရားကို ဖော်ထုတ်ရဲတဲ့ သတ္တိ ကို လေးစားရင်း
ဒီခေတ် လူငယ်တွေ အတုယူစေချင်ပါကြောင်း ပြောပြရင်း ဒီစာအဆုံးသတ်လိုက်ပါရစေ
Written by yairthiha
MSC 003
Credit to google images