တွေဝေ ခြင်းများစွာဖြင့် အတွေးကမ္ဘာ နယ်ချဲ့ကာ သူမ အကြောင်း ကျနော် ဆွေးမိနေသည်
မြို့သားတစ်ယောက်နဲ့အတူ ပြန်လာသည့်သူမ
မျက်နှာ အပြုံးပန်းဆင်နေသည့်ပုံ မပေါ်ပေမယ့် ကျနော့်ရင်ထဲ အပူမီးတောက်လောင်သလို ခံစားနေရသည်၊
နောက်တနေ့ တွင် သူမ နဲ့ ဆုံမိအောင် သူမ သွားနေကျ ဈေးထိပ်တွင် စောင့်နေသည်၊ သူမ လာသည့်အခါ ကျနော့်ကို ပုံမှန်အတိုင်းသာ စကားပြောသည်...ကျနော်သည် ကြောက်လို့ တုန်နေသော ဒူး၊ ရထားစက်သံကဲ့သို့ ကြမ်းတမ်းနေသည့် ရင်ခုန်သံတွေ မရရအောင် ထိန်းသိမ်းကာ သူမ မျက်နှာ တည့်တည့်ကြည့်ပြီး စကားစ လိုက်သည်
"ဟိုကောင်က နင့်ကောင်လေး လား"
သူမက "ဟာ မဟုတ်ပါဘူး အာ့ ညီမ သူငယ်ချင်းပါ ဘာမှစိတ်မပူပါနဲ့ "
ကျနော် စိတ်ပူနေမှန်း သူမ သိသည် ကျနော် ချစ်နေမိမှန်း သူမ သိလောက်ပြီ၊...ဖွင့်ပြောမည် ကြံရွယ်ကာ " ညီမလေး " လို့ ခေါ်မိတိုင်း သူမက ဈေးဝယ် နောက်ကျမှာ ဆိုးလို့ ဈေးအရင်ဝယ်အုန်းမယ်တဲ့လေ...
ဘာမှမပြောတော့ပဲ ဒီတိုင်းလေးသာ ကျန်ရစ်ပြီး သူမ အပြန်ကို စောင့်မျှော်နေတယ်.. ...
သူမ အပြန်ချိန် ကျနော် နှင့်နှစ်ယောက် အတူတူ စကားတွေပြောရင်း ပြန်လာသည် အပြန်လမ်း စကားတွင် ကျနော် သူမ ကို မြတ်နိုးကြောင်း ဖွင့်ပြောသည် သူမက ပြုံးသည်
ရယ် သည်၊ ကျနော် အားမရ ၊ အဖြေတောင်းတော့ စဉ်းစားအုန်းမယ် တဲ့...ကျနော် ခဏ ရပ်ပြီး ပြောလိုက်သည် "ညီမလေး ကိုယ့်ကို မုန်းသွားပီလား "
မမုန်းပါဘူး အကိုရယ် ညီမ က မိန်းခလေးလေ အချိန်ယူ စဉ်းစားရအုန်းမှာပေါ့ ဆိုကာ ကျနော့်ကို ရှက်ပြုံး ပြုံး ပြကာ ပြေးသွားခဲ့သည်
မိန်းခလေးတိုင်းရဲ့ အားသာချက် လို့ပြောရမယ့် အချိန်ယူ စဉ်းစားခြင်းသည် ယနေ့ခေတ်တွင် အာ့လောက် မဟုတ်တော့ပေ၊
ဒါကြောင့်လည်း အချစ်စစ် အချစ်မှန်တွေ ရှား၊ တွေ့ကရလူနှင့် တွဲ နေကြသည့် အတွဲများစွာ ရှိနေကြသည်မှာ အမှန်ပင်....
နောက်တနေ့ မျက်နှာသစ် သွားတိုက်ပြီး ဈေးအသွားလမ်းမှ ကျနော် ပန်းတစ်ပွင့်ကို ကိုင်ကာ စောင့်နေသည်၊ သူမ လာသည်နှင့် ပန်းကလေးကို သူမ ခေါင်းမှာ ဆင်ပေးသည်
သူမ ကြိုက်နှစ်သက်သည် ဈေးသွားဝယ်အုန်းမယ် ဆိုပြီး ရှက်နေတဲ့ အပြုံး လေး ကျနော်ရင်ထဲ ဆွဲငြိ နေမိသည်.......
ဖြေခဲ့ဖူးသော စာမေးပွဲအဖြေတွေထက် သူမ ဆီက အဖြေကို သိချင်နေမိသည် အပြန်လမ်းမှာ အဖြေတောင်းမည် ဟု ရည်ရွယ်ရင်း ထိုင်စောင့်နေသည် ...
သူမ ပြန်လာပြီ သူမ အား" ညီမလေး အဖြေပေးပါတော့ကွာ " လို့ ဆိုကာ ကျနော် တောင်းဆို...
"အင်း ပေးမယ်လေ " သူမက ပြန်ဖြေသည်
"အင်း ကိုယ့်ကို ချစ်လား "မေးတော့ နားနား ကပ်ပြီး "အင်း" တစ်လုံးတည်း ဖြေကာ ထွက်ပြေးသွားသည်...
"အင်း"ဆိုတဲ့စကားက ဘယ်လိုကြီးမှန်းမသိပေမယ့် ကျနော့်အတွက်တော့ အရမ်းပျော်သည်
သူမ ကိုကျနော်လက်ထက်မည် ကျနော်သ္စာရှိမည် ဟူသော အတွေးတွေကို အကောင်အထည်ဖော်ကာ သူမ ကို လက်ထပ်ခွင့်တောင်းရင်း သာယာကြည်နူးစရာ အိမ်ထောင်သည် ဘဝကို ကျနော် ရောက်ရှိခဲ့လေပြီိ.....
မှတ်ချက် ၊ ကိုယ်တွေ့ဖြစ်ရပ်မှန် မဟုတ်...
Written by yairthiha
MSC-003
Credit to google images