MPT ဖုန်းလိုင်းပဲမိပါတယ်
မသုံးဘူးဆိုရင်တောင် တစ်ကဒ်ဝယ်လာခဲ့ပါ ဒါမှ ဓာတ်ပုံရိုက်ပြီး
ချက်ချင်းFacebook တင်တာတို့  Check in ၀င်တာတို့ လုပ်ပြီး
မသွားဖြစ်တဲ့ဘော်ဒါတွေကို ကလိကလိ လုပ်လို့ ရပါမယ် :P
အဖွဲ့ နဲ့ သီးသန့် လာမယ်ဆို ဦးဆောင်သူက အစီစဉ်ဆွဲပါ ။
တစ်ညအိပ်ပဲလာမယ်ဆို နေရာစုံရောက်ဖို့ နဲ့ ဓာတ်ပုံလှလှတွေ
အဆက်မပြတ်ရိုက်နိုင်ဖို့ ဦးဆောင်သူကို ပြောထားလိုက်ပါ ။
မသွားခင် ဘယ်လိုနေရာတွေလည်မလဲ Review ဖတ်ပါ
ဓာတ်ပုံ ဘယ်လိုတွေရိုက်မလဲဆိုတာ Idea တွေထုတ်ထား
ကမ်းခြေမှာ ဓာတ်ပုံစတိုင်ကျကျရိုက်နည်းပုံလေးတွေကြည့်ထား
ဓာတ်ပုံများများရိုက်ဖို့ ဘက်ထရီအပို (Power Bank ) ယူခဲ့
ဂေါ်ရန်ဂျီကျွန်းက အရမ်းကိုသာယာလှပတာမို့ ရိုက်စရာများတယ်
ဟိုတယ်တွေမှာ လျှပ်စစ်မီးမရှိသေးတာမို့ မီးစက်နဲ့ အားသွင်းရမယ်
ကျမတို့  Top Mother Beach Resort ထဲကစားသောက်ဆိုင်မှာ
အချိန်မရွေးဖုန်းအားသွင်းလို့ ရပါတယ် ။ အခန်းတွေကိုတော့
နေ့ ခင်း12 နာရီမှ ညနေ 3 နာရီ ညနေ 6နာရီမှ ည11 နာရီခွဲ
အထိမီးစက်မောင်းပေးထားပါတယ် ။
ကမ်းခြေစီးဖိနပ်နဲ့ ရှုးဖိနပ်လှလှလေးတွေယူလာခဲ့ပါ ။
ရေစိုတဲ့ ကမ်းခြေမှာတော့ ဖိနပ်ပါးပါးလေးနဲ့ ဓာတ်ပုံရိုက်ပြီး
ကျောက်ဆောင်တွေဘက်သွားရင်တော့ ရှုးဖိနပ်လှလှလေးနဲ့ 
ဓာတ်ပုံတွေရိုက်လို့ ရပါတယ် ။
လမ်းခရီးကတောင်ဆင်းတောင်တက်ရှိလို့ မူးတတ်ရင်ဆေးယူခဲ့
ကားလမ်းက ပုသိမ်ကျော်ရင် အဆင်းအတက် အကွေ့ အကောက်ရှိတယ်
တစ်ညအိပ်ဆိုတော့ နေရာစုံအောင်လည်းသွားရ ကားလည်းစီးရဆိုတော့
လူငယ်တွေအတွက်ကတော့ ဘာမှမဖြစ်ပါဘူး ။
နည်းနည်းဒဏ်မခံရင်တော့
အကိုက်ခဲပျောက်ဆေးတို့ တိုလိုမိုလီဆောင်ထားသင့်ပါတယ် ။
လူငယ်တွေ စုံတွဲတွေ သူငယ်ချင်းအဖွဲ့ တွေအတွက် ဓာတ်ပုံလှလှရိုက်
ကြည်လင်ရှင်းသန့် ကမ်းခြေမှာ လှိုင်းစီးရေကူး အမုန်းမြူးလို့ ရပါပြီဗျ။
ကိုယ့်အစီစဉ်နဲ့ ကိုယ် လာမည်လူများ Express စီးလားခဲ့ပါ
လမ်းခရီးက အရင်လိုမဆိုးတော့ပါ
ပုသိမ် မှ မော်တင်စွန်း- ငရုတ်ကောင်းတောင်အထိ ကတ္တရာလမ်းဖြစ်ပြီး
လမ်းဆုံကနေ 17 မိုင် 5 ဖာလုံကတော့ ကျောက်ချောလမ်းဖြစ်ပါတယ်။
ကားကြီး ကားလေး အကုန်သွားလို့ ရပါတယ်
တောတောင်သဘာဝအလှအပတွေနဲ့ လမ်းခရီးက သာယာပါတယ်
ဂေါ်ရန်ဂျီကျွန်းကို လာရောက်လည်ပတ်ချင်သူများ အဆင်ပြေစွာ
တည်းခိုအနားယူရန်အတွက် Sea View လုံးချင်း ဘန်ဂလို များကို
ဈေးနှုန်းချိုသာစွာဖြင့် ကြိုတင်မှာယူထားနိုင်ပါတယ်။