Steem သံရောစဉ်
steemit စသုံးလာတာ တနှစ်ပြည့်ဖို့ အနည်းငယ်ပဲလိုပါတော့တယ်။
မနှစ်ကဒီလိုချိန်မှာFacebookပေါ်မှာ လျှောက်ဖတ်ရင်းနဲ့ Steemit ဆိုတာ သိလာခဲ့ပါတယ်။
သုံးတော့မသုံးဖြစ်သေးပါဘူး။
ဘယ်လိုသုံးရမလည်းဆိုတာကိုစပြီးလေ့လာနေတုန်းပါ။
အဲဒီနောက်ပိုင်းမှအကောင့်ဖွင့်ပြီးသုံးပါတယ်။
Image Source
အဲတုန်းကတော့steemဈေးကလည်းကောင်းတယ်လေ။
တစ်ပုဒ်လောက်ရေးလိုက်ရင်5$လောက်တော့ရတယ်။
အနည်းဆုံး 1$ လောက်တော့ရပါတယ်။
မနှစ်တုန်းကကောင်းတာတစ်ခုကsteemitကိုEsteem app ကနေတင်ရင် Good Karma ရယ် Esteem app ရယ်ကလာပြီး vote ပေးတယ်။
အဲတာဆိုတော့ ဘယ်သူမှ မလာရင်တောင်အနည်းဆုံး1$ လောက်တော့ရပါတယ်။
နောက်ပိုင်းsteemဈေးတက်လာတဲ့အခါကြတော့ရေးတဲ့လူတွေတစ်အားများလာတယ်။
Copy တွေကလည်းပလူပျံလာတယ်။
Steem ဈေး က တက်လာတယ်ဆိုတော့ gp ထဲမှာလည်းသူတစ်လူငါတစ်မင်းနဲ့ဗိုလ်လုပ်ချင်တဲ့သူတွေလည်းများလာတယ်။
ကြာတော့စိတ်ပျက်တာနဲ့gpကနေလစ်လာခဲ့လိုက်တော့တယ်။
Esteem ကနေပဲ တင်ပြီးနေခဲ့တယ်။
နောင်ပိုင်းကျတော့ Esteem ကလည်း မပေးတော့ဘူး။
Steemဈေးကလည်းထိုးကျသွားတယ်။
ရေးတဲ့သူတွေလည်းသိပ်မရှိတော့ဘူး။
ကိုယ့်ကိုလည်းဘယ်သူမှလာမvoteတူတူpower down ပြီးနားပစ်လိုက်တော့တယ်။
ရေးချင်စိတ်လည်းမရှိတော့ဘူးလေ။
တစ်ပုဒ်ရေးမှ ပြား ဂဏန်း တောင် ကောင်းကောင်းမှမရတော့တာ။
ခုလည်းsteemဈေးကတော့မတက်သေးပါဘူး။
သံရောစဉ်ကုန်သေးတာနဲ့ပြန်ရေးကြည့်အုံးမယ်ဆိုပြီးရေးကြည့်တာပါ။