ဒီနေ့မှာတော့ ကျွန်တော်ဟာ ဆောင်းပါးဇာတ်လမ်းတွေ
ရေးဖို့ပျင်းနေတာမလို့ ကျွန်တော်ဆော့နေကျgame လေး
တစ်ခုအကြောင်းမိတ်ဆက်ပေးချင်ပါတယ်။
ဂိမ်းနာမည်ကတော့ PES Club Manager ဂိမ်းပါ။
2015ကတည်းကဆော့လာလိုက်တာ ခုဆို 2017ကို
ရောက်ရှိလာပြီဖြစ်ပါတယ်။
ဂိမ်းရဲ့နာမည်အတိုင်း manager ဂိမ်းဆိုသလို ကိုယ်က
ကန်ရမှာမဟုတ်ပါဘူး။
အသင်းကိုစီမံခန့်ခွဲရမှာပါ။
Team lime upတွေ
ပုံမှာတွေ့ရတာတော့ ကျွန်တော့်ရဲ့ line upပါ
442ပါ ကျွန်တော်ရဲ့အကြိုက်line upပါ
Formationတွေပြင်ရမယ်
Counterနဲ့ကစားမလား possession နဲ့ကစားမလား
Short passနဲ့ကစားမလား Long passနဲ့ကစားမလား
Front line နဲ့ကစားမလား defensive နဲ့ကစားမလား
Normalနဲ့ကစားမလား စသည်ဖြင့် စီမံရမှာပါ။
ပွဲမစခင်ကတည်းက ကိုယ့်အသင်းကို ပြင်ဆင်ထားရမှာ
ဖြစ်ပေမဲ့လည်း ပွဲချိန်အတွင်းမှာလည်း ဖြစ်ပေါ်လာတဲ့
အခြေအနေကို လိုက်ပြီး နည်းစနစ်တွေ ပြောင်းလဲရမှာ
ဖြစ်ပါတယ်။
ဥပမာ ကိုယ့်အသင်းက အနီ ထိသွားရင် ကစားပုံပြောင်းရ
တော့မယ်ဖြစ်ပါတယ်။
ဂိမ်းစစဆော့ချင်းမှာတော့ regularနေရာက စဆော့ရမှာပါ
ကိုယ့်လိုပဲဆော့နေကြတဲ့ ကမ္ဘာအနှံ့ကလူတွေရှိပါတယ်။
စစချင်းမှာ ကိုယ့်ရဲ့divisionမှာ userအသင်းတစ်သင်းပဲ
ပါဦးမှာပါ။
နောက်ပိုင်း division တွေမြင့်လာပြီဆိုတာနဲ့ တဖြည်းဖြည်း
Userအသင်းတွေများများလာမှာပါ။
ကျွန်တော်ကတော့ ပုံမှာ တွေ့ကြရတဲ့အတိုင်း
Top Playerကိုရောက်ရှိနေပြီပြဲဖစ်ပါတယ်။
အသင်းမှာ ကစားသမားတွေဟာ အမြဲ ကျန်းမာနေမှာ
မဟုတ်ပါဘူး။
ပွဲစဉ်တွေ ဟာရိုးရိုးအနေနဲ့ cup နှစ်ခုကအမြဲကန်နေရမှာပါ။
ကြားထဲမှာ manager cup တွေ chapion league
တွေ qualify အောင်ရင် အဲ့ဒီပွဲစဉ်တွေပါ ကန်ကြရမှာပါ။
အသင်းက ကိုယ့်ရဲ့ player တွေဟာ staminaတွေ
ကျလာမှာဖြစ်ပါတယ်။
အဲ့ဒီအတွက် back up playerတွေလည်း အသင့် လုပ်ထားရမှာဖြစ်ပါတယ်။
ဒဏ်ရာရတာက ကိုယ့်မှာ ကုသဖို့ ဆေးရှိရင် ချက်ချင်း
ပြန်ကောင်းအောင် လုပ်လို့ရပေမဲ့ အနီကတ်ထိရင်တော့
Gameမှာ တစ်ပွဲနားရမှာဖြစ်ပါတယ်။
ကစားသမားတွေဟာ freeရနေတာမဟုတ်ပါဘူး။
Pes coinဆိုတဲ့ ဟာနဲ့ ဖောက်ရတာဖြစ်ပါတယ်။
ကိုယ်လိုချင်တဲ့ palyerတွေကိုလဲ ယူလို့ရတာမဟုတ်ပါဘူး
Coinနဲ့ဖောက်လို့ ရလာတဲ့ ဟာကိုပဲ ယူရမှာဖြစ်ပါတယ်။
ရလာတဲ့ playerတွေကို ပိုက်ဆံထပ်ပေးပြီး ခေါ်ရပါတယ်။
ဒါကတော့ကျွန်တော်ရထားတဲ့playerတွေပါ
သူတို့ကိုအသင်းကိုမခေါ်ရသေးပါဘူး
Listမှာပဲရှိနေတာပါ
ဒါ့ပြင်playerတွေဟာအသက်တွေကြီးလာမှာပါ
၃၂နှစ်လောက်အထိပဲအများဆုံးကျွန်တော်သုံးပါတယ်။
သင့်ရဲ့အသင်းမှာ ၅နှစ် ၆နှစ်လောက်ကစားပေးပြီးသွားတဲ့
Playerဟာ legendစာရင်းဝင်မှာဖြစ်ပါတယ်။
7star
6star
5star
4starစသဖြင့် 1starထိရှိပါတယ်။
7star playerတွေဟာ အကောင်းဆုံးတွေဖြစ်ပါတယ်။
Messi Ronaldo Ronney တို့လို playerတွေဆို
7star playerမျိုးတွေဖြစ်ပါတယ်။
Moses rakitic sterling mane အလယ်အလတ်လောက်လူတွေကတော့
6star playerတွေဖြစ်ပါတယ်။
တခြား vardy benteke bony zaha နာမည်ရှိplayer
တွေကတော့ 5 star အဆင့်တွေဖြစ်ပါတယ်။
စစချင်းမှာ ကိုယ့်အသင်းမှာ player အမြင့်တွေပေးထားမှာ
မဟုတ်ပါဘူး။
4star နဲ့ သူ့အောက်တွေရယ် အမြင့် 7 star 6 star
တစ်ယောက် နှစ်ယောက်လောက်ပဲ ပါမှာပါ။
5starလောက်တွေကန်မယ်ဆိုရင် စစချင်း division အဆင့်နှစ်ခုလောက်ဆို အဆင်ပြေပါတယ်။
နောက်ပိုင်း division မြင့်လာပြီ ဆ်ုရင်တော့ star
မြင့်တဲ့ player တွေနဲ့ပဲကန်မှ အဆင်ပြေမှာဖြစ်ပါတယ်။
အသင်းမှာ player တွေဟာ ဒီတိုင်းခေါ်ထားလို့ရတာ
မဟုတ်ပါဘူး။
လစာနဲ့ စာချုပ်ချုပ်ထား ၁နှစ်ကနေ ၅နှစ်အထိ အများဆုံး
စာချုပ်ချုပ်နိုငိပါတယ်။
Star မြင့်တဲ့ player တွေက ပိုဈေးကြီးကြီးချုပ်ရပါတယ်။
ခုချိန်မှာ ကျွန်တော်ဟာစာချုပ်ကြေး ခေါ်ယူကြေးတွေအတွက် ကိစ္စမရှိတော့ပေမဲ့ စစဆော့ချင်းမှာတော့ star မြင့်တဲ့ plyaer တစ်ယောက်
စာချုပ်ချုပ်ဖို့တောင် မနည်းရုန်းကန်ခဲ့ရပါတယ်။
တစ်ခါတုန်းက စာချုပ်စက်တမ်းတိုးဖို့ ပိုက်ဆံမလောက်လို့
Neymar ကိုလက်လွှတ်ခဲ့ရဖူးပါတယ်။
Cocဆော့တုန်းကလိုပဲ coc က clanလို pesမှာလည်း
Association ဆိုတာရှိပါတယ်။
Assoတစ်ခုမှာ member 30 ဝင်လို့ရပါတယ်။
Association rankတွေပြိုင်ရတာမျိုးရှိပါတယ်။
တစ်ခါတစ်လေမှာ။
အရင်လကပြိုင်ခဲ့တဲ့ rankအဆင့်မှာတော့
မြန်မာအလံနဲ့ association လေးခုလောက်ဟာ 1 to
100ဝင်ခဲ့ပါတယ်။
အမြင့်ဆုံးassoကတော့ rank 12 ရခဲ့တဲ့
Nightmare Myanmar Association ပြဲဖစ်ပါတယ်
2million ထဲမှာ 1 to 100ရဖ်ု့က မလွယ်လှပါဘူး။
ကိုယ့်ရဲ့အဆင့်တွေမြင့်လာပြီဆိုရင် association တွေမှာ
Memberဝင်လို့ရပြီဖြစ်ပါတယ်။
ဒီgameကိုဆော့ပြီးနောက်မှာတော့ မန်နေဂျာတွေ အသင်း
ပိုင်ရှင်တွေရဲ့ ဒုက္ခတွေကို ပိုမိုပြီး နားလည်လာပါတယ်။
သင်လည်းဆော့ကြည့်ပါ နောက်ပိုင်းမှာ နားလည်လာမှာပါ။
ကိုယ့်လိုပဲဆော့နေကြတဲ့ မြန်မာ friတွေလဲ အများကြီးရှိပါ
တယ်။
Fri addပြီး friendly matchကစားလို့ရပါတယ်။
ဒီ game မှာ သင်ဟာ ကစားပွဲတွေကိုပဲ အာရုံစိုက်ရမှာ
မဟုတ်ပါဘူး။
သင့်ရဲ့stadiumရှိမယ်။
Scouting တွေ
Fan clubတွေ စသဖြင့် အစစအရာရာကို မြှင့်တင်
်ဂရုစိုက်ရမှာဖြစ်ပါတယ်။
Friတစ်ယောက်ရဲ့မြို့ပါ
Game ဆော့ဖို့အတွက် andriod minimum requirementကတော့ 4.2ပဲဖြစ်ပါတယ်
အောက်ကပေးထားတဲ့ linkမှာ download ပြုလုပ်
နိုင်ပါတယ်။
Download PES CLUB MANAGER APK (from @APKPure), https://apkpure.com/p/jp.konami.pesclubmanager
ဒီဂိမ်းကို konami ကပဲ ထုတ်တာဖြစ်တဲ့အတွက် ရုပ်ထွက်
ကတော့ ပြောစရာကိုမလိုပါဘူး။
Sizeကလည်း 1gbကျော်ကိုဗျ။
ကျွန်တော့်ရဲ့ game review ကိုတော့ ဒီမှာတင် အဆုံး
သတ်လိုက်ရပါတယ်။
Steemit Myanmar Community မှ myanmar
တွေ ဆက်လက်အောင်မြင်ပါစေ ။