အပိုင်း(၁)
https://steemit.com/myanmar/@yuzana/anagt-lungy-nwng-steemit-apong-1
အပိုင်း(၂)
တကယ်တန်းပြောရရင် ကော်ပီကိစ္စသည် ကျွန်တော်တို့နိုင်ငံအတွက် ဗိုင်းရပ်တကောင်လိုအလွန်ဆိုးဝါးသောကိစ္စရပ်ကြီးတခုဖြစ်နေလေသည်၊ တိုင်းပြည်ဖွိ့ဖြိုးတိုးတက်မှူအတွက်ကော်ပီကိစ္စသည် အလွန်အရေးပါနေသည်ဟုပြောလျှင် ကျွန်တော်စကားသည် အလွန်ကြီးကျယ်သောစကားအဖြစ်ထင်ကောင်းထင်လိမ့်မည်၊
ဂီတအနုပညာ အဆိုတော်များသည်လည်း ဒီကော်ပီကိစ္စကြောင့်ဘုန်းဘုန်းလဲပြီး မတိုးတက်ဘဲ စွန့်ဦးတည်ထွင်တဲ့သူများလဲ တီထွင်ချင်တဲ့ဆန္ဒမရှိကြတော့ပေ ၊ယခု ရုပ်ရှင်လောကသည်လည်းကမ္ဘာကိုထိုးဖောက်မယ်လို့ ပြူစလေးထွက်ရုံရှိသေး
ကော်ပီသမားများရဲ့ လက်ချက်ကြောင့် တီထွင်ဖန်တီးသူများ ရုပ်ရှင်လောကအတွက်စိုးရိမ်နေကြရသည်
ပထမအစ တီထွင်သူများသည် ငွေရေး ကြေးရေး နဲ့လုပ်အားမျာ နိုင်ငံတော်အခွန်များဆောင်ပြီးလုပ်ထားတာကိုမှ မစဉ်းစား ကိုယ့်စီးပွားရေးအတွက် အလွယ်တကူ ကော်ပီကူးပြီးထုပ်လုပ်နေတာအလွန်ဆိုးဝါးသောလုပ်ရပ်ဖြစ်နေသည်၊
ကျွန်တော်တို့မြန်မာလူမျိုးများသည် အမှားကြာလာတော့ အမှန်ထင်နေကြသည်။ Fbများတွင် အများဆုံးတွေ့ရပါသည် သူများရေးထားသောစာကို မိမိရေးထားသယောင် ကော်ပီးကူး ပြီးပြန်တင်တာကိုတွေ့နေရသည်၊ မည်သည့်အကျိုးမျှမရှိသော ဒီလိုကိစ္စလေးကိုတောင်မှ ကော်ပီကူးနေတာကို ယဉ်ကျေးမူ့တရပ်လို အမှန်ထင်နေကြတော့ မိမိအတွက်အကျိုးရှိမည်ဆိုလျှင်ကော်ပီကူးသောအလုပ်ကိုအလွယ်တကူပြုလုပ်ပြီးစတီထွင်သူများရဲ့အကျိုးယုတ်မှူကိုစဉ်းစားကြမည်မဟုပ်တော့ပေ၊ ဒီကိစ္စကို တဦးတယောက်ချင်းမှစလို့ပြုပြင်သွားမှရလိမ့်မည်ထင်ပါသည်။ တခြားသောနိုင်ငံမှာတော ဤသို့မဟုပ်ပေ သူများစာ သို့မဟုပ် မည်သည့်တီထွင်မှူမျိုးမဆို ပိုင်ရှင်ခွင်ပြုချက်မယူဘဲ ကော်ပီလုပ်သောသူများကို အလွန်တရာ နိမ့်ကျသောလုပ်ရပ်အဖြစ်ရှူမြင်ကြပြီး ကော်ပီကူးသောသူများကိုလဲ လုံးဝအားမပေးပေ၊ ထိုအတွက်ကြောင် တီထွင်သူများသည်လည်း တီထွင်သလောက်အကျိုးရှိပြီး တီထွင်ချင်စိတ်လဲပြင်းထန်လာသဖြင့် တိုးတက်သောနိုင်ငံဖြစ်လာလေသည်၊
ထိုကြောင့်ဒီsteemit ပလမ်သည် ကော်ပီကို လုံးဝမကူးရအောင်တားမြစ်ထားသဖြင့် လူငယ်များအတွက်မူပိုင်ခွင့်ကိုလေးစားရကောင်းမှန်းသိလာလေ၏ ၊သို့ပါသော်လည်း မြန်မာများအဖို့ သူများရဲ့စာကိုကော်ပီကူးသောညာဉ်ကတချို့မပြောက်ကျ၍msc ကနေထွက်ခွာရသူတွေလဲအများအပြားရှိလေ၏။ မြန်မာများအဖို့ မကောင်းတဲ့နေရာမှာတော့အတော်ညာဏ်ပြေးကြ၏။ တပုဒ်လုံးကော်ပီကူးမရမှန်းသိတော့ ဖြတ်ညှပ်ကပ် တပိုဒ်
ခြင်းဆီ ကူးကြလေ၏။ မကြာပါချေ ထပ်ခါတလဲလဲကူးလာသောအခါ ချိတက်အဖွဲ့မှလာရောက်၍မန့်လေတော့သည်၊သူစည်းကမ်းမလိုက်နာဘဲ ထပ်ခါထပ်ခါလုပ်လာလျှင်တော့ steem clear အဖွဲ့မှတင်သမျှပို့စ်တွေကိုflag ပြခြင်းဖြင့်
အကောင့်ပိုင်ရှင်ရဲ့RP တွေကိုပါdown ပြစ်တယ်လို့ သိတဲ့သူများကပြောကြပါသည်၊ကိုယ်တိုင်တော့မကြုံဘူးပါ။ နောက်တမျိုး မြန်မာတွေက ကော်ပီကူးပြန်ပါသေးသည်။ လိုင်းပေါ်ကစာကူးလျှင် ဘုပ်အဖွဲ့မှသိသဖြင့် အပြင်မဂ္ဂဇင်းစာအုပ် ပုံနိပ်စာအုပ်တွေမှကူးကြပြန်ပါသည်။ အဲဒီလိုကူးခြင်းက မူရင်းစာရေးတဲ့သူမသိခင်ဘာမှမဖြစ်သေးသော်လည်း မူရင်းစာရေးဆရာသိလျှင် လိုင်းပေါ်မှ စာကိုကူးခြင်းထက်ပိုဆိုးပါသည်၊ပုံနိပ်စာအုပ်မဂ္ဂဇင်းစာအုပ်မျာှးမှစာများသည်မှတ်ပုံတင်ထားသောကြောင့် အချိန်မရွေး ဥပဒေအရတရာစွဲနိုင်သောကြောင့်ဖြစ်ပါသည်။လက်တွေ့ ကျွန်တော်တို့အဖွဲ့ဝင်တယောက် သူစားများကော်ပီကူးမိသဖြင့် တရားမစွဲရန်မနည်းခရတောင်းပန်ရလေ၏ ၊ဤသို့မဂ္ဂဇင်းမှစာများကော်ပီကူးမိလျှင် တချိန်ချိန်မှာ မူရင်းစာရေးဆရာမသိမရှိ
သေချာပေါက်သိမှာအမှန်ပင်ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့တင်သောပိုစ်များသည်
(၇)ရက်ကျော် ငွေချေပြီးလျှင်ဖြက်လို့ပြင်လို့မရတော့ပေ။steemit ဆိုဒ် ရှိနေသ၍ဤစာများရှိနေမည်ဖြစ်ပါသည်၊ ထိုကြောင့် မဂ္ဂဇင်းမှစာများကော်ပီကူးသည်ဟုသိရှိလျှင် အဖွဲ့မှထုပ်ပြစ်ပါသည်။အဖွဲမှမသိရှိ၍တစုံတခုဖြစ်လာလျှင်လည်း ဖြစ်လာသည့်ပြသ်နာ အဖွဲ့နဲ့မဆိုင်ပေ ကော်ပီကူးပိုစ့်တင်သောသူနှင့်သာဆိုင်ပါသည်။နောက်အပတ် ဆက်လက်ပြီးsteemit နဲ့ပတ်သက်၍steemit မလုပ်ဖူးကြသူများအတွက်ဗဟုသုတရစရာစာများကို ရေးသားပါအုန်းမည် . . .