"ချင်းတောင်ခြေက မြို့ကလေး"
= = = = =
ဟို...အဝေး...တောင်တန်းကြားတွေဆီက
အေးချမ်းလှတဲ့မြို့ကလေး..
သူလဲလေ ချင်းတောင်ခြေမှာ၊အိပ်စက်လို့နေပြီပေါ့..
ချင်းတောင်ခြေမှာမြူတွေဆိုင်း အုံ့မိုင်းလိုနေ ရင်ဖြင့်... ဘယ်စောင်ကိုဘယ်လိုခြုံ ဘယ်လိုမှအအေးဓာပ်ကိုမလုံခြုံ။ထူးကဲလှတဲ့အအေးဓာပ်
ချစ်သူချင်းရင်ချင်းအပ်လို့ သည်အနွေးဓာပ်ကပဲ
သူတို့ရဲ့ဘဝ သူတိုရဲ့အလှတွေမို့ အားကိုးလို့နေကြရတာသူတို့ရဲဘဝလေးတွေပါ။
အညာမှာမွေး..ကလေးမှာကြီး ကျွန်တော်လဲချင်းတပိုင်းကြီးဖြစ်လို့၊ရင်ထဲက ကလေးမြို့ကို ဖျောက်ဖြက်ဖို့ ကျိုးစားမှာမဟုပ်သလို မေ့ပြောက်လို့လဲရမှာမဟုပ်ပါဘူး၊ ခုချိန်ဆို ချင်းတောင်းခြေမှာ မိုးတိမ်တွေညိုလို့ အလှတွေလဲပိုနေကြပြီပေါ့၊ နေလုံးနီနီ ဟိုး..အဝေးက၊ ချင်းတောင်ထိပ်ဆီမှာ မေးတင်မှိတော့ မီးကြိုးပေါ်ထက်ငှက်ကလေးတွေကတကျီကျီနဲ့ ၊အစီအရီ အိပ်တန်းတွေလဲတက်၊မြောက်ဖက်ကလေသရမ်းကောက်ပင်တွေကိုဝှေ့ကာရမ်းသွားတာ ကန်သင်းအနှံ မြေသင်းရနံ့တွေကလည်းထုံသင်းလိုအီနေပြီ....
သာယာလှပတဲ့ မြိုပြင်ဆည်းဆာအလှ သူငယ်ချင်းတို့လဲ တခါလောက်တော့ လာရောက်ခံစားလှည့်ပါလားသူငယ်ချင်းတိုရယ် တောင်တံတိုင်းတွေအထပ်ထပ်နဲ့ ကာရံဝိုင်းပတ်ထားပြီး ဘော်ငွေရောင်ချယ်ထားတဲ့ မြစ်နေရဉ္စရာက တောင်မှမြောက်သို့စီးဆင်းလာတဲ့ မြစ်သာမြစ်နဲ့လက်ချင်းရှက်လို့ပေါင်းဖက်သွားကြတာ ဖန်တီးလို့မရတဲ့သဘာဝအလှတွေပါ၊ သူတော်ကောင်းတို့ခိုမှီရာ အူံ့မှိုင်းတောင်ဖီလာမှာလဲ စိမ့်စမ်းရေတွေတသွင်သွင်စီး တကယ့်မြိုင်သေလာကြီးသဖွယ်သဘာဝပန်းတွေနဲ ကျေးငှက်သာရကာတို့ရဲ့တွန်ကျုးပျော်မြူးနေကြတာမြင်ရတာ ရင်ထဲမှာကြည်နူးရွှင်လန်းပြီးတကယ်ကိုအေးချမ်းလှပါတယ်၊
လွမ်းမိတဲ့ပြည်ဗဟိုလ် ကလေးရာဇဂြိုလ်မှာလဲ ပတ်ပတ်လည်နယ်ရှစ်ခွင် မိုးသားရိပ်တိုဆင်လာလျှင် လယ်ကသင်းဘောင်ပေါ်မှာ ကောက်စိုက်သမတွေပျော်ရွှင်စွာနဲ့ တေးသီချင်းဆိုလို့ ဟန်ရေးပြလမ်းရှောက်လာကြတာ ဘယ်ပန်းချီဆရာရေးလို့ရနိုင်မှာလဲ၊ ...အဲ့တာကလေးမြို့ရဲ့ဘာနဲ့မှမလဲနိုင်တဲ့သဘာဝအလှတွေပါဘဲ ...
တောင်စွယ်တောင်စွန်ကြားမှာလဲ အလေ့ကျပေါက်တဲ့တောင်ဇလပ်ပန်းတွေကရဲရဲနီ အစီအရီ ပွင့်နေကြတာ အို...ဒါဟာတကယ့်သဘာဝအလှပါ့လား တောရိုင်းပန်းပေမို့ လှမ်းခူးလို့မပန်ကြပေမဲ့ တောင်ကြောတွေအတိုင်း သူတို့တတွေ စိတ်တိုင်းကြထင်တိုင်ကျဲ ပွင့်လန်းလို့နေကြတာ တကယ့်ချင်းတောင်ရဲ့အလှပါ။
ဟို...အဝေးး ရပ်ဝေးမှာနေတဲ့ ချစ်သူငယ်ချင်းတို့ရေ မင်းတို့တတွေလည်း မွေးရပ်မြေကိုစွန့်ခွာ ရေကြည်ရာ မြက်နုရာအရပ်မှာ ရှာဖွေလုပ်ကိုင်စားသောက်ရတာပျော်နေကြပြီလား ပညာတွေတဖက်ကမ်းခပ်နဲ့ မာနတွေအထပ်ထပ်တက်လို့ ကိုယ့်မွေးရပ်မြေကိုမေ့နေကြပြီလား၊မွေးရပ်မြေက တောင်ဇလပ်ပန်း မင်းတို့မှလာမနမ်းရင် တောင်ဇလပ်ပန်းတွေရဲအလှ သူတို့ရဲ့ဘဝ ဘာအဓိပ္ပာယ်ရှိမှာလဲသူငယ်ချင်းရယ်။
မိုးပြာပြာ လဝါဝါအောက် ခေါင်ရည်တခွက် ဂစ်တာတလက်နဲ့ တောင်တန်းကြီးကလဲ တုံးလုံးပက်လက်အိပ်မောကြချိန် မင်းတို့ကိုမျော်နေရတဲ့ ညချမ်းချိန်ခါတွေလဲ မနည်းတော့ပါဘူးသူငယ်ချင်း။ ချင်းတောင်ချေမှာ မိုးတိမ်တွေညို့လာရင်ဖြင့် တောင်ပေါ်ရဲအလှ ရှူတိုင်းမဝတာကို မင်းတို့သတိမယကြဘူးလား...
မွေးရပ်မြေကို တချက်ကလေး လှည့်မကြည့်ကြတောဘူးလားသူငယ်ချင်းတိုရေ...
သြော်.......
ချင်းတောင်ခြေမှာ မိုးတိမ်တွေညိုလာရင်ဖြင့်
တောင်ပေါ်ရဲ့အလှ ရှူတိုင်းမဝလို့
မြင်သူတိုင်းမှာသဘောကြ
တောင်စွယ်တောင်စွန် လျိုမြောင်ကြားမှာ
အလေ့ကျပေါက်တဲ့တောင်ဇလပ်ပန်း
ပန်သူမရှိ မရှိကြပေမဲ့
တောင်ကြောအတိုင်း
ထင်တိုင်းဘဲလှနေကြ
ရပ်ဝေးမှာနေ ဒို့မိတ်ဆွေတွေ
ပညာတွေတဖက်ကမ်းခတ်
ရေကြည်ရာအရပ်မှ
ဟိုး......အဝေး
တောင်ကြားကမြို့ကလေး
သတိလေးမှ ရပါလေစ
ချင်းတောင်ချေမှာ မိုးတိမ်တွေညိုလာရင်ဖြင့်...
စာဖတ်သူအားလုံးကိုကျေးဇူးတင်ပါတယ်။
Post writer=(shineshine)
Photo-kyawkyaw(kalay) |Aung naing tun(kalay)
google
MSC=146