ဆေးလိပ်သောက်ခြင်းသည်ကျန်းမာရေးကိုဆိုးရွာစွာထိခိုက်စေသည်။
အက်လဲ့ ကြော်ငြာဝင်တာ
ဆေးလိပ်ဆိုတာက ဆေးတွေကိုလိပ်ထားလို့ဆေးလိပ်လို့ခေါ်တာပဲဗျ။
photo credit - image source - http://www.mcntv.biz/news/local-news/37664/
ဘာဆေးတွေတုန်း - အဓိက ကတော့ ဆေးရွက်ကြီးပဲ
ပြီးရင်သူ့ကိုထုပ်တဲ့ဖက် /စက္ကူ အဲ့ဒီနှစ်ခုပေါင်းလိုက်တယ်။ဆေးရွက်ကြီးကို နေပူပူမှာအခြောက်လှမ်းတယ်။ပြီးရင်အမှုန့်ဖြစ်အောင်ခြေတယ်။ ပြီးရင် ဖက်ကြမ်းဆေးလိပ်ဆို ဖက်နဲ့ထုပ်တယ်။အချောဆိုရင် စက္ကူနဲ့ ဆေးရွက်ကြီးကိုထည့်ပြီးလိပ်တယ်ပေါ့။ဖက်ကြမ်း ကတော့ လက်နဲ့လူကိုယ်တိုင်လိပ်ပြီးတော့ အချောကတော့ စက်နဲ့လုပ်ကြတယ်။အချောဆိုတာစီးကရက်ပေါ့။အကြမ်းဆေးလိပ်မှာကျတော့ သစ်သားစသေးသေးလေးတွေပါမယ်။မီးလောင်လွယ်အောင်။အချောမှာကြတော့မပါဘူး။ဆေးရွက်ကြီးနဲ့ စက္ကူပဲပါတယ်။သူကကျတော့ မီးစက်တိုက်လောင်တယ်။ထပ်မညှိရဘူး။အကြမ်းကမီးခနခနညှိရပြီးတော့ တစ်ခါဖွာလိုက် ပြန်ချထားလိုက်လုပ်လေ့ရှိတယ် သောက်သုံးတဲ့သူတွေက။အချောပတော့မီးစညှိလိုက်ပြီဆိုတာနဲ့ တစ်လိပ်လုံးကုန်ျအာင် ဆက်တိုက်လောင်တယ်။မသောက်ခိင်တော့ရင်လွှင့်ပြစ်ရတာပေါ့။
photo credit - image source - https://ia.ondr.co/tag/%E1%80%B1%E1%80%86%E1%80%B8%E1%80%9C%E1%80%AD%E1%80%95%E1%80%B9
မီးလောင်လွယ်တယ်သူက အမှိုက်ပေါ်ကျရင်။ဘာလို့ဆို စက္ကူဆိုတော့ တစ်လိပ်မပြီးမချင်းလောင်နေမှာ။သူ့အနားမှာအမှိုက်ပုံရှိလို့ကတော့မွဲကြောပဲ။အကြမ်းကျတော့ မီးခနလေးနဲ့သေတယ် တစ်ဖွာနှစ်ဖွာ ဖွာပြီးခနချထားရင်မီးစက်မလောင်တော့ဘူး။သူကနည်းနည်းနားအေးတယ်။မီးခြစ်ကျတော့ အချောက ခနပဲ ကုန်ပြီးတော့ အကြမ်းသမားက မီးခြစ် ခနခန ဝယ်ရတယ်။အဲ့လိုတွေလဲရှိတယ်။အချောသောက်တဲ့သူတွေက အကြမ်းမသောက်တတ်ဘူး နံလို့။အကြမ်းသောက်တဲ့သူကလဲ အချောကိုသောက်ခဲတယ် လက်မှာစွဲတ် ပါးစပ်မှာလဲအနံ့ကတော်တော်နဲ့မပျောက်ဘူးကိုးဗျ။ပြီးတော့အချောက ဖွာရရှိုက်ရတာ မကောင်းဘူးဆိုပဲဗျ။
photo credit - image source - http://www.lwinpyin.com/2017/05/high-cigarette-price.html
ဆေးလိပ်တွေကတံဆိပ်တွေများပေမယ့် ဆေးလိပ်သမားတွေကတော့ တော်တော်များများသစ္စာရှိကြတယ်။တံဆိပ်တစ်ခုထဲကိုသာသောက်ကြတယ်။ကြယ်နီသမားကရွှေနှင်းဆီမကြိုက်သလို။လန်ဒန်သမားကလဲ ဗီးဂတ်မကြိုက်ဘူး။အဲ့လိုတွေလဲရှိတယ်ဗျ။feel သမားတွေက အကြမ်းသောက်တာများကြပြီးတော့ ဆေးလိပ်အရမ်းကြိုက်တဲ့သူက အချောကိုသောက်ကြတယ်။တကယ်တော့ဘာပဲသောက်သောက် ရောဂါကတော့ဖြစ်မှာပါပဲ။ဒါပေမယ့် လုတွေကလဲ ရောဂါကိုဝယ်ယူကြတာပါပဲ။ဘာလို့ဆို လူဆိုတာအခါးဓါတ်ကိုအကြိုက်ဆုံးဖြစ်တယ်။များသောအားဖြင့် လူတွေဟာ အချဉ်ကိုမြင်ရင် ဦးနှောက်ရဲ့လှုံ့ဆော်မှုကြောင့် သွားရည်ကျလေ့ရှိတာကို တွေးပြီးတော့ အချဉ်ကိုအကြိုက်ဆုံးလို့ထင်ကြတယ်။မှားပါတယ်လုံးဝကိုမှားတာပါဗျ။လူတွေအကြိုက်ဆုံးအစွဲလမ်းဆုံးကအခါးပါပဲ။လဖက်ရည်သောက်တဲ့သူဟာ လဖက်ရည်ကိုမသောက်ပဲမနေနိုင်ဘူး။ကွမ်းစားတဲ့သူဟာကွမ်းမစားပဲမနေနိုင်။အရက်သမားကလဲ အရက်မသောက်ရမနေနိုင်။ဘီယာသမားကလဲ နည်းနည်းပူလာရင် ဘီယာသောက်ရမှကျေနပ်သူ။အားလုံးဟာသူ့နည်းနဲ့သူအခါးတွေချညါးပါပဲ။မိန်းခလေးတွေလဖက်သုပ်ကြိုက်သလိုပေါ့လေ။
photo credit - image source - https://steemit.com/myanmar/@minkhantnyar/esalip-saothny-mwa-wang-k-syaa-b6cd335123652
အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ဆေးလိပ်သောက်ရင် အစောကြီးနလုံးရောဂါရမယ်။အဆုတ်ကိုပျက်စီးစေမယ်။ဆေးလိပ်သောက်ခြင်းကြောင့် ကင်ဆာရောဂါဖြစ်ပွားမှုကိုအစပျိုးဦးတည်စေမှာပါ။ဆေးလိပ်ဆေးရွက်ကြီးမှာပါတဲ့နီကိုတင်းဆိုတဲ့ ဓါတ်ဟာ လူငယ်တွေအတွက် အလွယ်တကူစွဲလမ်းစေနိုင်တဲ့ဓါတ်ဖြစ်တယ်။ဆေးလိပ်များများသောက်တဲ့သူဟာဆေးလိပ်မသောက်သောသူများထက်ဆာလျှင်ရုပ်ရင့်လာပါမယ်။မောလာပါမယ်။သူများပြေးရင်သူသိပ်မပြေးနိုင်ပဲဖြစ်စတယ်။အမျိုးသမီးတွေဆေးလိပ်များများသောက်ရင် မိမိဗိုက်ထဲမှာရင်သွေးလေးရှိရင် ခလေးကိုထိခိုက်စေတယ်။
photo credit- image source http://health.thithtoolwin.com/2017/05/blog-post_142.html
အချုပ်အားဖြင့်ဆိုရသော် ဆေးလိပ်သောက်သူဟာ ပိုက်ဆံကို မီးရှို့နေသူဖြစ်ပြီးတော့ ဆေးလိပ်သောက်ခြင်းကြောင့်ဘာ အကျိုးကျေးဇူးမှမရသောကြောင့် စာဖတ်သူများကို မသောက်ကြဖို့ သောက်နေသောသူများကလဲလျှော့သောက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ချစ်လှစွာဖြင့်
Msc-210
myanmar
4-28-2018
ကျနော့်ဘလော့လေးကိုလာရောက်အားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတ်ဗျာ။
photo credit - image source- https://ondr.co/sexual-health/adolescent-health/9940/