ဘဝက. ကြမ်းခဲ့တော့ သာယာဖွယ်၊ပျော်ရွှင်စရာဖွယ်တွေကို အရသာ မခံတတ်သလို ဖြစ်နေပြီ။ တစ်ခါတစ်ရံ ကိုယ့်feelingလေးနဲ့ ကိုယ် နှစ်သိမ့်နေပြီး ကျေနပ်နေရတာ။
ဘယ်သူသိအောင် ပြောပြရပါ့။ ပြောလဲမပြချင်ဘူး သူ့အတွက် အကျိုးရှိသွားမှာမှ မဟုတ်တာ။ ကိုယ်တစ်ယောက်တည်းပဲ ကြိတ်မှိတ်နေရတာလေ။
ဘယ်သူက သိမှာလဲ ကိုယ့်ရဲ့ အဖြစ်အပျက်မျိုး။ဘယ်သူက စာနာပေးမှာလဲ ကိုယ့်ရဲ့ အဖြစ်အပျက်မျိုး။
ဟုတ်တယ်လေ။ ဘယ်သူကမှ စာနာပေးလို့မရဘူးလေ။ကိုယ်ကမှ မပြောပြခဲ့တာကိုး။နေတတ်ပါတယ် ဒုက္ခ တွေ ကြားထဲမှာပေါ့။ "အဆင်ပြေသလား"မေးတိုင်းလဲ ပြေခဲ့တယ်လို့. ပြောမိတာပဲ။
အဲ့ဒီလိုပြောလိုက်လို့ မေးတဲ့သူ ဘယ်လောက် ပျော်သွားသလဲဆိုတာ သိကျမှာပေါ့။
"မုန်းတိုင်းပြီးရင် လေပြေလာတတ်စမြဲပဲ"ဆိုတာသိလို့. ကိုယ်လဲ လေပြေလာတဲ့ထိ စောင့်နေတာပေါ့။ တစ်ခုပါပဲ ၊မုန်းတိုင်းကြားမှာ ငါရပ်တည်နိုင်ပါ့မလားဆိုတာတော့ စိုးရိမ်မိတယ်။ မုန်းတိုင်းကိုလဲ အမြန် ဖြတ်ကျော်မိချင်တယ်။
ဒါမှ လေပြေလို သာယာတဲ့ ဘဝကို မိသားစုနဲ့အတူ ခံစားရမှာလေ။
မွန်းကြပ်လွန်းတဲ့အခါ အခုလိုလေး စာလေးရေးလိုက်တယ်။ ခံစားဖူးတဲ့သူကတော့ နားလည်ကောင်း လည်လိမ့်မယ်။သုတတွေနဲ့ ပြည့်စုံနေတဲ့သူကတော့ ခုစာမြင်လို့ ပြက်လုံးတစ်ခုလို ဖြစ်ချင်ရင် ဖြစ်သွားလိမ့်မယ်ပေါ့။
ဒါတော့...ကိုယ့်ဘဝနဲ့ကိုယ်ပေါ့။နေတတ်ရင် ကျေနပ်စရာပါလေ။ရှေဆက်ပြီးလဲ တစ်ယောက်တည်းလျှောက်ရအုံးမယ်။အဖော်ဆိုလို့ စိတ်ခွန်အားပဲ ရှိတာပဲ။
ကိုယ့်စိတ်ကို ပြန်ပြီး အားတင်းထားရတယ်။ ဒီကြားထဲ စိတ်တွေက ဟိုရောက်သည်ရောက်ဖြစ်နေလို့ မနည်းစုစည်းထားရသေးတယ်။
အော် ဒါ "ဘဝ "တဲ့လား။
စကားလုံးနှစ်ခုတည်းနဲ့ ရှုပ်ထွေးပါဘိ။
Steemitတွင် myanmarမိသားစုဝင်းအပေါင်း စိတ်၏ချမ်းသာခြင်း နဲ့အတူ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကျပါစေ။
MSC-061