နောက်ရက်တွေမှာ အဆက်မပြတ်တင်နိုင်အောင်ကြိုး
စားပါမည်...။
အပိုင်း.၁.၁
`` ဂလောင်..ဂလောင်..ဂလောင်´´
ကျောင်းရုံးခန်းမှ ကြေးခေါင်းလောင်းအိုကြီး
၏ နှစ်ပေါင်းများစွာမှ ခုထိတိုင် တာဝန်ကြေနေဆဲ အ
သံကြားရ၏..
ရန့်  ကိုယ်သည် ဆတ်ကနဲ လှုပ်ရှားသွားပီး...
ကဲ .. ကျောင်းတက်နေပီ လင်းလင်း အမြန်လုပ်ဟာ..´ ကျောင်းရှေ့ တွင် တခါတခါ ရောက်လာတတ် သော လက်ပွေ့စာအုပ်ရောင်းသူထံမှ ရုပ်ရှင်စာစောင်တ ခု ခဏ ငှား၍ ကမန်းကတန်းဖတ်နေသည့် လင်းလင်းကို ရန်က လောလိုက်သည်..လင်းလင်း ကတော့ ခေါင်းလောင်းမက လို့  မိုးကြိုးပါပစ်ပစေ ဘာမှ သိပ်ဂရုမစိုက်ချင်သော ဟန်ဖြင့် စာစောင်ပေါ်မှ မျက်နှာမခွာ သေး... အေးပါ ရန်ရာ ..ခဏလေးပါဟ..နေစမ်းပါဦး..ဒါလေးပီးအောင် ဖတ်ပရစေဦး ´
ကျောင်းတက်တော့မယ်ဟ ´အိုး..တက်တက်ပေါ့ ..ငါးမိနစ်လောက် နောက်ကျလို့ ဘာမဖြစ်ဖူး..နင်သွားချင်သွား..ငါ့ဖာသာလိုက်လာခဲ့
မယ်´
ပြောမရဆိုမရ ဖြစ်နေသည့် လင်းလင်းကို ကြည့်ပီး ရန် တယောက် စိတ်မောသွားရသည်..ထိုစဉ်
စာအုပ်သည်ကြီးက လင်းလင်း လက်ထဲက စာစောင်ကို ဆွဲယူရင်း...
ဟဲ့...ကလေးမ...ညဉ်းက ဝယ်လည်းဝယ်မှာ မဟုတ် တော့ဘူး...တော်တော့...ကျောင်းလည်းတက်နေပီ သွား တော့´ ဒါတောင် လင်းလင်းက လက်မလျော့ချင်တဲ့ပုံ..။ခဏလေးပါ ဦးလေးရာ..ဒီလောက် ကပ်စေးမနဲပါနဲ့..
ဒီမယ် တစောင်ဝယ်ထားတာရှိနေတာပဲ..ဒါလေးတော့ ခ
ဏဖတ်မှာပေါ့´
ရန် မနေသာတော့ ဝင်ရသည်..
ကဲ...ပေးလိုက်ပါ လင်းလင်းရာ...ဒီသတင်းတွေက တစောင်နဲ့ တစောင် တူတူချည်းပါပဲ...အတန်းထဲကျမှ နင်ဝယ်ထားတဲ့ စာစောင်ကို အားရပါးရဖတ်ပေါ့...တော်ပီ ဦးလေးယူလိုက်တော့´ စာအုပ်သည်ကြီးက လင်းလင်း လက်ထဲမှ စာစောင်ကို ဆွဲယူလိုက်သည်...ဒီတော့မှ မတတ်သာလို့ ပေးလိုက်ရသော်လည်း မကျေမနပ်စွာနှင့်ထိုနေရာမှ ခွာပီး ကျောင်းထဲဝင်လာသည်... နုတ်ကတော့ ရန့် ကို အပစ်တင်နေလေ၏... နင် သိပ်ရှုပ်တာပဲ...နောက် ငါ ဘယ်သွားသွား နင်လိုက်မလာနဲ့...ယောက်ျားလေးတန်မဲ့ နင်က ပစိပစပ် သိပ်များတာပဲ´ ဓာတုဗေဒနည်းအရ ကျောက်မျက်ရတနာများ သည်တွင်းထွက် ဒြပ်ပေါင်းများသာဖြစ်သည်...ရှားပါးခြင်း ..အရောင်ဆင်းလှပခြင်း..ကြာရှည်စွာ အသစ်ကဲ့သို့ တည်ရှိနေအောင် ခိုင်မာခြင်း စသည့် သတ္တိ များရှိနေသ ဖြင့် ရတနာများ အဖြစ် တန်ဖိုးရှိနေခြင်းဖြစ်သည် ´ တစ်တန်းလုံး သံပြိုင်ရွတ်နေသည့်ကြားမှ လင်းလင်း အသံပျောက်နေ၏...စားပွဲပေါ်၌ အများနည်း တူ အထွေထွေသိပ္ပံ စာအုပ် ကို ဖွင့်တင်ထားသော်လည်း လင်းလင်းမျက်လုံးများက စာအုပ်ပေါ်တွင်မရှိ...ဆရာမ မမြင်အောင် စားပွဲအောက် တွင် ကွယ်လျက် စောစောက ဝယ်လာသောရုပ်ရှင်စာစောင်ကိုသာ သဲကြီးမဲကြီးဖတ် နေလေသည်...။ အခန်းထဲတွင် အလယ် လမ်းခြား၍ မိန်းကလေး တဖက်..ယောကျာ်းလေးတဖက် ထိုင်ရသည့်မို့  အလယ်ခုံ အတွင်းဘက် အစွန်တွင် ထိုင်သည့် ရန့် နေရာမှ လှမ်းကြည့်လျင် ဘယ်ဖက်ရှေ့တစ်ခုံ အတွင်းဘက် အစွန်တွင် ထိုင်နေသည့် လင်းလင်း အပြုအမူကအထင်း သား...။ အများနည်းတူ စာလိုက်ဆိုနေရင်းမှ ရန့် စိတ်ထဲ ဒေါသဖြစ်နေသည်..လင်းလင်းနေရာက ကွယ်ကွယ်ကာ ကာရှိသည့် အတွင်းဖက် နေရာမျိုး မဟုတ်..ဆရာမက ညာဘက် နည်းနည်းသာ တိမ်းကြည့်လိုက်လျှင် တန်းကနဲ မြင်သွားနိုင်သည့်နေရာ..သည်လိုနေရာမျိုး ထိုင်ပီး ထင်ထင်ပေါ်ပေါ်လုပ်နေသည့် လင်းလင်းကို ဘယ်လိုနည်းနှင့်တားရမယ်မှန်းမသိဖြစ်နေ၏...။ ဆရာမကလည်း မမြင်ပဲနေမည်မဟုတ်..သူများ တကာလို စားပွဲပေါ်မှ စာအုပ်ကို အလိုက်သင့် ကြည့်ပီး ဖတ်နေသည်မဟုတ်..ခေါင်းကို အတင်းငုံ၍ ဖတ်နေသည်မို့  အမူအယာက သိသာလှသည်..ဒီကြား ထဲ လင်းလင်းဘေးမှ သက်သက်ဆွေက အငြိမ်မနေ.. သိပ္ပံ စာအုပ်ဖတ်လိုက်..ခေါင်း ငဲ့ငဲ့ပီး လင်းလင်းဖတ်နေ သည်ကို လှမ်းကြည့်လိုက် လုပ်နေသည်..ခက်နေသည် က နီးနီးနားနားဆိုလည်း လှမ်းပြောလို့ ရသေး..ခုဟာက လမ်းက ခြားနေတော့ ဘယ်လိုမှ သတိပေးခွင့်မရ...။ ထိုစဉ် ရန်ကဖိုးကို´ ဟု အိမ်နာမည် အတိုင်းခေါ်
သော ခင်မောင်ကိုက ရန့် နားကပ်၍ ခပ်တိုးတိုးလေသံနှင့်...
အဲ့ဒီ ကောင်မ နှစ်ယောက်တော့ ဒုက္ခ ရောက်တော့မယ် ရန်..ဟိုမယ်ကြည့်..ဆရာမက သူတို့ နှစ်ယောက်ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေတယ်´ ပြောလို့ မှမဆုံးသေး ဆရာမ က ထိုင်ရာမှထလာ ပီး အလယ်လမ်းတိုင်းလျောက်လာသည်..အစကတည်းက ကျီးကန်းတောင်းမှောက်လုပ်ပီး ပျာယာခပ်နေသည့် သက်သက်ဆွေက ဘာအတွက်လာသည် ရိပ်မိသွားပုံရ သည်..ဖျတ်ကနဲ လင်းလင်းဘေးမှ ခွာ၍ စာအုပ်ပေါ်မျက်နှာပြန်အပ်ပီး အသံပြဲနှင့်အော်လေ၏...။ စိန် ကို အိန္ဒိယ..ဘရာဇီး..တောင်အာဖရိက..သြစတြေးလျ..ဘော်နီယိုကျွန်း..အမေရိကန်ပြည်ထောင်စုနှင့်ဆိုဗီယက်ယူနီယံတို့ တွင်တူးဖော်ရရှိသည်…´
မိုက်တော့မိုက်ပီး မလည်မဝယ်နှင့် အ သည့် လင်းလင်းကတော့ ဘာမျှ သိပုံမရ..အနားသို့ ဆရာမ
ရောက်လာသည်ထိ မြင်ပုံမရ..စာအုပ်ထဲမှ ဝါဝါဝင်းရွှေ
နှင့် ခင်သန်းနု ဘယ်သူပိုလှသည် ဆိုသည်က သူ့အ
တွက် သိပ်အရေးကြီးနေပုံ ရလေ၏...။