အခန်း.၂.၇.
ထိုညက ရန် တော်တော်နှင့် အိပ်မပျော်...
အတော်ညဥ့်နက်မှ အိမ်ပြန်ရောက်သည့်တိုင် အိပ်ရာထဲ
တွင် မျက်လုံးကကြောင်နေသည်..ခါတိုင်းရက်များကဲ့သို့ 
အိပ်ရာဝင်ပီး ခဏအကြာ၌ မေ့ကနဲ့ အိပ်ပျော်သွားခြင်း
မဖြစ်...
မျက်လုံးထဲတွင် လင်းလင်း၏ မျက်နှာအမူအယာ..လင်း
လင်း၏အပြုံးလေးများ ထင်ထင်လင်းလင်းဖြစ်နေသည်
နားထဲတွင်လည်း လင်းလင်း၏ အသံလေးများ ပဲ့တင်
ထပ်နေ၏...
အဖြစ်အပျက်က ထူးတော့ အတော်ထူးဆန်းသည်ဟု
စိတ်ထဲ အံ့သြမိသည်..ဒီမျက်နှာလေးက မြင်နေကျမျက်
နှာ..ဒီအမူအယာ ဒီအပြောတွေက အစိမ်းကြီးမဟုတ်..
တိုက်ခန်းချင်းက မျက်နှာချင်းဆိုင် အပေါ်ထပ်ချင်းတူတူ
မို့  အိမ်တွင်ရှိနေကြချိန်တွင်လည်း သေချာသာ စောင့်မ
ကြည့်ဖြစ်ပေမယ့်လည်း သူ့ လှုပ်ရှားမှု ကိုယ့်လှုပ်ရှားမှု
များကို ရိပ်ကနဲ ရိပ်ကနဲ မြင်တွေ့နေကျ... https://goo.gl/images/UoTjbs
ပြီးတော့ ကျောင်းသွားတော့လည်း အတူတူ ကျောင်းပြန်
တော့လည်းအတူတူ..ကျောင်းမှာလည်း တစ်ခန်းတည်း
သည်လိုနေလာသော သူတို့ နှစ်ယောက်ကြားမှာ ဒီလိုဖြစ်
လာသည့်အတွက် ရန် လုံးဝ အဖြေရှာမရ...
စောစောက ကပွဲက ပြန်လာတော့ ညကိုးနာရီကျော်နေ
ပေပီ..ကျောင်းအုပ်ကြီးက ကလေးများကို အိမ်ပြန်နောက်
ကျနေမည် စိုးသဖြင့် ကပွဲ ကို ညနက်ထိ အလုပ်မခံ..နေမ
ကျ ညမကျ ပွဲကြည့်ကောင်းချိန်လေးဖြစ်အောင် ညနေ
လေးနာရီကျော်ကျော်က စခိုင်းသည်..ညရှစ်နာရီခွဲ ထက်
နောက်မကျပဲ ပွဲကိုပီးအောင်စီစဉ် ခိုင်း၏...
ညက ကပွဲ ရှစ်နာရီ ကျော်ကျော်လောက်မှ ပြီးသွားသည်..
အသေးစိတ်သိမ်းခြင်းကိုတော့ နောက်နေ့ မနက်မှ လုပ်
ရန် စီစဉ်ပီး မသိမ်းမဖြစ် ပစ္စည်းများသိမ်း..မပို့ မဖြစ်သော
ပစ္စည်းများကို ပြန်ပို့ ပီး သူတို့ တသိုက် ပြန်လာကြတော့
ညကိုးနာရီ ကျော်နေပီဖြစ်သည်...
တိုက်ခန်းရိပ်သာထိပ် အရောက်တွင် လင်းလင်းနှင့် ရန်
တို့ က နေခဲ့သည်..ရိပ်သာအတွင်း ဝင်လာတော့ နှစ်
ယောက်ထည်း...ထိုညက တန်ဆောင်မုန်းလပြည့်ခါနီး
ရက်မို့  လ ကလည်း ဝင်းဝင်းထိန်ထိန်လေး ရှိနေသည်...
နှစ်ယောက်ထည်းကျန်ခဲ့၍ မကြာမီပင် ရန်က သူ့ စိတ်ထဲ
အလွန်ပြောချင်နေသော စကားတစ်ခွန်းကို မအောင့်နိုင်
မအည်းနိုင်တော့ဘဲ ပြောတော့သည်... https://goo.gl/images/iKso6V
လင်းလင်း´´ဟင်..ဘာလဲ ရန်´´
ရန်က ရှက်တက်တက်ဖြင့် အရင်ပြုံးလိုက်ပီးမှ...
နင် ဒီနေ့  အရမ်းလှတာပဲဟာ...´´ လင်းလင်းမျက်နှာမှာ ကျေနပ်ပြုံးလေးတစ်ခု ဝင်းကနဲ လက်သွားသည်...သွားပါ...ဟုတ်လည်း မဟုတ်ဘဲနဲ့...´´
ဟုတ်တယ် လင်းလင်း တကယ်ပြောတာ..နင် ကနေတာကို ငါ တလျှောက်လုံး ငေးကြည့်နေရတယ်.. စင်ပေါ်မှာ နင်က တအားလှနေတာပဲ´´ လင်းလင်းက အသံလေးထွက်၍ ရယ်သည်...ဒါဖြင့် စင်ပေါ်မှာ ကနေတဲ့အချိန် မဟုတ်ရင်
ငါက မလှဘူးပေါ့´´
ရန်က ခေါင်းခါရင်း...
အဲ့လိုမဟုတ်ဖူး လင်းလင်းရ... ခါတိုင်းက တော့ ဒီလိုပဲ မြင်နေကျဆိုတော့ နင် ဒီလောက်လှနေမှန်း ငါ သိပ်သတိမထားမိဘူး..ဒီနေ့ ကျမှ သတိထားမိတာ.. ခုကျတော့ ဒီိတိုင်းလည်း နင်က လှနေတာပါပဲ´´ လင်းလင်းက ရယ်ပီး...ဒီတော့ ဘာဖြစ်လဲ ရန်...နင် ဘာပြောစရာရှိ
နေလို့ လဲ...မုန့် ကျွေးခိုင်းမလို့ လား´´
ရန်က ရယ်၍...
မဟုတ်ပါဘူးဟာ...ငါ့စိတ်ထဲမှာ အဲလို ဖြစ် သွားတယ်ဆိုတာ ပြောပြတာပါ´´ဒါပဲလား...´´
အေးပေါ့...´´ဒါများ ရန်ရာ...တကူးတက ပြောနေရသေး
လား..နင့်စိတ်ထဲရှိရင် ဒီတိုင်းပဲထားလိုက်ပီးရော..ငါက
ဘာများပြောမလဲလို့ ..ငါလှတာကတော့ နင်ပြောမှလား
နင်က ခုမှပြောတာ..ငါကို အဲ့လိုပြောတဲ့သူတွေမှ အများ
ကြီးပဲ´´
ဟင်...အများကြီး ဟုတ်လား...လင်းလင်း´´အင်းလေ...မဟုတ်ပဲငါက ပြောမလား´´
ရန့် ရင်ထဲ ထိတ်သွားသည်...
ဘယ်သူတွေက ပြောတာလဲ လင်းလင်း´´ဘယ်သူတွေကမလဲ အများကြီးပါဆို...
ဆယ်တန်းက အကိုကြီးတွေကတောင် ငါဖြတ်သွားရင်
မကြားတကြားလှမ်းလှမ်းပြောတယ် သိပ်လှတာပဲတို့  ချစ်
စရာကောင်းတယ်တို့ ပေါ့ဟ..´´
အဲ့ဒီတော့ နင်က ဘာပြန်ပြောလိုက်လဲ´´အို ...ဘာပြောရမလည်းဟ..သူတို့ ဟာသူ
တို့ ပြောတာ ငါက မကြားချင်ယောင်ဆောင်နေတာပေါ့..
သူတို့ ပြောတာ ဂရုစိုက်မနေပါဘူး´´
ရန် တော်တော်နှင့်စကားမပြန်ဖြစ်တော့ပဲ ဖြစ်သွားသည်
ထူးထူးထွေထွေ သိပ်မပြောဖြစ်ကြတော့ပဲ ကိုယ့်အိမ်ပေါ်
ကိုယ်တက်ပီး ပြန်လာခဲ့ကြသည်...
အိပ်ရာထဲရောက်မှ ထိုစကားများကို ပြန်စဉ်းစားမိရင်း ရင်
ထဲတွင် ပူသလိုလိုဖြစ်လာမိသည်။
mso.29