မိတ်ဆွေတို့ အတော်များများဟာ စားပွဲသောက်ပွဲတွေကြုံဖူးကျပါလိမ့်မယ်။ စီးပွားရေးလုပ်ငန်းရှင် အချင်းချင်း အနာဂတ်စီးပွားရေးလုပ်ငန်းတွေ အတွက် အကျိုးတူပူးပေါင်းရန်၊ နိုင်ငံခြားမှ ဧည့်သည်များကို ဧည့်ဝတ်ပြုရန် ၊မိတ်ဆွေအချင်းချင်းတစ်ဦးနဲ့ တစ်ဦး အပြန်အလှန်ကျေးဇူးပြုရန်၊ မိမိတို့၏ဝန်ထမ်းတွေကို စိတ်ဓာတ်မြှင့်တင်မှု နှင့် တက်ကြွ မှုရှိစေရန်စသည်တို့်အတွက် စားပွဲသောက်ပွဲတွေ ပြုလုပ်လေ့ရှိပါတယ်။ သင်သာ စားပွဲတစ်ခုကို စီစဉ်သူ သို့မဟုတ် ကိုယ်တိုင်ဧည့်ခံကျွေးမွေးရန်အတွက် ဖိတ်ကြားသူတစ်ယောက်ဖြစ်ခဲ့ပါက မည့်ကဲ့သို့ စီမံသင့်သည်များကို အနဲငယ်တင်ပြလိုပါသည်။ >>> သာမာန်အားဖြင့် တယ်လီဖုန်းနဲ့ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ ဖိတ်ကြားနိုင်ပါတယ်။ vip ပုဂ္ဂိုလ်များဖြစ်ပါက ဖိတ်စာနှင့် ဖိတ်ကြားခြင်းဟာ သင့်တော်ပါတယ်။ ဖိတ်စာမှာ နာမည် ရာထူးတို့ ပြည့်ပြည့်စုံစုံ ပါရှိပြီး နေ့ရက် အချိန်နာရီ တိတိကျကျ ပါပါစေ ။ ဖိတ်ကြားတဲ့အချိန်ဟာ အများဆုံး ၇ရက်ဖြစ်လျင် ပို သင့်တော်ပါတယ်။
မိတ်ဆွေ ဖိတ်ကြားမည့် ဧည့်သည်တွေကို အစီစဉ်တကျ ပြောဆိုပြီးပြီ ဆိုလျင်တော့ စားသောက်ဆိုင်တွင် ကြိုတင်စာရင်းပေးပြီး မိမိ ကျွေးမွေးဧည့်ခံလိုသည့် အစားအစာများရှိမရှိစုံစမ်းပါ။ တက်ရောက်မည့် လူဦးရေအတိအကျနှင့် အချိန်နာရီ အတိအကျပြောဆိုထားပါ။ လိုအပ်လျင် စရံ တစ်ဝက်ပေးချေပေးပါ နောက်ပြီး မိတ်ဆွေရဲ့ ဖုန်းနံပါတ်ကို ဆိုင်သို့ပေးထားပါ လိုအပ်လျင် ဆက်သွယ်မေးမြန်းနိုင်ရန်ဖြစ်ပါတယ်။ ရွေးချယ်ထားတဲ့စားသောက်ဆိုင် ယာဉ် အသွားအလာ ဆူညံသောနေရာမဖြစ်သင့်ပေ။
အကယ် ၍ အကြောင်းတစုံတရာကြောင့် စားသောက်ပွဲကို ဖျက်ခဲ့ရသည်ရှိသော် ဖိတ်ကြားထားသော ဧည့်သည်များနှင့် စားသောက်ဆိုင်ကို အချိန်မီ အမြန်ဆုံးအကြောင်းကြားပါ။ စားသောက်ပွဲ မကျင်းပမီ ဧည့်ခံကျွေးမွေးမည့်သူဟာ အနဲဆုံး ၁နာရီခန့် စောရောက်သင့်ပါတယ်။ဆိုင်သို့ရောက်ရှိပြီ ဆိုသည့်နှင့် စားပွဲနေရာထိုင်ခင်း စုံလင်မှုရှိမရှိနဲ့ နေရာဆိတ်ငြိမ်မှုရှိမရှိ ပန်းကန်ခွက်ရောက် သန့်ရှင်း မှုရှိမရှိတို့ကို စစ်ဆေး ရမှာဖြစ်ပါတယ်။ ဧည့်ခံကျွေးမွေးသည့်အချိန်တွင် ဖိတ်ကြားထားသည့် ဧည့်သည်များစုံလင်မှုရှိမရှိနဲ့ နောက်ကျနေသူများအား ဘယ်နေရာရောက်နေပြီလဲ ဘာအခက်အခဲရှိပါသလဲ ဟု တယ်လီဖုန်းနှင့် ဆက်သွယ်မေးမြန်းပါ။
HFS-5
Photo credit google