source: plusgoogle.com
အားလုံးပဲမင်္ဂလာပါဗျာ.
မင်္ဂလာနှစ်သစ်လေးပါခင်ဗျ..
ဒီနေ့မှာတော့ MSO Member များအားလုံးအတွက် သိသင့်သိထိုက်တဲ့ Post တင်နည်း
Tip & trick လေးများအကြောင်းတင်ပြလိုပါတယ်။
စာနည်းနည်းများမှာဖြစ်တဲ့အတွက် အပိုင်း (၂)ပိုင်းလောက်ခွဲပြီး ရေးသွားပါမယ်။
Post မတင်ခင်သိသင့်သောအချက်လေးများ
Post မတင်ခင်သိထားသင့်တာကတော့ မိမိ Post သည် Bot ကြီးကြီးမားမားသုံးမည့် Post လား ဒါမှမဟုတ် Bot သေးသေးလေးတွေ ပဲ သုံးမဲ့ Post လားဆိုတာ အရင်ဆုံးဖြတ်ရပါမယ်။
ဘာလို့လဲဆိုတော့ Steemit မှာ လက်ရှိ လူသုံးများတဲ့ Post တင်နည်း သုံးမျိုးရှိနေပါတယ်။ ဒါတွေကတော
(၁) steemit.com ကနေတိုက်ရိုက်တင်ခြင်း
(၂) Esteem app သုံး၍ တင်ခြင်းနှင့်
(၃) Busy.org ကနေ တင်ခြင်းတို့ဖြစ်ပါတယ်။
( Zappl နှင့် အခြားသော app များရှိနိုင်ပါသေးသည် သို့ရာတွင် ယခုဖော်ပြမည့်အကြောင်းအရာနှင့်တိုက်ရိုက်မသက်ဆိုင်သဖြင့် မဖော်ပြတော့ပါ။)
(၁) steemit.com မှ Post တင်ခြင်း
source: gridconcepts.com
Steemit.com ကတော့ Steemit ရဲ့ Official Website ဖြစ်တဲ့အတွက် ၄င်း website ထဲတွင် တင်သမျှ Post တိုင်း Comment တိုင်းသည် Reward ရသင့်သလောက် အပြည့်အ၀ ရရှိမည်ဖြစ်သည်။
steemit တွင် Post တစ်ခု သည် ၇ရက် ကာလပြည့်သွားပါက ထို Post တွင်ရရှိသော vote value စုစုပေါင်း အတွက် Curation Reward မည်မျှ ရသည် Aurthor Reward မည်မျှ ရမည်ကို ဖော်ပြပါလိမ့်မည်။
အဆိုပါ Post သည် steemit.com မှ တိုက်ရိုက်တင်ထားသော Post ဖြစ်ပါက အခြားမည်သည့် ဖြတ်တောက်မှုမျှ မရှိဘဲ မိမိ wallet ထဲသို့ အပြည့်အ၀ ၀င်လာမည်ဖြစ်သည်။
ထို့ကြောင့် မိမိ Post သည် ငွေပမာဏ များများ သုံး၍ Bot မည့် Post ဖြစ်လျှင် steemit.com တွင်တင်ခြင်းသည် reward အပြည့်အ၀ရသဖြင့် တိုက်ရိုက်တင်သည့်ပါသည်။
(၂) Esteem မှ Post တင်ခြင်း
Esteem သည် Steemit User တော်တော်များများ သုံးသော APP တစ်ခုဖြစ်ပါသည်။
Esteem တွင် အားသာချက်အတော်များများရှိပါသည်။ (ဥပမာ- multiple acc ချိတ်ဆက်၍ တပြိုင်တည်းအသုံးပြုနိုင်ခြင်း)
Esteem ကို အသုံးပြုပြီး စာလုံးရေ နှစ်ရာကျော်ရေးကာ ဓါတ်ပုံ နှစ်ပုံအနည်းဆုံးထည့်၍ Post တင်ပြီး Tag တွင် "esteem နှင့် good-karma" ထည့်ပါက esteem အသင်းမှ မိမိ Post အား လာရောက် upvote ပေးမည်ဖြစ်ပါသည်။
(လက်ရှိ esteem မှ Post တစ်ခုကို လာvote လျှင် (0.7$) ခန့် ရရှိနေပါသည်။ )
သို့ရာတွင် ထိုသို့ Esteem Team မှ Upvote Promotion ပေးခြင်းမှာအကြောင်းမဲ့ပေးနေခြင်းတော့မဟုတ်ပါ။ မိမိ APP လူသုံးများအောင် ဆွဲဆောင်ခြင်းဖြစ်ပြီး Esteem အသုံးပြု တင်သော Post တိုင်း ၏ Author Reward 75% ထဲမှ 10% အား ၄င်းတို့ APP အတွက် Fee အဖြစ် ယူပါသည်။ ထို့ကြောင့် Bot များများသုံးမည့် Post များသည် esteem မှ တင်မိလျှင် (၇)ရက်ပြည့်လျှင် ရသင့်သည့်ပမာဏထက် လျော့နေည်သည်ကို ကြုံရပါမည်။
သို့ရာတွင် မိမိတင်မည့် Post သည် ငွေပမာဏ များများ ဖြင့် Bot မည့် Post မဟုတ်ပါက Esteem ကပေးမည့် Upvote Promotion သည် နည်းလှသည်မဟုတ်သဖြင့် Esteem ကိုအသုံးပြု၍ တင်သင့်ပါသည်။
( မှတ်ချက်။ Esteem upvote Promotion ကို လိုချင်လျှင် မိမိ Post ကို Esteem မှ ရေးတင်ရပါမည်။ အချို့မှာ APP အတွင်း Post ရေး အဆင်မပြေသူများရှိပါသည်။ သို့ရာတွင် မိမိဖုန်း (သို့မဟုတ်) ကွန်ပျူတာရှိ Word , Notepad စသဖြင့် သော အခြား app များတွင် ရေးသား၍ esteem အတွင်းသို့ ပြန်ကူးထည့်၍ Post တင်နိုင်ပါသည်။)
သတိပြုရန်မှာ မိမိ Post သည် စာလုံးအရေအတွက်များပြား၍ ပုံနှစ်ပုံ သုံးပုံခန့် ပါရှိရမည်။ tag တွင် esteem နှင့် good-karma ပါရှိရပါမည်။
(၃) Busy.org သုံးပြီး Post တင်ခြင်း
Busy.org သည်လည်း esteem ကဲ့သို့ ပင်သဘောတရားတူညီပါသည်။
Busy.org website သို့ Login ၀င်ရောက်ပြီး Post တင်ရခြင်းဖြစ်ပါသည်။ tag တွင် busy ဟု ထည့်ပါက Busy.org မှ လာရောက် vote ပေးပါသည်။ လက်ရှိ promotion vote value မှာ 0.17$ ဖြစ်ပါသည်။
Busy.org သည် Esteem ကဲ့သို့ app မဟုတ်ပဲ website ဖြစ်၍ browser မှ Log in ၀င်ပြီး Post တင်ရခြင်းဖြစ်ပါသည်။ Upvote Promotion မှာ Esteem ထက်အလွန်နည်းပြီး Post 7 ရက် ပြည့်လျှင်လည်း မိမိရရှိမည့် Author Reward 75% ထဲမှ ထပ်မံဖြတ်တောက် ပါသည်။ (ကိုမျိုးမင်းအောင်ပြောပြချက်အရ) မည်၍မည်မျှ ဖြတ်တောက်မည်ဟု တရားဝင်ကြေညာခြင်းမရှိသော်လည်း အမှန်တကယ် ဖြတ်တောက်ခံရကြောင်းသိရပါသည်။
ထို့ကြောင့် Upvote Promotion လည်း Esteem ထက်နည်းပြီး Reward ဖြတ်တောက်သည်မှာလည်း အတူတူပင်ဖြစ်သောကြောင့် Busy.org မှ Post တင်ခြင်းကို အားမပေးပါ။ (Post တင်ခြင်းအတွက်သာဆိုလိုပါသည်။ အခြားသော function များကိုအသုံးပြုလို့ ကောင်းပါသည်။)
အချုပ်ဆိုရသော် Post တင်ခြင်းအတွက် နည်းလမ်းသုံးသွယ်ရှိရာတွင်
မိမိ Post သည် 2 SBD နှင့်အထက် Bot မည့် Post ဆိုပါက Steemit.com မှတိုက်ရိုက် တင်သည့်သည်ဟု ယူဆပြီး
၎င်းအောက်ဆိုပါက esteem မှ တင်သင့်သည်ထင်ပါသည်။
(ကျွန်တော်၏ ယူဆချက်သက်သက်သာဖြစ်ပြီး လက်တွေ့တွင် မိမိဘာသာ ဆုံးဖြတ်နိုင်ပါသည်။)
အသုံးပြုရမည့် Tag များ
MSOmember များအနေဖြင့် ယခုမှ စတင် စာရေးသားကြသူများဖြစ်လေရာ မြန်မာစာအရေးအသားပိုင်း အားနည်းမည်ဖြစ်သဖြင့် "myanmar tag" မထည့်သွင်းစေလိုပါ။
လက်ရှိတွင် အသုံးပြုရန် ကောင်းမွန်သည့် Tag များမှာ
(1) Esteem အသုံးပြုသူများအတွက်
esteem good-karma wafrica artzone smartphonephotography ဖြစ်ပါသည်။
(wafrica artzone smartphonephotography များသည်လည်း စာလုံးရေ များများနှင့် ပုံ ၂ပုံအနည်းဆုံးသုံးလျှင် ၄င်းတို့ tag အသုံးပြုခြင်းအတွက် လာရောက် vote ပေးလာပါလိမ့်မည်။)
(2) steemit မှ တိုက်ရိုက်တင်သူများအတွက်
wafrica artzone smartphonephotography mso နှင့် မိမိ post နှင့်သက်ဆိုင်သည့် အခြား tag တခုခုသုံးနိုင်ပါသည်.
အပိုင်း -2 ဆက်လက်ဖတ်ရှုရန်>> https://steemit.com/wafrica/@zinmintun7/mso-member-undefinedatyk-post-tngnnyne-post-tng-pitongthundefinedthngetha-bot-elundefinedae-kang-apong-2