Steemit မြန်မာ လောကသား အားလုံးပဲမင်္ဂလာပါဗျာ ..
Steemit ဟူသော Social Platform ကြီးပေါ်မှာ နိုင်ငံအရပ်ရပ်မှ သိတတ်နားလည်သူ ပညာရှင်များမှ နိုင်ငံအလိုက် အဖွဲ့များ ဖွဲ့၍ အချင်းချင်း vote ပေး၍ သော်လည်းကောင်း၊ ငွေများရင်းနှီးမြှုပ်နှံ၍သော်လည်းကောင်း ဆောင်ရွက်နေကြပြီး
ထိုအထဲမှာမှ အချို့က မိမိတတ်ကျွမ်းသော ပညာရပ်များဖြင့် voting bot ရေးခြင်း၊ vote အရောင်းအ၀ယ်၊ အငှား လုပ်ငန်းများ စသဖြင့် ကိုယ်စီ အားသန်ရာ တည်ထောင်၍ စီးပွားဖြစ်လုပ်ကိုင်လာခဲ့ကြသည်မှာ အချိန်ကာလတစ်ခု ကြာမြင့်လာခဲ့ပြီဖြစ်ပါသည်။
Steemit သည် Steem Power ဟူသော (SP) ကြီးရင် ကြီးသလောက် လုပ်ပိုင်ခွင့်များ ရလာသည်ဖြစ်ပြီး မိမိ၏ Vote တစ်ချက်သည် အကျိုးခံစားခွင့်များပြားလာပါလိမ့်မည်။ သို့ရာတွင် ကျွန်တော်တို့ မြန်မာများသည် Steemit ကို အသိနောက်ကျ၍ Steemit သို့ နောက်ကျမှဝင်ရောက်လာကြသည်ဖြစ်သဖြင့် Steem Power ကြီးသူများမှာ လက်ချိုးရေ၍ပင်ရသည်အထိ နည်းပါးပါသည်။ ကျွန်တော်အပါအ၀င် အများစုမှာ Starter အဆင့်မှ မတက်ကြသေးသူများဖြစ်ပါသည်။
ထိုမှတဖန် Steemit အကြောင်းကို လုံးဝမသိသေးသော သူများလည်း အများအပြားရှိနေရာ Steemit လောကတွင် မြန်မာဟူ သည် အခြားနိုင်ငံများရှိ အဖွဲ့များနှင့် ယှဉ်လျှင် အလွန်ပင် သေးငယ်လှသော လူစုတစုအဆင့်မျှသာရှိပါသည်။
Steemit မြန်မာ အဖွဲ့ဝင် တိုးတက်အောင် ...
Steemit သည် လူတစ်ဦးတစ်ယောက်တည်းဖြင့် ချွန်ထွက်ကာ ရပ်တည်ရန် မဖြစ်နိုင် သော လူမှုကွန်ယက်စနစ်တစ်ခုဖြစ်ပါသည်။ ဥပမာ - Facebook တွင် အကောင့်တစ်ခုဖွင့်၍ တယောက်တည်း Post တင်နေပြီး မိတ်ဆွေအပေါင်းအသင်းမရှိပါက မည်သို့မျှ အကျိုးသက်ရောက်မှုရှိမည်မဟုတ်သကဲ့သို့ Steemit တွင်လည်း မိမိတစ်ယောက်တည်း ရပ်တည်လျှင် မည်သို့မျှအောင်မြင်ရန်မလွယ်ကူပါချေ။
ထို့ကြောင့် Steemit ရှိ လူနည်းစု မြန်မာများသည် Steemit User အသစ် တိုးပွားရေးကို မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်ပါသည်။
အဖွဲ့၏ အင်အား
"တစ်ယောက်အားနှင့် တွန်းသော်မရ၊ တစ်သောင်းအားနှင့် တွန်းသော်ရ၏" ဆိုသကဲ့သို့ Steemit တွင်လည်း မိမိ ပေးလိုက်သော Vote တစ်ခု၏ တန်ဖိုးသည် 0.0023 $ ပမာဏမျှပင် ထိုက်တန် စေအုံးတော့။ မိမိကဲ့သို့သော User အယောက် (၁၀၀၀၀) စုလိုက်ပါက (0.0023 x 10000 = 23$) vote တစ်ချက်စီ စုပေါင်းလိုက်လျှင် 23SBD (53.59 USD) ခန့် ထိုက်တန် သွားပေလိမ့်မည်။ ဤသည်မှာ လူ (၁၀၀၀၀) သည် ဘာမှ ပင်ပင်ပန်းပန်းလုပ်ရ သည်မဟုတ်ပါ။ Facebook ကဲ့သို့ပင် Like တစ်ချက်စီသာလုပ်ရုံဖြင့် Like လုပ်ခံရသူ ကာယကံရှင်ထံတွင် အဖွဲ့အင်အားဖြင့် မည်မျှ အကျိုးများသည်ဆိုသည်ကို ဥပမာပေး ခြင်းသာဖြစ်သည်။
မြန်မာနိုင်ငံတွင် လူဦးရေ သန်းပေါင်းများစွာရှိပါသည်။ ထိုအထဲမှ သက်ကြီးရွယ်အိုများကို နှုတ်လျှင် ပင် လူငယ်ဦးရေသည် သန်းနှင့်ချီရှိပါလိမ့်အုံးမည်။ ထိုအထဲမှ မြန်မာလူငယ် ဦးရေ (1) သိန်းခန့် သာ steemit ကို တက်ညီလက်ညီ လုပ်ကိုင်စေဦးတော့။ အထက်ပါဥပမာအရ လူ တစ်သောင်း၏ vote တစ်ချက်စီ စုလျှင် 53USD ခန့် ထိုက်တန်သည်ဆိုလျှင် လူတစ်သိန်း ဆိုလျှင် 530 usd ခန့် ထိုက်တန်လာနိုင်လေသည်။ Voting Power စနစ်အရ
လူတစ်ဦးလျှင် တစ်နေ့ Vote ဆယ်ခုပေးနိုင်သည်ဖြစ်ရာ 530USD x 10 votes ဆိုလျှင် 5300USD နေ့စဉ် အမြတ်ထွက်နေမည်ဖြစ်သည်။ ထို ပမာဏ ကို မည်သည့်နေရာတွင် အသုံးချမည် ဆိုသည်ကမူ နောက်ထပ် တစ်ဆင့် စဉ်းစားရမည့်အချက်တစ်ခုဖြစ်လေသည်။
အထက်ဖော်ပြပါအကြောင်းအရာများကို သေချာနားလည်မည်ဆိုလျှင် လူအများ၏ အင်အား သည် မည်မျှ အကျိုးအမြတ်ကြီးသည်ကို သင်ခန့်မှန်းမိနိုင်ပါသည်။
ထို့ကြောင့် စာရေး ပြီး Post တင်ရုံ vote ပေးရုံဖြင့် တစ်ဦးတစ်ယောက်တည်းတွင် အကျိုး မသိသာလှသော်လည်း လူအများပေါင်းစု လုပ်နိုင်လျှင် အကျိုးအလွန်တရာကြီးမားသည်ဖြစ်ရာ ယခု မြန်မာနိုင်ငံတွင် အကူအညီ လိုအပ်နေသော ရပ်ရွာကောင်းကျိုး၊ ဘာသာသာသနာအကျိုး၊ ပရဟိတ လုပ်ငန်းစဉ်များတွင်လည်း Myanmar Steemit အဖွဲ့ အမည်ဖြင့် ဆောင်ရွက်နိုင်လိမ့်မည်ဖြစ်သည်။
သို့ရာတွင် လက်ရှိအခြေအနေမှာ ကျွန်တော်တို့အားလုံးသည် အဆင့် သုည မှ စတင်ရမည် ဖြစ်သဖြင့် အဆိုပါ ရည်မှန်းချက်များအားလုံး ရေတိုအတွင်းမှာ ဖြစ်ပေါ်လာနိုင်မည်မဟုတ် သေးပါ။ ကြိုးစားရမည့်လုပ်ငန်းအဆင့်များစွာရှိနေပါသေးသည်။
ဆက်ပါဦးမည် >>