မိုက်မဲခဲ့ဖူးတဲ့ ရူးနှံနှံ အတွေးကြောင်များနဲ့
ကျနော်ရဲ့ ဘဝကို အလှဆင်ခဲ့ဖူးတယ်
ယုံကြည်ခြင်းတွေဟာ ခိုင်မာသလားဆိုရင်
တခါတလေတော့လဲ ယိုင်နဲနဲနဲ့
ဘဝဟာ ပိတ်ကားဆိုရင်
အဲဒီ ပိတ်ကားမှာ ပြနေတာ တကယ့် ဘဝတွေမှ မဟုတ်ပဲ
လက်တွေ့အပြင်လောကဟာ ကိုယ်ထင်ထားထက်
ပိုကြမ်းတမ်းတယ်
ဒါပေမယ့်
လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင် ရတယ်တဲ့
လူရှင်ပေမယ့် မျှော်လင့်ချက်တွေကရော မသေဆုံးနိင်ဘူးတဲ့လား
ခက်မိုက်မိုက် စကားလုံးလှလှတွေကို ပြောတတ်တဲ့လူအများစုဟာ
ချမ်းသားမူမရှိတောင် အဆင်ပြေခြင်း များစွာနဲ့ လူတွေပဲ
ဘဝဆိုတာ ထက်မြတဲ့ ဓါးတစ်လိုမျိုး
သွေးနေရင် သွေးနေသလောက် ထက်လာမယ်
မသွေးဘူးဆိုလဲ မသွေးထားသလောက် တုံးသွားမှာပဲ
အတ္တကြီးခြင်းဟာ မကောင်းပေမယ့်
တခါတလေတော့လဲ အတ္တကြီးပေးရမှာ လောက သဘာဝပဲ
အနိင် အရှုံးတွေ ကို ကြံ့ကြံ့ခံနိင်ပြီးဆို
ဘဝကို လှပစွာ ထုဆစ်ရတာလဲ အလွယ်တကူပါပဲ
ရယ်မောခြင်းနဲ့ ရောင်ရဲနိင်ခြင်းဟာ
ဘဝရဲ့ စိတ်ချမ်းသာနည်း ဖြစ်သလို
အသက်ရှည်ဆေးဆိုလဲ မမှားဘူးလေ
သတ်ပုံအမှားတွေ ပေးထားတဲ့ လောကကြီးမှာ
အမှန်တွေ ဖြစ်ဖို့ ကျနော်တို့တွေ ကြိုးစားကြရအုံးမှာပါ
ခံစစ်က ကိုယ်ဖြစ်သလို တိုက်စစ်ကလဲ ကိုယ်ကိုယ့်တိုင်ပဲမို့
အနာဂတ်ခရီးမှာ အနေကြမ်းကြမ်း အစားကြမ်းကြမ်းဆိုရင်တောင်
အောင်မြင်မူတွေ မရသ၍ သွားနေရမှာပဲ