ယုံကြည်ခြင်းများ နဲ့ တိုးခဲ့တဲ့ ကံကြမ္မာ
ငါပြန်လှည့် အကြည့်မှာ
ငါကို လှောင်ပြုံးများစွာနဲ့ ပြုံးပြတယ်
ရှေ့ဆက်တိုးခဲ့တာဟာ မိုက်မဲတယ် လို့
မတွေးမိခဲ့ နောင်တလဲ မရမိခဲ့
တကယ်တော့ ငါဟာ ဘဝအတွက် ကိုယ်လမ်းကိုယ်လျှောက်ဖို့
လမ်းထွင်းဖို့ ကြိုးစားနေသူပါ
ဒါကြောင့်
ကံကြမ္မာကို ရဲတင်းစွာ ငါပြန်ရယ်ပြမိတယ်
ဘယ်လို အရှုံးမျိုးများ လာမလဲ ဆိုတဲ့
အတွေးဆိုးများနဲ့ ရင်တထိပ်ထိပ် မဖြစ်မိခဲ့
အိမ်မက်ဆိုးများနဲ့ လန့်နိးတတ်တဲ့
အကျင့်တွေလဲ ငါမပိုင်ဆိုင်သေး
ကိုယ့်ကိုယ်ကို ဖြေသိပ်ချင်းဟာ
အားအရှိဆုံး ဆေးတစ်ခွက်လို့
သတ်မှတ်တဲ့ နေ့ကစ
ပျော်ရွင်ခြင်းတွေ ငါဆီ ခဏခဏ အလည်လာကြတယ်……
photo.fb.from