နှလုံးသားအလှဝယ် ထာဝရချစ်စဖွယ်
စိတ်ချင်းဆက်သွယ် ရင်ချင်းအပ်လွယ်
ဘဝချင်းဟပ်နွယ် ပါရမီကံဆယ်လို့သာပ
နှစ်ကိုယ်တူဖူးစာဆုံကြလေတော့တယ်
ချစ်ခြင်းမေတ္တာ သစ္စာရောစု ချစ်မှုချစ်သွေး
ချစ်ရေးပြောင်ပြောင် လွမ်းတန်ဆောင်သို့
ချစ်ခြင်းအဟုန် ဇောမာန်တုန်လျက်
ပြုံးပြုံးထပ်ထပ် အနမ်းဆက်လို့
ဘဝသံသရာ ချစ်စာလွှာတို့
ချစ်မိုးဝလွှာ ရှိန်ထိုးကား တိမ်တိုးကြားမှာဝယ်
အသွယ်သွယ်ချစ်သဒ္ဒါတွေကြွကြသည်မို့
ထုံးပါရမီ ရေကြည်လို့ဆက်သရာသည်မို့
အပြုံးမနသီ ရွှင်ကြည်ကာဇောဖရဏာ
ဘဝင်ထိစရာပ ကြင်ကညာမငြင်မိစရာမို့
ကို့ကို့လိုပင်အချစ်တွင်စမ်းရမတဲ့ကွယ်
မြန်းပ တောမဟာဂနိုင်လယ်
မြိုင်ကြီးရိပ်သီးခိုကာ စိပ်ပုတီးနဲ့
နှမငယ်ကို လွမ်းသွယ်စိတ်ထဲ
ဖော်မပါဘဲ နွဲရတော့မှာလားကွယ်..။
ခ်စ္ျခင္းၿပိဳင္လို႔ ခ်စ္ဂနိုင္ဝယ္
ႏွလုံးသားအလွဝယ္ ထာဝရခ်စ္စဖြယ္
စိတ္ခ်င္းဆက္သြယ္ ရင္ခ်င္းအပ္လြယ္
ဘဝခ်င္းဟပ္ႏြယ္ ပါရမီကံဆယ္လို႔သာပ
ႏွစ္ကိုယ္တူဖူးစာဆုံၾကေလေတာ့တယ္
ခ်စ္ျခင္းေမတၱာ သစၥာေရာစု ခ်စ္မႈခ်စ္ေသြး
ခ်စ္ေရးေျပာင္ေျပာင္ လြမ္းတန္ေဆာင္သို႔
ခ်စ္ျခင္းအဟုန္ ေဇာမာန္တုန္လ်က္
ၿပဳံးၿပဳံးထပ္ထပ္ အနမ္းဆက္လို႔
ဘဝသံသရာ ခ်စ္စာလႊာတို႔
ခ်စ္မိုးဝလႊာ ရွိန္ထိုးကား တိမ္တိုးၾကားမွာဝယ္
အသြယ္သြယ္ခ်စ္သဒၵါေတြႂကြၾကသည္မို႔
ထုံးပါရမီ ေရၾကည္လို႔ဆက္သရာသည္မို႔
အၿပဳံးမနသီ ႐ႊင္ၾကည္ကာေဇာဖရဏာ
ဘဝင္ထိစရာပ ၾကင္ကညာမျငင္မိစရာမို႔
ကို႔ကို႔လိုပင္အခ်စ္တြင္စမ္းရမတဲ့ကြယ္
ျမန္းပ ေတာမဟာဂနိုင္လယ္
ၿမိဳင္ႀကီးရိပ္သီးခိုကာ စိပ္ပုတီးနဲ႕
ႏွမငယ္ကို လြမ္းသြယ္စိတ္ထဲ
ေဖာ္မပါဘဲ ႏြဲရေတာ့မွာလားကြယ္..။