.အစပိုင်းမှာ လူတွေသတ်မှတ်ထားတဲ့ အောင်မြင်မှုကို ရှာတယ်။
နောက်ပိုင်းမှာတော့ ကိုယ့်ရင်ထဲက ယုံကြည်နေတဲ့ အောင်မြင်မှုကိုပဲ ရှာရတော့မယ်။
.ဘယ်အချိန်မှာ ပြောရမယ်၊ ဘယ်အချိန်မှာ နှုတ်ဆိတ်နေရမယ်ဆိုတာ ကောင်းကောင်း သိရမယ်။
.လူတွေရဲ့ စကားကို ဂရုမစိုက်တတ်ဘူး။
ဒါပေမယ့် ကိုယ့်ရဲ့သိက္ခာတရားကိုတော့ ဂရုစိုက်တတ်ရမယ်။
.အဆိုးတွေနဲ့ကြုံရတိုင်း ဝမ်းမနည်းသင့်ဘူး။
ဒါတွေဟာ အခိုက်အတန့်ပဲဆိုတာ သိရမယ်။