*** အစွန်းထွက် ဟင်းလင်းပြင် ***
အမှောင်တွေ ငါ့ အပေါ်လောင်းချပစ်လိုက်
ထာဝရ မိုးချုပ်သွားပါစေ..
ပွက်ပွက်ဆူနေတဲ့ နေခြည်ထဲ
လက်ကုန်နှိုက်ပြီး ဆေးချပစ်လိုက်မယ်...
ကျွမ်းလောင် နွမ်းကြွေသွားခဲ့ပါစေ...
ကမ္ဘာမြေ ထမ်းပိုးထားတဲ့
အတ္တအတုံးအခဲကြီးကို
ကြယ်ကြွေတွေရဲ့ ဥပမာအတိုင်း
ပျံ့ကြဲ မှုန်မွှားသွားကြပါစေ...
ရှူး....တိုးတိုး...
ငါ့အတွက် ဝမ်းနည်းပြီးရင်
အသက်မရှူကြနဲ့
လေထုထဲမှာ ငါ ရှိနေတယ်....
I'm ATM.
Msu 021.
Photo credit.