ကျနော်တို့ steemit user များခင်ဗျာ...
ကျနော်အစောပိုင်းကတည်း..SBD ကနေ PM ကိုပြောင်းတဲ့နည်း တင်ပေးခဲ့ပါတယ်...
ယခုဖြစ်စေချင်တာကတော့...ကိုယ့်မြန်မာအချင်းချင်းပဲ တတ်နိုင်ဆုံး Vote ပေးကြပါ
နိုင်ငံခြားက Postတွေမှ Vote ပေးကြတယ် တချို့က....ကိုယ့်မြန်မာဆို မပေးကြဘူး....
မြန်မာနိုင်ငံသားအချင်းချင်း လက်တွဲခေါ်ကြပါ....ကျနော်တို့မြန်မာနိုင်ငံသားတွေ တစ်ဦးနှင့်တစ်ဦး လက်တွဲခေါ်သွားရင် ကျနော်တို့လိုချင်တဲ့ပစ်မှတ်ဆိုတာ ခဏလေးနဲ့ရောက်နိုင်ပါတယ်......
နောက်တစ်ချက်က..Postတင်ရင်...အတတ်နိုင်ဆုံး အကောင်းဆုံးကို ရွေးတင်ကြပါ...
ကျနော်ကိုယ်တိုင်ဆိုရင် စာများများဖတ်လာတယ်...ဝတ္ထု တွေ...ဆောင်းပါးတွေဖတ်လာတယ်...အကုန်လုံးပေါ့ဗျာ......
ကျနော်ဟိုတလောက ရိုက်မိရိုက်ရာ ပုံလေးတွေတင်မိတယ်...ကျနော်လိုချင်တဲ့လိုင်းမဟုတ်ပါဘူးဘာလို့လဲဆိုတော့ ကျနော်လဲ Ever ခရီးသွားနိုင်တာမှ မဟုတ်ပဲ....
ကျနော်တို့ညီအကိုမောင်နှမတွေ တစ်ယောက်နဲ့တစ်ယောက် ဆွဲခေါ်ကြပါလို့............
အခက်အခဲရှိတာ နားလည်ပါတယ်....
ကျနော်တို့သွားနေတဲ့ Steemit လမ်းဟာ ကြမ်းတမ်းကောင်းကြမ်းတမ်းလိမ့်မယ်...
ဘာလို့လဲဆိုတော့ လူတစ်ယောက်ဟာ အမြဲတမ်းကြီးတော့ အတွေးကောင်း မထွက်နိုင်ဘူး စာအရေးအသားကောင်းမထွက်နိုင်ဘူးလေ...ဒါကြောင့် အားထုတ်ကြရတယ်...
ဘာပဲလုပ်လုပ် အခက်အခဲရှိမှ အဓိပ္ပါယ် ရှိပါတယ်...ကျနော်တို့နေ့စဉ် ကြုံတွေ့နေကြတဲ့ ဘဝမှာလည်း အခက်အခဲရှိမှ ဘဝအရသာ ခံစားရတာပါ........
ဘယ်အရာကိုမှ လွယ်လွယ်ကူကူ မတွက်ပါနဲ့
ကျနော်တို့steemit မှာ မသိနားမလည်တာ အများကြီးပါ..ခေါင်းရှူပ်တယ်ဆိုပီး မလုပ်တော့တဲ့လူတွေ ဒုနဲ့ဒေးပါ....
ဒါပေမယ့် လေးစားလောက်တဲ့ ဇွဲမလျော့ပဲ ဆက်လျှောက်နေတဲ့သူတွေလည်း ..မနည်းပါဘူး...
ကြိုးစားပါ.......
အခက်အခဲဆိုတာ ရှိစမြဲပါ...
ခုလုပ်ခုဖြစ်ခဲ့တာတွေရှိလား...
ကမ္ဘာကျော် အဖွဲ့အစည်းတွေလဲ ၎င်းတို့ယခုလိုအခြေအနေ ရောက်ဖို့ ရက်တွေ လတွေ နှစ်တွေ ရင်းခဲ့ရပါတယ်....
FACEBOOK,APPLE,MICROSOFT,WHO,NGO စသဖြင့်ပေါ့....သူတို့ဆိုရင် နှစ်ပေါင်းများစွာရင်းခဲ့ရပါတယ်...
ထိုအဖွဲ့အစည်းများသည် ငွေကြေးတတ်နိုင်ကြသော်လည်း...အချိန်ရင်းခဲ့ရပါတယ်...စည်းလုံးခဲ့ရတယ်...မလျော့သောဇွဲ့နဲ့ကြိုးစားခဲ့ကြတယ်....
သူတို့လဲ လူထဲကလူပါပဲ...ကျနော်တို့လိုပဲ မျက်လုံးပါတယ်...တွေးခေါ်နိုင်တဲ့ဦးနှောက်ပါတယ်..ပြောနိုင်တဲ့ပါးစပ်တွေပါတယ်..
ခံစားတတ်တဲံ့ခံစားချက်တွေရှိပါတယ်...
ကျနော်တို့လဲ ကြိုးစားရင် ဖြစ်ပါတယ်.........
နိုင်ငံကျော်ပညာရှင်တွေအဆိုအမိန့်တွေကြားဖူးမှာပါ...
" မင်းလဲကျမှာ စိတ်မပူဘူး
ပြန်မထမှာကိုပဲ စိတ်ပူတယ်"
အရမ်းအဓိပ္ပါယ်ရှိတယ်....ကျနော်တို့postတင်တယ်....အကောင်းဆုံးရေးတင်တယ်...ဒါပေမယ့်အဖတ်မလုပ် $တွေနည်းနည်လေးနဲ့ကျော်ဖြတ်ခဲ့ရတယ်...ကျနော်လဲဖြစ်ခဲ့ဖူးပါတယ်........
ဒါပေမယ့် မရပါဘူး မဖြစ်ပါဘူးဆိုပီး အားမလျော့ပါနဲ့...ဘာလို့ဆို ကျနော်လဲ အာ့လိုအတွေးဝင်ခဲ့ဖူးပါတယ်.....
အတတ်နိုင်ဆုံး ပုံမှန်လေး သွားပါ...ဆက်လျှောက်ပါ.....ကျနော်တို့မြန်မာနိုင်ငံသားတွေကြိုးစားမှူကို အသိအမှတ်ပြုတဲ့ နေ့ ရောက်လာတော့မှာပါ....သိနားလည်တဲ့ဆရာတွေလည်း ကြိုးစားပေးနေကြပါတယ်...
........................................................
နည်းနည်းဖြစ်ဖြစ်ကြိုးစားခြင်းက
အလွယ်တကူအရှူံးပေးတာထက်
အဆများစွာ သာပါတယ်........
ကြိုးစားရင်းနဲ့.....
yairthiha
Myanmar
Credit :google images