Nokia ကနေ ပြီးခဲ့တဲ့ လပိုင်းတုန်းက ပထမဆုံးအနေနဲ့ Display မှာ Notch ပါဝင်တဲ့ Nokia X6 စမတ်ဖုန်းကို ထုတ်လုပ်ခဲ့ပြီးတော့ အခုအချိန်မှာ အဆိုပါ Nokia X6 စမတ်ဖုန်းက တရုတ်နိုင်ငံမှာ ရောင်းအားအလွန်ကောင်းနေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် တခြားသော နိုင်ငံတွေမှာပါ အဆိုပါ Nokia X6 စမတ်ဖုန်းကို Nokia 6.1 Plus အနေနဲ့ ရောင်းချသွားဖို့ကို HMD Global ကနေ စီစဉ်နေပြီပဲဖြစ်ပါတယ်။
အခု Nokia X6 စမတ်ဖုန်းက အောင်မြင်နေတဲ့အတွက် Nokia ဟာ နောက်ထပ် X Series စမတ်ဖုန်းတစ်ခုကို မနက်ဖြန်မှာ ထုတ်ပြတော့မှာဖြစ်ပြီးတော့ အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ Nokia ဟာ ထင်ထားတာထက်ပိုတဲ့ စွမ်းဆောင်ရည်ကို Nokia X5 စမတ်ဖုန်းအသစ်မှာ ထည့်သွင်းလာမယ်လို့ သိရပါတယ်။
အခု သတင်းက နောက်ဆုံးအချိန်မှ ထွက်ပေါ်လာတာဖြစ်တဲ့အတွက် အမှန်တကယ်ဖြစ်လာနိုင်ပီးတော့ အစောပိုင်းတုန်းက Nokia X5 စမတ်ဖုန်းမှာ MediaTek ရဲ့ Mid Range Processor တစ်ခုဖြစ်တဲ့ MediaTek Helio P23 Processor ကို အသုံးပြုလာမယ်လို့ ဆိုထားပေမယ့် အခုအချိန်မှာတော့ Helio P60 Processor ကို ပြောင်းလဲအသုံးပြုတော့မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာတာပါ။
Nokia ဟာ အခု Nokia X5 စမတ်ဖုန်းမှာ 5.86″ HD Display ကို အသုံးပြုလာမှာဖြစ်ပြီးတော့ Screen ရဲ့ အပေါ်ဘက်မှာ Notch ကိုလည်း ထည့်သွင်းထားမှာပဲဖြစ်ပါတယ်။ ကင်မရာပိုင်းအနေနဲ့ကတော့ 13MP+5MP Back Camera နဲ့အတူ 8MP Front Camera ကို တပ်ဆင်ထားတဲ့အတွက် Mid Range ဖုန်းတစ်ခုအနေနဲ့တော့ မဆိုးဘူးလို့ သတ်မှတ်ရမှာပါ။
တကယ်လို့သာ Nokia ဟာ အခု Nokia X5 စမတ်ဖုန်းမှာ MediaTek ရဲ့ Helio P60 Processor ကို အသုံးပြုလာခဲ့မယ်ဆိုရင် ဈေးနှုန်းအရလည်း Nokia X6 စမတ်ဖုန်းထက် သက်သာမှာဖြစ်တဲ့အတွက် ငွေကျပ် ၂ သိန်းဝန်းကျင်လောက်နဲ့ စွမ်းဆောင်ရည်အကောင်းစား စမတ်ဖုန်းတစ်ခုကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် Nokia X5 စမတ်ဖုန်းကို မနက်ဖြန်ကြရင် တရားဝင်မြင်ရတော့မှာပါ။
SOURCE
PHOTO - GOOGLE