ဝန်ကြီးဌာနကားတွေ
ပြည်နယ်တိုင်း ဝန်ကြီးချုပ်ကားတွေ
ဝန်ကြီးကားတွေ ကျနော်တို့က
ကားလဲပေးတယ်။
ဒါကို တချို့က ရေးကြတယ်။ ပိုက်ဆံကမရှိဘူး။ အဆောင်အယောင်တွေခံစားတယ်။ ဝန်ကြီးတွေကို ကားဝယ်ပေးတယ်။ ခုဆို ဝန်ကြီးချုပ်တွေ မာစီဒီးဖြစ်သွားပြီ။ ဝန်ကြီးတွေမာစီဒီးဖြစ်သွားပြီ နဲ့ ဒီလိုပြောကြတယ်။
ဒါက ကျနော်တို့ ဝယ်ပေးတာ မဟုတ်ပါဘူး။
ကျနော့်လက်ထက်မှာလဲ တစီးမှ ဝယ်ပေးတာ
မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ လက်ထက်က ကျန်ခဲ့တဲ့ ဂိုဒေါင်ထဲမှာ ထိုးထည့်ထားတဲ့ ကားပေါင်းမြောက်များစွာထဲက ကျနော့်လက်ထက်မှာ ပြန်လည်စီစစ်ပြီးတော့ ဒီတိုင်းထိုးထားမယ့်အစား သံဂျီးတက်မယ့်အစား တည့်တည့်ပြောလို့ရှိရင် ဆီတွေထုတ်နေမယ့် အစား သူ့ဟာသူဆီဖိုးခံ သူ့ဟာသူပျက်ရင် သူ့ဟာသူပြင် ဝန်ကြီးတွေဝန်ကြီးချုပ်တွေစီးပါစေ ဆိုပြီးပေးလိုက်တာ။ တစီးမှ မဝယ်ရပါဘူး။
ပြီးခဲ့တဲ့လက်ထက်က ကျန်ခဲ့တဲ့ ကားတွေပါ၊၊
ဂိုဒေါင်ထဲမှာ တပြုံကြီးပါ။ အဲ့ဒီဟာတွေကို စီစစ်ပြီး ကျနော်ပြန်လုပ်ပေးတာပါ။
တချို့က မသိတော့ ကျနော်တို့ကို ဝိုင်းပြီး...မသိတာလဲ ဖြစ်မှာပေါ့ဗျာ။ ဒီလိုပဲ သိသိလျက်နဲ့ပဲ ဖြစ်မှာပေါ့။ ကျနော်တို့ကပဲ ဝယ်ပေးလိုက်သလို
ပိုက်ဆံတွေပေါနေသလို နဲ့ ရေးကြပြောကြတယ်။
ဦးဝင်းမြင့်
နိုင်ငံတော်သမ္မတ
၂၈.၇.၂၀၁၈