Steemit အတွက် အဆင်ပြေတဲ့ Puffin Browser (original writting by )
မင်္ဂလာပါဗျ။
ဘိုက်ဘော ပရိုမိုးရှင်းယူဖို့အတွက် ပို့စ်လေးတစ်ခုရေးတင်လိုက်ပါတယ် ခင်ဗျ။
ဒီနေ့ ကျွန်တော်လက်ရှိသုံးနေတဲ့ browser လေးအကြောင်းပါ။
steemit အသုံးပြုနေသူတွေထဲမှာ ရှောက်မီဖုန်းသမားတွေအတွက် မြန်မာ font ဟာ တော်တော်လေးကို ဒုက္ခပေးပါတယ်။
steemit သုံးတဲ့အခါ မြန်မာစာအတွက် uc browser က အဆင်ပြေပေမယ့် ကျွန်တော့်စိတ်ထဲတော့ loading နှေးနေတယ်လို့ ခံစားရပါတယ်။firefox browser မှာ တခူး add-on ထည့်သုံးရင်လည်း မြန်မာစာအဆင်ပြေပေမယ် လေးလံနေတယ်လို့ ခံစားရပါတယ်။
ကျွန်တော်လည်း browser တော်တော်များများ (chrome,edge,samsung-----)စမ်းသုံးကြည့်ပေမယ့် မြန်မာ font အဆင်မပြေတာရယ်၊loading နှေးနေတာတွေနဲ့ ကြုံခဲ့ရပြီး steemit သုံးဖို့ စိတ်တိုင်းကျ browser ရယ်လို့ ရှာမတွေ့ခဲ့ပါဘူး။
ဒါပေမယ့် ကံအားလျော်စွာပဲ puffin browser ကို အမှတ်မထင် တွေ့ရှိခဲ့ပါတယ်။တခြားသော browser တွေထက် puffin browser ရဲ့အားသာချက်ကတော့ မြန်မာ font(zawgi)ကို ထောက်ပံ့ပေးတဲ့အပြင် loading time လည်း တော်တော်လေးမြန်တာကို တွေ့ရပါတယ်။ကျွန်တော်ကတော့ အခု puffin browser လေးသုံးရတာ စိတ်ချမ်းသာတယ်ဗျာ။''ထမင်းကောင်း ဟင်းကောင်းစားရတဲ့အခါ ကိုယ်ခင်မင်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို သတိရတတ်တယ်'' ဆိုတဲ့ မြန်မာစကားပုံလေးအတိုင်းပါပဲ။ကျွန်တော် puffin browser နဲ့ အိုကေနေတဲ့အချိန်မှာ browser အတွက် တိုင်ပတ်နေတဲ့ သူငယ်ချင်းတွေရှိခဲ့ရင်လည်း ကျွန်တော့လို စိတ်ချမ်းသာစေချင်တာပါ။ဒါ့ကြောင့် ဒီ puffin ဆိုတဲ့ browser လေးကို မျှဝေပေးရခြင်းပဲဖြစ်ပါတယ်။puffin browser ကို play store နဲ့ အခြားသော App Store တွေမှာ အခမဲ့ ရယူသုံးစွဲနိုင်ပါတယ်။
အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ကျမ်းမာ ချမ်းသာ ဘေးရန်ကင်းကွာကြပါစေဗျား။
Author -