ဘာဖြစ်လို့အဲဒီလိုပြောတာလဲလို့ပြန်မေးခဲ့တော့ သူက ကျွန်မကိုစချစ်ခဲ့ကတည်းက ကျွန်မရဲ့ပုံစံကို လက်ခံပြီးချစ်ခဲ့တာမို့ သူလိုတဲ့ပုံစံကို ကျွန်မပြောင်းလိုက်ရင် ကျွန်မရဲ့ နဂိုမူရင်းပုံစံတွေ ပျောက်ပျက်သွားမှာ သူစိုးတာမို့ စားစား ၊ သြားသြား ၊ ဘာပဲလုပ်လုပ် ကျွန်မရဲ့စိတ်ရင်းအတိုင်း လုပ်ကိုင်နေထိုင်ပါလို့ သူက ပြောခဲ့ပါတယ်။ ချစ်သက် (၁၀)နှစ်ကျော် အိမ်ထောင်သက်(၁၀)နှစ်နီးပါးရှိနေတဲ့ ယခုအချိန်ထိ ကျွန်မရင်ထဲစွဲနေတဲ့ သူ့စကားဟာ Being yourself is my Love ပါ။ ကျွန်မစိတ်သဘောအတိုင်းနေထိုင်တာကို သူခ်စ္တာတဲ့။ လေးလေးနက်နက်ဆိုခဲ့တဲ့ သူ့မျက်လုံးနဲ့ သူ့စကားလုံးတွေကြောင့် အဲဒီအချိန်ကတည်းက သူဟာ ကျွန်မရဲ့ အဖော်မွန်ကောင်းလို့ ကျွန်မတဝက်သတ်မှတ်ခဲ့တာ။ နောက်ပိုင်းမှာ အပြောနဲ့အလုပ် တကယ် ညီ ၊ မညီဆိုတာ နည်းနည်းတော့ စောင့်ကြည့်စမ်းသပ်ခဲ့သေးတာပေါ့နော်။ ဒါပေမယ့် ကျွန်မတို့ဟာ နှစ်တွေအကြာကြီးမတွဲဘဲ တစ်ဦးကိုတစ်ဦး နားလည်သထက်နားလည်လာတဲ့အချိန်မှာ လက်ဆက်ခဲ့ကြတာပါ။