မြန်မာ့တပ်မတော် အပိုင်း(၁)
!
Global Fire powerဆိုတာကတော့ နိုင်ငံတစ်နိုင်ငံ ရဲ့ စစ်ရေး စစ်အင်အားကို အချက်အလက်ပေါင်း ၅၀ကျော်ကနေ စုစမ်းလေ့လာဆုံးဖြတ် စိစစ်ပြီးတော့ ထိုနိုင်ငံရဲ့ စစ်အင်အားကို တစ်နှစ်အတွင်း အခြားနိုင်ငံများနှင့် compareပြန်လုပ်ကာRanking(အဆင့်)ထုတ်ပြန်တဲ့ အဖွဲ့အစည်း တစ်ခုဖြစ်ပါတယ်...ထိုGlobal Fire Powerကထုတ်ပြန်တဲ့ မြန်မာ တပ်မတော့်ရဲ့ Ranking,Detail,Dataတွေကို ကျွန်တော်က အပိုင်းလေးတွေ ခွဲပြီး ပြန်ရေးသွားပါမယ်....
download_1508158896328.png
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ အင်အားကြီး နိုင်ငံတစ်နိုင်ငံတစ်ခုဖြစ်လာနေပါတယ်...အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင့်ဖြစ်ပြီး အိမ်နီးချင်း ထိုင်း ဘင်္ဂလားတို့ရဲ့ ကျူးကျော် ရန်စမှုများကို ကာကွယ်ရန် ၊ တိုက်ခိုက်နိုင်ရန် ၊ဒေသတွင်း နိုင်ငံတွင်း ခေတ်မီတပ်မတော် တစ်ခု တည်ဆောက်ရန် ၊ တိကျ မြန်ဆန်လှသော ခေတ်မီ လက်နက်များကို တပ်ဆင်နိုင်ရန် ကြိုးပမ်းတည်ဆောက်လျက်ရှိသည်...
Global fire powerရဲ့ထုတ်ပြန်တဲ့ 2017 Military Rankingအရ မြန်မာ့ တပ်မတော်ဟာ ကမ္ဘာ့ အဆင့် 31မှာ ရပ်တည်နေသည်...မြန်မာပြည်ရဲ့ Power Indexအချိုးဟာ 0.5991 ရှိသည်...မြန်မာပြည်ရဲ့ လူဦးရေဟာ 56890418 (56သန်းကျော်)ရှိပြီး စစ်တိုက်နိုင်တဲ့ လူဦးရေ ဟာ သန်း 30ခန့်ရှိသည်...လက်နက်တပ်ဆင်ပေးနိုင်တဲ့ လူဦးရေဟာ 21635000(21သန်းကျော်)ရှိသည်...လက်ရှိ မြန်မာ့တပ်မတော် ဌာနဒေသဆိုင်ရာ အသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့်
အရာရှိ အကြပ်စစ်သည်ပေါင်း 1030000ကျော်ရှိလေသည်...တိုက်ခိုက်ရေး တပ်အင်အားများအနေဖြင့် 516000
ကျော်ခန့်ရှိပြီး 406000ကျော် အသင့်အနေအထား ရှိသည်..
အရန်အင်အားအနေဖြင့် 110000ကျော်ခန့် ဖွဲ့စည်းထားသည်...
ဘတ်ဂျတ်သုံးစွဲမှု အနေဖြင့် မြန်မာ့တပ်မတော်ရဲ့ စစ်အသုံးစရိတ် ကာကွယ်ရေး အသုံးစရိတ်အနေဖြင့် တစ်နှစ်လျှင် 2.4ဘီလီယံ သုံးစွဲပီး စစ်လက်နက်တွေရဲ့ စုစုပေါင်း ဝယ်ယူသုံးစွဲခြင်းဟာ
311.1ဘီလီယံ ခန့်ရှိသည်...
MBT -2000
BTR3
မြန်မာ့တပ်မတော်ရဲ့ ကြည်းတပ်အင်အားများနှင့် စစ်လက်နက် ပိုင်ဆိုင်မှုများကို ဖော်ပြမည်...
ကြည်းတပ်အင်အားတွင် အဓိကအားဖြင့် ပင်မတိုက်ပွဲဝင် တင့်Main Battle Tank(MBT) နှင် အပေါ့စားတင့်ကား (a few main in service) ဆိုပြီး အကြမ်းအားဖြင့် ပါဝင်သည်...ထိုတင့်ကားများကိုလည်း တိုက်ခိုက်ရေး နှင့် တင့်ဖျက်စီးရေး အတွက်လည်း ပါဝင်သည်...အပေါ့စားတင့်ကား(သို့) အပေါ့စား သံချပ်ကာယာဉ်များ /လူသယ် သံချပ်ကာ ယာဉ်များကို
ဘီး ၊ ချိန်း ၊ ချိန်း နှင့် ဘီး တွဲလျက် ဆိုပြီး အများအားဖြင့် တပ်ဆင်ကာ အသုံးပြုကြသည်...လူသယ်သံချပ်ကာယာဉ်များAPCs.Armored Presonal Carrier ကို ခြေလျင်တပ်သုံးတိုက်ခိုက်ရေးယာဉ်များအဖြစ်လည်း အသုံးပြုလျက်ရှိသည်...လက်ရှိ မြန်မာ့တပ်မတော်တွင်တော့
MBT or Combat Tankများအနေဖြင့် 592စီးပိုင်ဆိုင်ထားသည်...တိုက်ခိုက်ရေးသံချပ်ကာယာဉ်များအနေဖြင့် 1358စီး ပိုင်ဆိုင်ထားသည်...ယာဉ်တင် ဟောင်ဝှစ်ဇာ အမြောက်များ အနေဖြင့် 108ခန့်ရှိပြီး ယာဉ်ဆွဲ ဟောင်ဝှစ်ဇာ အမြောက်များ အနေဖြင့် 884 လက်ခန့် ပိုင်ဆိုင်ထားသည်...ဒုံးကျည် ပစ်လွှတ်ယာဉ်များ ဒုံးတင်ယာဉ်များ108စီးအထိ ပိုင်ဆိုင်ထားလေသည်...အပိုင်း (၂)ဆက်ရန်
Photo-google
Translate and Writing-
16.10.2017
MSC-067
Ref-https://www.globalfirepower.com/country-military-strength-detail.asp?country_id=myanmar
Thank you all