ချစ်တဲ့စိတ်နဲ့ မုန်းတဲ့စိတ်လွန်ဆွဲရင်း မပြတ်မသားဖြစ်နေချိန်တွေ ဘယ်လိုရှိနေပစေ ၊ စိတ်နာသွားတဲ့အခြေအနေမှာတော့ သွားလိုက်တော့လို့ လှည့်မကြည့်စတမ်း ကျောခိုင်းသွားမှာပါ။ အမြဲတမ်းချစ်သွားမယ်လို့ပြောတဲ့သူတွေလည်း တချိန် တယောက်ကိုတယောက် မကြည့်ချင်လောက်အောင် မုန်းသွားနိုင်တယ်။ မခွဲနိုင်ဘူး တတွတ်တွတ်ရွတ်ခဲ့သူတွေ မျက်နှာချင်းမဆိုင်ချင်တော့လောက်အောင် ခါးသည်းသွားနိုင်တယ်။ ဘဝအဆက်ဆက် ပေါင်းဖက်ရပါစေလို့ ဘုရားအဆူဆူမွာ ဆုပန်ခဲဖူးပေမယ့် ကိုယ့်ရဲ့ ကျန်နေသေးတဲ့သက်တမ်းမှာ ဒီလူနဲ့ပြန်မဆုံချင်တဲ့သူတွေရှိတယ်။ ရိုးမြေကျ ပေါင်းဖက်ရပါစေသားလို့ တိုင်တည်ရည်ရွယ်ထားခဲ့ပေမယ့် မအိုခင် ၊ မနာခင် လမ်းခွဲလိုက်တဲ့စုံတွဲတွေလည်းရှိတယ်။