တကယ်အိပ်ပျော်နေခဲ့တာပါ။ အခြားလူတွေ steemmit ကိုစွန့် ecency ပြောင်းချိန်ကျွန်တော်က ဒီလမှ power down လိုက်တယ် 7 ရက်ကို 169 ပဲ down လို့ရပါတယ်။ ခုထိတော့ TRX တွေပေးနေတုန်းပါ။ ကံကောင်းစွာနဲ့ hive တွေရလိုက်တယ်။ ခုဈေးကျနေတော့ စိတ်ပျက်ရပြန်တယ်ဗျာ။ splinterlands ဂိမ်းလေးရှိနေလို့မှ ပျော်စရာတွေရသေး။ အများစုကတော့ စုထားကြတယ် ကျွန်တော်ကတော့ hive ပဲလဲနေလိုက်တယ်။ ecency မှာ power up မလုပ်ပဲ ဒီအတိုင်းပဲစောင့်ကြည့်တုန်းပါ။
မြန်မာပြည်မှာ နေကြာတွေခေတ်စားနေတာ အိပ်ပျော်နေတယ်မသိလိုက်ဘူး။ ဘာလဲပေါ့ ခုထိလည်းမသိသေးပါဘူးဗျာ။ forex trading လုပ်လိုက် အားတိုင်း bigo ပေါ်ရောက်နေပါရော။ bigo level တောင် 30 ပြည့်ခါနီးပြီ။ svipကြီးနဲ့ပေါ့။
စကားမစပ် 30 ရက်နေ့ ည 8:00 to 8:15 bigoမှာ ကျွန်တော်ပြိုင်ပွဲရှိတယ်နော်လာအားပေးကြအုံး။
ပြီးခဲ့တဲ့လက bigo လစာ ကျပ်နှစ်သိန်းပဲရလိုက်တယ်။ ဒီလလည်းအများကြီးရရမှာ ရထားတဲ့ ပဲစေ့တွေ ဂိမ်းဆော့လိုက်လို့ အများကြီးမမျှော်လင့်တော့ပါဘူး။ ငွေလည်းတော်တော်ကုန်ထားပြီ ဂိမ်းပေါ့။ မဆော့ပဲလည်းမနေနိုင် သူများလည်း ကောင်းကောင်းပေးချင်တော့ ဂိမ်းဆော့ စိန်ရှာရရင်တော့ တွေ့သမျှလူအကုန်ပေးတာပဲ။ ကုန်လို့ကတော့ ငွေသာကုန်သွားတယ် ဘာမှကို အကျိုးမရှိလိုက်ဘူး။ အိပ်ပျော်နေတာများတော့ ဖွဘုတ်တောင်ကောင်းကောင်းမသုံးမိ ဒီလိုနဲ့ ဈေးလေးရောင်းလိုက်နဲ့ တစ်နေ့တာကုန်ပါလေရော။ အပြင်လည်းမထွက်ဆို မြို့ထဲတောင် တစ်လတစ် ရောက်ခဲနေတယ်။ ကားကလည်းမထုတ်စီးတာများတော့ အားကုန် power bank နဲ့ သွင်းနိုးရတယ်ဗျာ။ အိပ်ပျော်တာတွေများနေတော့ website လည်း မရောက်၊ youtube လည်း မတင်ဖြစ်ပါဘူး။ pages တွေဆို မတင်တာကြာတော့ reach တွေလည်းကျနေပါပြီ။ အိပ်လို့ကောင်းနေတုန်း လူ့ဘဝလာတုန်း အိပ်ရတာပါ။