အခြေခံမှ စနစ်တကျလေ့လာလိုသူများအတွက်
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
Lesson 1 : Nice to meet you!
သင်ခန်းစာ ၁ : တွေ့ရတာဝမ်းသာပါတယ်
***********************************
Summary - အကျဉ်းချုပ်
Mike is new to Yangon.
မိုက်ခ်က ရန်ကုန်ကိုစရောက်တာမကြာသေးပါဘူး
He is from a small town.
သူ့ဇာတိက မြို့ငယ်လေးတစ်ခုကပါ။
He moves to Yangon to earn money.
သူ့အနေနဲ့ အလုပ်လုပ်ဖို့အတွက် ရန်ကုန်ကိုပြောင်းရွေ့ ရောက်ရှိ လာတာပါ။
He meets Juck at a restaurant.
မိုက်ခ်က ဂျက်ခ်ကို
စားသောက်ဆိုင်တစ်ဆိုင်မှာ ဆုံမိပါတယ်။
_____________________________________________
Conversation
စကားပြောခန်း
~~~~~~~~~
အခုရေးပေးထားတဲ့ Conversation
လေးက ကျွန်တော့်စိတ်ကူးအရ ကျွန်တော် ဖန်တီးရေးသားထားပေမယ့် အင်္ဂလိပ်လူမျိုး
အစစ်ကြီးတွေ တကယ်သုံးနှုန်းလေ့ ရှိကြတဲ့ စကားစုတွေကိုသာ ထည့်သွင်း သုံးနှုန်းထားခြင်း ဖြစ်ပါတယ်။ အသုံးအနှုန်း အမှားအယွင်းတွေကို စိုးရိမ်စရာမလိုဘဲ စိတ်ချလက်ချ သေသေချာချာ
လေ့လာ မှတ်သားနိုင်ပါတယ် ခင်ဗျာ ။
At a restaurant
စားသောက်ဆိုင်တစ်ဆိုင်တွင်ဖြစ်သည်။
Mike: Excuse me. Do you mind if I join you?
တစ်ဆိတ်လောက်ခင်ဗျာ
ကျွန်နော် ခင်ဗျားနဲ့ တူတူထိုင်လို့ရမလား?
Juck: Sure . Please, have a seat.
ရပါတယ် ထိုင်ပါခင်ဗျာ။
Mike: Thanks.
ကျေးဇူးပါပဲဗျာ။
Juck: You're welcome!
Juck: It's nothing really.
ရပါတယ်ဗျာ ဘာမှမဟုတ်တာလေးဘဲဟာ။
Mike: �� I'm Mike.
ကျွန်တော်က မိုက်ခ်ပါ။
Juck: I'm Juck . Nice to meet you!
ကျွန်တော်က ဂျက်ခ်ပါ။
တွေ့ရတာ ဝမ်းသာပါတယ်။
Mike: Nice to meet you too.
ကျွန်တော်လည်းပဲ တွေ့ရတာ ဝမ်းသာပါတယ်။
Juck: I have to go now.
ကျွန်တော်တော့ အခု သွားရတော့မယ်။
Juck: I come here often.
ကျွန်တော် ဒီဆိုင်ကို မကြာမကြာလာဖြစ်ပါတယ်။
Juck: Hope to see you again. Bye...
နောက်တစ်ခါပြန်ဆုံကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ Bye.....
Mike: Well, it was nice meeting you!
ကောင်းပါပြီဗျာ တွေ့ဆုံရတာ ဝမ်းသာမိပါတယ်။
Juck: Yeah. It was a pleasure metting you.
ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်။
_____________________________________________
ထိထိမိမိ နားလည်သဘောပေါက်ပြီး ကောင်းမွန်စွာ ပြန်လည် အသုံးချနိုင် စေဖို့ရန် အတွက် အခုရေးပေးထားတဲ့ အပိုင်းကို သေချာလေး လေ့လာစေလိုပါတယ်
||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
Excuse me ကို တစ်ယောက်ယောက်ရဲ့
အာရုံစိုက်မှုကို လိုချင်ရင် သုံးပါတယ်။
Excuse me! ဒီမှာရှင့် တစ်ဆိတ်လောက်
သူများပြောတာ ကိုယ်က နားမလည်ရင်လည်း
Excuse me ပြန်ပြောပေးပါ
ဆိုတဲ့ အနေနဲ့ သုံးနိုင်ပါတယ်။
စကားစမြည်ပြောနေတုန်း
Excuse me ခွင့်ပြုပါအုံးနော်
ဆိုတဲ့ အနေနဲ့
ခွဲခွာခါနီးမှာလည်း သုံးပါတယ်။
Excuse me
ဒီမှာ ခင်ဗျာ တစ်ဆိတ်လောက်/
ပြန်ပြောပေးပါ /
သွားခွင့်ပြုပါအုံး
Do you mind if I join you? ကို
ဆိုင်တစ်ဆိုင်မှာ သူများထိုင်နေတဲ့ ဝိုင်းမှာ ခုံလွတ်တွေ့လို့ ကိုယ်က ထိုင်ချင်တာနဲ့ ခွင့်တောင်းတဲ့ အနေနဲ့ သုံးသလို
သူများတွေ သွားကြမယ့် နေရာ တစ်နေရာရာကို ကိုယ်ကလိုက်ချင်စိတ်ပေါက်ရင်လည်း လိုက်ခွင့်တောင်းတဲ့ အနေနဲ့သုံးပါတယ်။
We're going to the movies tonight.
ငါတို့ ဒီည ရုပ်ရှင်သွားကြည့်ကြမလို့
Go to the movies အတွဲလိုက်အသုံး သတိပြုနော်
Do you mind if I join you?
ငါလည်း တူတူ လိုက်လို့ရမလားဟင်
Do you mind if I join you?
တူတူ ထိုင်စားလို့ရမလား ( လိုက်လို့ရမလား)
Thanks ကျေးဇူးပါ
တစ်လုံးတည်းသုံးရင် (S) ပါတာကို သတိပြုပါ။
Thanks က Noun ပါ။
မရဘူးကွာ ငါတော့ (s) ထည့် မသုံးချင်ဘူး။
အဲဒါဆိုရင်တော့ Thank you. လို့ သုံးပါ။
Thank you. မှာပါတဲ့ Thank ကတော့ Verb ဖြစ်ပါတယ်။
Thanks = ကျေးဇူးပါ
Thank you. = ကျေးဇူးတင်ပါတယ်
You are welcome!
ဆိုတာကတော့ တစ်ဖက်သားက ကိုယ့်ကို ကျေးဇူးတင်စကား ဆိုလာတဲ့အခါ ယဉ်ကျေးစွာပြန်ပြောတဲ့အနေနဲ့ သုံးတာပါ။
Used as a polite response to thanks
Thanks ကျေးဇူးပါ
You're welcome ! = ရပါတယ်
It was nice meeting you!
သို့မဟုတ်
It was a pleasure meeting you!
Used to say good bye politely to someone you have just met for the frist time .
အခုမှ စပြီး ပထမဆုံးအကြိမ်အနေနဲ့ သိကျွမ်းတဲ့သူကို သွားခါနီး ယဉ်ကျေးစွာ နူတ်ဆက်တဲ့ အနေနဲ့ သုံးတာပါ။