တိုတောင်း၍ ပိုကောင်းသော ဘဝဒဿနများ
The shorter and better philosophies of life
လှည့်ဖြားတတ်သူတွေနဲ့ ကောက်ကျစ်သူတွေဟာ
အခြားသူတွေရဲ့ ဆိုးကွက်ကိုသာ ရှာဖွေလေ့ရှိပြီး
ကောင်းကွက်တွေ၊ နှစ်သက်ဖွယ်တွေကို မရှာဖွေပါဘူး။
မြတ်ဗုဒ္ဓက "ပညာရှိဆိုတာ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းခံရရင်
ဘဝင်ခိုက်တာကိုရော စိတ်မချမ်းသာတာကိုပါ ထုတ်မပြဘူး၊
သူတို့ဟာ လေဒဏ်ကြောင့်မလှုပ်ရှား ခိုင်ခန့်တဲ့ ကျောက်ဆောင်လို
အပြောင်းအလဲမရှိ ရပ်တည်တယ်" လို့ မိန့်တော်မူပါတယ်။
စစ်မြေပြင်က ဆင်တစ်ကောင်ဟာ သူ့ကို ပစ်ခတ်တဲ့ မြားတံအားလုံးကို ကြံ့ကြံ့ခံသလို ကျွန်တော်တို့လည်း စော်ကားမှုအားလုံးကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရပါမယ်။
The deluded and the wicked are prone to seek
only the ugliness in others but not the good and beautiful.
Amidst praise and blame, the Buddha says,
the wise exhibit neither elation nor depression like a solid rock
that is not shaken by the wind they stand unmoved.
just as an elephant in the battle-field endures all arrows
shot at him, even so, we must brave all insults.
ဒီကမ္ဘာကြီးထဲမှာ ဖီလာဆန့်ကျင်တဲ့ သတင်းစကားတွေ၊
မဟုတ်မဟတ် စွပ်စွဲပြစ်တင်တာတွေ၊ သိက္ခာချတဲ့ ဝေဖန်မှုတွေကို
အထိန်းအချုပ်မဲ့ လျှာတွေနဲ့ ပြောဆိုတာ ကြားရနိုင်ပါတယ်။
ခြင်္သေ့လိုပဲ သူတို့စကားတွေကို နားစွင့်မနေသင့်ပါ။
အဲဒါတွေဟာ ပစ်သူထံ ဝေ့ပြန်သွားတဲ့ လက်နက်လို
စ,လာတဲ့နေရာမှာပဲ အဆုံးသတ်သွားပါလိမ့်မယ်။
ခွေးတွေက ဟောင်ပေမယ့် ယာဉ်တန်းကတော့
အေးအေးချမ်းချမ်း ဆက်သွားနေတာပါပဲ။
အလုပ်လုပ်သူတိုင်း အမှားမကင်းပါဘူး။
အမှားတွေဆိုတာ အတော်ဆုံး ဆရာတွေဖြစ်ပါတယ်။
In this world, we may hear adverse reports,
false accusations, degrading remarks of uncurbed tongues.
Like a lion, we should not even listen to them.
Like a boomerang, they will end where they began.
Dogs bark, but the caravans peacefully move on.
'He who makes no mistakes makes nothing.
Mistakes are the best teachers.'