၃၇ မင်းနတ်
(၁) သိကြားမင်း
မစလရွာမှ မာဃလုလင်ဖြစ်သည်။ တပည့် (၃၃) ယောက်နှင့်အတူ ရပ်ရွာလူမှုရေးအကျိုးတို့ ကို ဆောင်ရွက်ခဲ့၍ သေလွန်သောအခါ တာဝတိံသာနတ်ပြည်ü သိကြားမင်းဖြစ်သည်။ တပည့် လက်သားများလည်း နတ်အသီးသီးဖြစ်ကြသည်။ စတုမဟာရာဇ် တာဝတိံသာနတ်တို့၏ အကြီး အမှူးဖြစ်သည်။
လောကကိုစောင့်ရှောက်ပြီး မကောင်းသူကိုပယ် - ကောင်းသကို အမြဲကယ်ဆယ် စောင့် ရှောက်သည်။ လူ့လောကကို ပြန်လည်စောင့်ရှောက်သော နတ်မင်းဖြစ်၍ လူတို့က လေးစားကြည် ညိုကြသည်။
(၂) မဟာဂီရိနတ်နှင့် နှမတော်၊ စောမယ်ယာနတ်
တကောင်းပြည် ပန်းဘဲဦးတင့်တော်၏ သားဖြစ်သည်။ မောင်တင့်တယ်အမည်ရှိသည်။ ဆင်ပြောင်၏အစွယ်ကိုချိုးပစ်နိုင်သော အားခွန်ဗလကြီးမားသူဟု ကျော်ကြား၍ တကောင်းမင်းက သူ၏ မင်းစင်းစိမ်ကို လုယူလိမ့်မည်ဟု စိုးရိမ်ကာ ကွပ်မျက်သုတ်သင်ရန် ဖမ်းဆီးရာတွင် မောင်တင့်တယ်သည် တကောင်းမင်းနှင့် လွတ်ရာသို့ ထွက်ပြေးရသည်။
တကောင်းမင်းသည် မောင်တင့်တယ်ရန်ကိုကြောက်ရွံ့သဖြင့် မောင်တင့်တယ် နှမအကြီး စောမယ် ယာကို တော်ကောက်ပြီး မိဖုရားမြှောက်သည် (စောမယ်ယာကို မိဖုရားမြှောက်သည်အတွက် စောမယ်ယာ ၏ချစ်သူ ဦးတင့်တော်၏ မွေးစားသားလည်း ကြောက်ပြီးထွက်ပြေးရသည်၊ စောမယ်ယာနတ်ဖြစ်သော အခါ ထိုရည်းစားအတွက်ဆိုသော ‘သိုးကလေးနတ်တောင်’ ကဗျာ ပေါ်လာသည်။)
တကောင်းမင်းကြီးသည် စောမယ်ယာကို မိဖုရားမြှောက်ပြီးနောက် အတန်ကြာသောအခါ စောမယ် ယာကို -
‘သင်၏အစ်ကိုသည် ခွန်အားဗလနှင့် ပြည့်စုံသည်၊ မြို့ကွပ်ခန့်တော်မူမည် အလျှင်အမြန် သွားခေါ် ပါချေ’ ဟု မိန့်ကြားရာ စောမယ်ယာက ယုံကြည်ပြီး အစ်ကိုမောင်တင့်တယ်ကို ရှာဖွေစေပြီး နန်းတော်သို့ ခေါ်လာစေသည်။
မောင်တင့်တယ်ကလည်း
‘ငါ့နှမ မိဖုရားမြှောက်ထားပြီးဖြစ်၍ ငါ့ကို အမှုထမ်းစေလို၍ခေါ်သည်’ ဟု ရိုးသားစွာယုံမှတ်ပြီး လိုက် လာခဲ့သည်။
ရောက်သောအခါ တကောင်းမင်းကြီးက ဥပါယ်တံမျဉ်ဖြင့် ဖမ်းဆီးကာ ဓားလှံလက်နက်တို့ဖြင့် ထိုး ခုတ်သတ်သည်၊ မသေသောအခါ နောက်ဆုံး စကားပင်တွင် ချည်နှောင်ပြီး ဖိုကျဉ်ထိုးသတ်လေသည်။ နှမ မိဖုရား စောမယ်ယာသည် ငါ့အတွက်ကြောင့် ငါ့အစ်ကိုတော်သေရသည်ဟုဆိုကာ မီးပုံထဲခုန်ချ၍ သေပြန် သည်။
မောင်နှမနှစ်ယောက်လုံး နတ်ဖြစ်ပြီး စကားပင်üနေရာ ထိုစကားပင်အောက်သို့ ရောက်လာသမျှ သော လူသူ၊ ဆင်၊ မြင်း၊ ကျွဲနွားမှန်သမျှတို့ကို နတ်မောင်နှမက ဖမ်းစား၍ သေကြလေသည်။
ထို့ကြောင့် တကောင်းမင်း စကားပင်ကိုအမြစ်ကတူးပြီး ဧရာဝတီမြစ်ထဲ မျှောချလိုက်လေသည်။
သက္ကရာဇ် ၂၆၆ ခု ပုဂမင်း ခုနှစ်ဆယ်မြောက် သေလည်ကြောင်မင်း လက်ထက် အဆိုပါ နတ် မောင်နှမပါသော စကားပင်သည် ပုဂံညောင်ဦးဆိပ်ကမ်းသို့ ဆိုက်ရောက်လာလေသည်။
နတ်မောင်နှမသည် နံနက်လင်းအားကြီးအချိန်တွင် မင်းကြီးကို အိပ်မက် ပေးသည်မှာ -
‘ငါတို့ နတ်မောင်နှမ စကားပင်စီး၍ ဧရာဝတီမြစ်ထဲမျောလာရာ ယခု မင်းကြီးပြည်သို့ ရောက်လာ သည်။ ငါတို့ကို သင့်တင့်လျှောက်ပတ်သောနေရာသို့ နတ်ကွန်းနတ်နန်းနှင့်ထားပေးလျှင် အသင်မင်းကြီး နှင့်တကွ တိုင်းသူပြည်သားတို့ကို စောင့်ရှောက်ပါမည်’ ဟု အိပ်မက် ပေးလေသည်။
မင်းကြီးသည် ထို စကားပင်ကို မြစ်ထဲမှဆယ်ယူပြီးနောက် နတ်ရုပ်ထုလုပ်ကာ ပုပ္ပားတောင်ü နတ် ကွန်းနတ်နန်း ထားပေးလေသည်။ မင်းမှုထမ်းမှအစ ပြည်သူတို့ တစ်နှစ်တစ်ကြိမ်ကျ ပုပ္ပားတောင် နတ်ပူ ဇော်ပွဲကြီးကို ကြီးကျယ်စွာ ကျင်းပစေသည်။ ပြည်သူအများ အိမ်ရှေ့တွင်လည်း နတ်ကွန်းထား၍ ကိုးကွယ် စေသည်။
မဟာဂီရိအမည် အဆင့်ဆင့်ရပုံ
ပုပ္ပားတောင်သည် မြတ်သောတောင်ဖြစ်၍ ‘မဟာဂီရိ’ ဟု ခေါ်သည်။ ပန်းပဲမောင်တင့်တယ်သည် မောင်နှမကို ပုပ္ပားတောင်ü ထားသောကြောင့် တောင်ကိုအစွဲပြုပြီး မဟာဂီရိနတ်ဟု ခေါ်သည်။
တစ်နှစ်တစ်ကြိမ် နတ်တော်လသို့ရောက်လျှင် မင်း၊ မှူးမတ်စသည်တို့ ပုပ္ပားတောင်သို့ရောက်လာ၍ ပူဇော်ပွဲကျင်းပသည်ကို အကြောင်းပြု၍ ‘မင်းမဟာဂီရိ’ ဟု တွင်သည်။
အနော်ရထာမင်းလက်ထက် အသျှင်အရဟံမထေရ် ပုဂံပြည်သို့ ကြွလာပြီး ဗုဒ္ဒဘာသာတရားကို ဆုံးမဟောကြားတော်မူသောအခါ သက်ဝင်ယုံကြည်ပြီးသော် အရည်းကြီးအယူဝါဒကို မင်းမိန့်ဖြင့် သုတ် သင်စေ၍ ဗုဒ္ဒဘာသာအယူကို ယူစေရာတွင် မဟာဂီရိနတ်ကို ကိုးကွယ်သူတို့က အိမ်ရှေ့တွင် နတ်ကွန်း နန်နန်း မထားရသောကြောင့် အိမ်တွင်းü အုန်းသီးဆွဲ၍ ကိုးကွယ်ကြလေသည်။ ၄င်းကိုအစွဲပြု၍ ‘အိမ်တွင်း မဟာဂီရိ’ ဟု တွင်သည်။ ၄င်းအပြင် ‘တောင်ကြီးရှင် နတ်မောင်နှမ’ ဟုလည်း ခေါ်ကြသေးသည်။
အခြားမှတ်တမ်းများအဆို
မင်းမဟာဂီရိနတ်သည် ပန်းဘဲမောင်တင့်တယ်မဟုတ်၊ ၄င်း နှမအကြီး စောမယ်ယာယမှသာ မင်းမဟာဂီရိ ဖြစ်သည်။ တကောင်းမင်းက မောင်တင့်တယ်ကို စကားပင်ü ချည်နှောင်ပြီး ဖိုကျင်ထိုးသတ် သောအခါ စောမယ်ယာက ငါ့အစ်ကို ငါ့ကြောင့်သေရပလေဟု ယူကြုံးမရဖြစ်ခါ မီးပုံတွင်းသို့ ခုန်ဆင်းလေ ရာ အစောင့်အကြပ်များက လိုက်၍ ဆွဲငင်သည်တွင် ခေါင်းကို မီးမလောင်သေးဘဲ ကိုယ်ကား မီးလောင် ကျွမ်း၍ သေလေသည်။ ကြီးမြတ်သောဦးခေါင်းဖြစ်၍သာ မီးမလောင်နိုင်ဟု ဆိုကာ စောမယ်ယာ၏ ဦးခေါင်းကို ဖြတ်ယူ၍ ရွှေချပြီး မဟာဂီရိအမည်နှင့် နန်းတွင်းဥရှုတိုင်ü ထားလျက် မောင်းမမိóံများ ကိုး ကွယ်ကြလေသည်။
ထိုမဟာဂီရိနတ်ဖြစ်သော စောမယ်ယာ၏ ဦးခေါင်းကို နန်းတွင်းüထား၍ ကိုးကွယ်ကြသော်လည်း စောမယ်ယာမှာ နတ်ဘ၀နှင့် အစ်ကိုမောင်တင့်တယ်နေရာ စကားပင်üသာ နေထိုင်ပြီး စကားပင်အောက် ရောက်လာသမျှ လူသူ၊ ကျွဲနွား တိရစ္ဆာန်များကို ဖမ်းစားပါများ၍ တကောင်းမင်းက စကားပင်ကို အမြစ်က တူးစေပြီး ဧရာဝတီမြစ်သို့မျှော်လိုက်ရာ သေဉ်လည်ကြောင်မင်းလက်ထက် ပုဂံသို့ရောက်ပြီး စကားသားကို မောင်တင့်တယ်အတွက် အရပ်ခုနစ်တောင် နတ်ရုပ်တုလုပ်၍၊ နှမတော် ရွှေမျက်နှာ မဟာဂီရိ စောမယ်ယာ အတွက် စကားတုံးတွင် ခေါင်းပုံ ရွှေစ၀ါရေး၍ ပုပ္ပါးတောင်တွင် နတ်ကွန်း၊ နတ်နန်းများနှင့်ထားသည်ဟု မှတ်တမ်းတစ်ခု တွေ့ရသေးသည်။
အလောင်းမင်းတရားကြီး လက်ထက်တော်အခါက ရွှေအလေးချိန် ၅ ပိóာကို နှမတော် စောမယ် ယာ၏ ဦးခေါင်းပုံပြုလုပ်စေ၍ နတ်ကွန်းü ထားစေပြီးလျှင် အိမ်ထောင်စုံရ အိမ်ထောင်ကိုပါ နတ်ထိန်းအဖြစ် ခန့်အပ်တော်မူခဲ့သည်။
ဘိုးတော်ဘုရားလက်ထကိüလည်း ဦးခေါင်းပုံရှိသော ရွှေမျက်နှာ ဦးခေါင်းရုပ်နှစ်ခုကို ပြုလုပ်ပေး ထာားခဲ့ပြီး နှစ်စဉ် ယင်းရွေှ့မျက်နှာမကိုဋ်တို့ကို လှည့်လည်ပြသခဲ့သည်။ ယင်းရွှေသားအတိရှိသော ခေါင်း နှစ်လုံးကို ဗြိတိသျှတို့ အထက်မြန်မာပြည်ကို သိမ်းပိုက်မိသောအခါ ပုဂံငွေတိုက်ü လုံခြုံစွာ သော့ခတ်သိမ်း ထားရသည်။ ထို့နောက် ရန်ကုန်သို့ပို့သည် ဘားနဒ်စာကြည့်ပိဋကတ်တိုက်ü ထားရှိသည်ဟု ဆိုပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖ - ဆ - ပ -လ အစိုးရလက်ထက် ပုပ္ပားတောင်တွင် နတ် ကွန်းနတ်နန်းများ အသစ်ဆောက်လုပ်၍ အင်္ဂတေ၊ ကွန်ကရစ်များနှင့် မဟာဂီရိမောင်တော် နှမတော်ပုံများ ကို အောက်ခံခုံမပါဘဲ ထုလုပ်ထားလေသည်။
(၃)ရွှေနဘေနတ်
မင်းတုံးမြို့ü မွေးဖွားခဲ့သည်။ ရေနဂါး၏ သမီးတော်ဖြစ်သည်ဟု ဆိုကြသည်။ ရွှေစက်တော် ဘုရားသို့ သွားရောက်ဖူးမျှော်စဉ် တကောင်းမင်းက လိုက်ဖမ်း၍ ထွက်ပြေးနေရသော ပန်းဘဲမောင် တင့်တယ်နှင့် တွေ့ဆုံချစ်ကြိုက်ပြီး ထိမ်းမြားခဲ့သည်။ ယင်းတို့မှ သားနှစ်ယောက်မွေးဖွားခဲ့သည်။ (နောင်တွင် တောင်မကြီးနှင့် မြောက်မင်းရှင်ဖြူနတ် ဖြစ်လာသူများ ဖြစ်ကြသည်)
မောင်တင့်တယ်ကို နှမဖြစ်သူ မင်းမိဖုရား စောမယ်ယာက ခေါ်သောအခါ မိန်းမနှင့် သား နှစ်ယောက်ကို ခဏထားခဲ့ပြီးလိုက်သွားရာ မောင်တင့်တယ်အသတ်ခံရပြီး ပြန်မရောက်လာသော အခါ မောင်တင့်တယ်ကို လွမ်းနာကျပြီး ရင်ကွဲနာဖြင့် သေဆုံးရာ ရွှေနဘေနတ် ဖြစ်သွားသည်။
ရေနဂါးသမီးဖြစ်သောကြောင့် သူမရုပ်တုü နဂါးမဦးခေါင်းဆောင်းထားပေးသည်။
အချို့ သုတေသီအဆိုအရ နဂါးမဖြစ်၍ မောင်တင့်တယ် တကောင်းမြို့သို့ ပြန်သွားသော အခါ ရေနဂါးမသည် ဥနှစ်လုံး ဥထားခဲ့ရာ ရေထဲမျောပါသွားခဲ့ပြီး ရသေ့က ကောက်ယူမွေးစားပြီး ရှင်ဖြူ - ရှင်ညိုဟု အမည်ပေးထားသည်ဟု ဆိုသည်။
(၄)တောင်မကြီး (ရှင်ညို)၊ မြောက်မင်း (ရှင်ဖြူ)
မောင်တင့်တယ်နှင့် ရွှေနဘေတို့၏ သားနှစ်ယောက်ဖြစ်သည်။ ဖခင်ကဲ့သို့ အားခွန်ဗလ အစွမ်းသတ္တိကောင်းသူများ ဖြစ်ကြသည်။ သရေခေတ္တရာပြည် ဘုရင်ခံထံ ခစားနေရာ ဘုရင်ခံ၏ ဟူးရာဖြူတို့က -
‘ခွန်အားရှိသော ပုဂ္ဂိုလ်နှစ်ဦးက နန်းလုလိမ့်မည်’ ဟု အဟောထွက်သောအခါ ပြည်သရေ ခေတ္တရာ ဘုရင်ခံသည် ယင်းညီအစ်ကို၏ အစွမ်းသတ္တိကို သိရှိကြောက်လာပြီး ဥပါယ်တံမျဉ်ဖြင့် ယင်းညီအစ်ကိုနှစ်ယောက်ကို လက်ဝှေ့လက်ပန်း ထိုးခိုင်းသည်။
လက်ဝှေ့ပွဲတွင် ညီငယ်သည် အရင်သေဆုံးပြီး တောင်မကြီးနတ် ဖြစ်သွားလေသည်။ အစ်ကို သည်လည်း ထိုဒဏ်ရာဖြင့်ပင် သေဆုံးပြီး မောင်မင်းရှင် (ရှင်ဖြူနတ်) ဖြစ်သွားလေသည်။
(၅)သုံးပန်လှ
သုံးပန်လှနတ်နှင့် ပတ်သက်၍ သမိုင်းနှစ်မျိုးတွေ့ရသည်။ ပထမသမိုင်းအဆိုမှာ -
ဟံသာဝတီပြည်၊ တံတားငယ်ရွာမှ ဖြစ်သည်။ တစ်နေ့လျှင် သုံးကြိမ် သုံးပန်လှသူ ဖြစ်သော ကြောင့် သူ၏မိဘများက သရေခေတ္တရာပြည် ဘုရင်ခံထံ ဆက်သရာ ဘုရင်ခံ၏ မောင်းမမိóံများက မနာလိုသောကြောင့် သုံးပန်လှကို ကြိုဆိုသောသူတို့ကို လာဘ်ထိုးပြီး - သုံးပန်လှသည် မျက်နှာသာလှ သည်။ ကိုယ်ခန္ဓာက ဘီလူးမကိုယ်ခန္ဓာရှိပြီး မြို့တံခါးပင်မဆန့်၍ မြို့တွင်းသို့မသွင်းနိုင်သဖြင့် မြို့ပြင်မှာ ထားရကြောင်းဖြင့် ပြည်ဘုရင်ခံအား လိမ်လည်လျှောက်ထားစေရာ ဘုရင်ခံက ယုံကြည်ပြီး မသိမ်းမယူ လျစ်လျှူရှုထားသောကြောင့် ယင်းမြို့မှာပင် ယက်ကန်းသည်မအဖြစ် အသက်မွေးပြီး နေလေသည်။ ထိုယက်ကန်းရက်၍ ရသောငွေဖြင့် ပြည်မြို့တွင် လင်မကြီး (လင်မကြည်) ဘုရားကိုတည်ပြီး လင်မကြည် ပင်ကို စိုက်ခဲံသည်။ ပြည်ဘုရင်ကို စိတ်နာသောစိတ်ဖြင့် သေဆုံးခဲ့ရာ သုံးပန်လှနတ်ဖြစ်သွားသည်။
ဤအဆိုနှစ်ရပ်တွင် ဒုတိယသမိုင်းအဆိုသည် ယုတ္တိတန်၍ ဖြစ်နိုင်သည်။ အမှန်ဖြစ်သည်ဟု သုတေသီတို့ ဆိုကြသည်။
ဒုတိယသမိုင်းအဆိုမှာ -
မောင်တင့်တယ်၏ နှမအငယ်ဖြစ်သည်၊ ရှင်ထွေးလှခေါ် သုံးပန်လှဟု ခေါ်သည်။ မောင်တင့်တယ် တို့ အမှုအခင်းဖြစ်၍ မိသားစုထွက်ပြေးလာခဲ့ရာ ရခိုင်ပြည်သို့ ရောက်သွားကြသည်။ ရခိုင်ဘုရင်က သမီး အဖြစ် မွေးစားခံရသည်။ နောက် ဥက္ကလာဟံသာဝတီမင်း သမိန်ထောရာမအား ဆက်သရာ ဟံသာဝတီ မင်း၏ မိဖုရားဖြစ်လာခဲ့ရသည်။ သမီးရှင် နှဲမိကို မွေးဖွားပြီးနောက် ဆွေမျိုးများကိုတွေ့လို၍ တကောင်းမြို့ သို့ ဆန်တက်လာရာ ယခု အင်းဝမြို့ အနောက်ဘက် တပယ်ထောက်ရစ်ရွာအရောက်တွင် ရုတ်တရက်ဖျား ပြီး သေဆုံးခဲ့ရာမှ နတ်ဖြစ်သွားသည်။
ပြည်ဘုရင်ခံ - သမိုင်းအဆိုတို့တွင် ဒွတ္တဘောင်မင်းဟု ဆိုကြသည်။ မောင်တင့်တယ်ကို ပုဂံသေ လည်ကြောင်မင်းက နတ်အဖြစ် ကိုးကွယ်သည်ဟု ဆိုသောကြောင့် ပုဂံခေတ်သည် သရေခေတ္တရာမင်း ဆက်ပြတ်မှ ပေါ်လာသော ပြည်ဖြစ်၍ ဒွတ္တဘောင်မင်းနှင့် သေလည်ကြောင်မင်းနှင့် ခေတ်ပြိုင်မဟုတ်ပါ။ ပြည်ဘုရင်ခံသာ ဖြစ်နိုင်ပါသည်။ သို့မဟုတ် ပြည်ü နန်းခံသော အခြားဘုရင်တစ်ပါးဖြစ်နိုင်ပါသည်။
(၆)ရှင်နဲမိနတ်
ရှင်ထွေးလှခေါ် သုံးပန်လှ (ဥက္ကလာမိဖုရား) ၏ သမီးဖြစ်သည်။ သုံးပန်လှသေဆုံးသောအခါ ရှင်နှဲမိခေါ် မနှဲလေးသည် နှစ်နှစ်သမီးအဖြစ် ကျန်ရစ်ခဲ့သည်။ မိခင်သေဆုံးခဲ့ရာ တပယ်ထောက်ရွာမှာပင် မယ်တော်ကို လွမ်းဆွတ်ကာ ရင်ကွဲနာကျသေပြီး နတ်ဖြစ်ရလေသည်။
(၇)ထီးဖြူဆောင်းနတ်
ပုဂံအနော်ရထာမင်း၏ ခမည်းတော် ကွမ်းဆော်ကြောင်ဖြူမင်း (၃၂၆ - ၃၄၈) ဖြစ်သည်။ ကွမ်း ဆော်ကြောင်ဖြူမင်းသည် ကွမ်းဆော်ရာထူးဖြင့် တောင်သူကြီးမင်းထံတွင် ခစားနေရာ ကွမ်းဆော် သွားသောအခါü ဆောင်ချမ်းပင်နတ်ကို မိမိüပါသော ထမင်းထုပ်ကို တင်မြှောက်ပြီးမှစားသောက်၍ နတ်က ကိုယ်ထင်ပြကာ မကြာခင် ပုဂံü မင်းဖြစ်မည်၊ ဥပုသ်သီတင်းဆောက်တည်ပါဟု ပြောပြီး ပုဂံ ပြည်ü မင်းလောင်းပေါ်သည်ဟု ကောလဟလဖြစ်သောအခါ ကွမ်းဆော်လုလင်သည် ပုဂံသို့ မင်း လောင်းကြည့်ရန်အသွားတွင် ဆောင်ချမ်းပင်စောင့်နတ်ကပင် မြင်းမကိုဋ် ဦးဆောင်းလှံတို့ကို ပေးခံ ရသည်။ ကွမ်းဆော်လုလင်သည် ထိုပစ္စည်းများကို ၀တ်ဆင်ပြီး နန်းတော်ဝင်ရာ တောင်သူကြီးက - ငါရှိလျက် မည်သူက မင်းပြုမည်နည်းဟုပြောပြီး လေသာပြတင်းထွက်ကြည့်ရာ ကျောက်ရုပ်က တွန်းချ၍ တောင်သူမင်းကြီး နတ်ရွာစံသည်။
ကွမ်းဆော်လုလင်သည် ကွမ်းဆော်ကြောင်ဖြူမင်းအမည်ဖြင့် ပုဂံထီးနန်းတက်သည်၊ ယင်း မင်း ဖြစ်လာသောအခါ တောင်သူကြီးမင်း၏ မိဖုရားဖြစ်သော (၁) တောင်ပြင်သည်၊ (၂) အလယ် ပြင်သည် (၃) မြောက်ပြင်သည် သုံးဦးစလုံးကို မိဖုရားဆက်မြှောက်သည်။
တောင်ပြင်သည်မှပါလာသော သားတော်ကျည်စိုးမင်းနှင့် စုက္ကတေးညီနောင်နှစ်ပါး အရွယ် ရောက်လာသောအခါ ကွမ်းဆော်ကြောင်ဖြူမင်းကို ဖမ်းဆီးပြီး ရဟန်းပြုလုပ်စေခဲ့သည်။
ထိုအချိန်က ပုဂံပြည်ü အရည်းကြီးသာသနာ ထွန်းကားချိန်ဖြစ်၍ ကွမ်းဆော်မင်းသည် ရဟန်း ပြုသော်လည်း အရည်းကြီးဂိုဏ်းဝင် ရဟန်းမျိုးပင် ဖြစ်သည်။
သားတော်အငယ် အနော်ရထာ စုက္ကတေးနှင့် စီးချင်းထိုးပြီး ထီးနန်းပြန်ရသောအခါ အဘ ကွမ်းဆော်မင်းကို ထီးနန်းပြန်တင်သော်လည်း လက်မခံတော့ဘဲ ရဟန်းဘ၀နှင့်ပင်နေ၍ ကွယ်လွန် သောအခါ နတ်ဖြစ်လေသည်။
ရဟန်းဘ၀မှသေ၍ နတ်ဖြစ်သောကြောင့် ယင်းနတ်ရုပ်ကို သင်္ကန်းဒုကုဋ်တင်ဟန်နှင့် မိုးကြိုး သွားပုံ ဒေါက်ချာဆောင်းပေးထားရသည်။
(၈)ထီးဖြူဆောင်းမယ်တော်နတ်
ကွမ်းဆော်ကြောင်ဖြူမင်း၏ မယ်တော်ဖြစ်သည်။ နာမကျန်းဖြစ်ပြီး ကွယ်လွန်သောအခါ နတ် ဖြစ်သည်။
(၉)ပရိမ္မမင်းခေါင်
ကွမ်းဆော်ကြောင်ဖြူမင်းကို နန်းချပြီး တက်ခဲ့သော ကျည်စိုးမင်း (၃၄၈ - ၃၅၄) သည် သမင်လိုက်ဝါသနာပါ၍ ဗန်ကျည်ဆယ်တိုက်သို့ သွားရောက်ကာ တောကစားထွက်သည်၊ တောထဲü သမင်တစ်ကောင်ကို ပစ်မည်ဟုချိန်ရွယ်နေစဉ် မုဆိုးတစ်ဦးက အထင်မှားပြီး ထိုမင်းကို လေးနှင့်ခွင်းပစ် ခတ်ရာ ကျည်စိုးမင်းမြှားမှန်အနိစ္စရောက်ပြီး နတ်ဖြစ်ရလေသည်။
(၁၀)ရွှေဖျဉ်းကြီး - ရွှေဖျဉ်းငယ်
အနော်ရထာမင်းထံ ပန်းတော်ဆက်ရာထူးဖြင့် ခစားနေသော မောင်ဗျတ္တနှင့် ပုပ္ပါးသူ မယ်ဝဏ္ဏတို့၏ သားများဖြစ်ကြသည်။ မောင်ဗျတ္တ တာဝန်ပေါ့ဖျက်မှုဖြင့် ကွပ်မျက်ခံရသောအခါ အနော်ရထာမင်းက သား တော်နှစ်ပါးကို ခေါ်ယူမွေးစားထားသည်။ မွေးဖွားစဉ်အခါက အနော်ရထာမင်းကြီးက ရွှေဖျသ်းအိုးများ ပေးသနားခံရ၍ ရွှေဖျဉ်းကြီး - ရွှေဖျဉ်းလေးဟု အမည်တွင်သည်။
အနော်ရထာမင်းကြီး တရုတ်ပြည်တွင် စွယ်တော်ပင့်အပြန်တွင် တောင်ပြုံးအရပ်ü ဆုတောင်းပြည့် ဘုရား တည်ရာတွင် အုတ်နှစ်ချပ် လွတ်လပ်သည့်အတွက် ကွပ်မျက်ခံရပြီး နတ်ဖြစ်ကြသည်။
အနော်ရထာမင်း ထိုအရပ်မှ ထွက်ခွာစဉ် မင်းကြီးဖောင်ကိုဆွဲထားပြီး အပိုင်စားနေရာတောင်းမှု ကြောင့် ထိုတောင်ပြုံးနေရာü နတ်ကွန်းနတ်နန်းပေးပြီး နှစ်စဉ် ပွဲတော်ကျင်းပပေးရန် ခွင့်ပြုပေးခြင်း ခံရ သည်။
ယနေ့အထိ မြန်မာပြည်အနှံ့အပြား အလေးထားပြီး ကိုးကွယ်ဆည်းကပ်ခံနေရသော နတ်များဖြစ် သည်။
(၁၁)မန္တလေးဘိုးတော်
ပုဏ္ဏားမျိုးနွယ်ဖြစ်သည်၊ အနော်ရထာမင်းလက်ထက်တွင် အမတ်ဖြစ်ပြီး ရွှေဖျဉ်းညီနောင် ငယ်စဉ်က ထိန်းသိမ်းစောင့်ရှောက်ပေးရသော အထိန်းတော် (အကြီးတော်) လည်း ဖြစ်သည်။ ယင်းကို ရွှေဖျဉ်းညီနောင်က အဘိုးဟုခေါ်သည်။ ရွှေဖျဉ်းညီနောင် တာဝန်ပေါ့လျော့မှုဖြင့် ကွပ်မျက်ခံရသောအခါ အထိန်းတော်အမတ်၏ အဆုံးအမ မကောင်း၍သာ ဤသို့ဖြစ်ရသည်ဟုဆိုပြီး ဖမ်းဆီးရန်အလာတွင် ဆင်ဖြင့်ထွက်ပြေးမည်ပြုစဉ် အဖမ်းခံရပြီး မန္တလေးအရပ်ü ကွပ်မျက်ခံရပြီး နတ်ဖြစ်သွားသည်။
(၁၂)ရှင်ကွနတ်
မန္တလေးဘိုးတော်၏ နှမဖြစ်သည်။ ရွှေဖျဉ်းညီနောင် ရာဇ၀တ်သင့်ရာü ကွယ်ဝှက်ထားမိ သောကြောင့် မန္တလေးဘိုးတော်နှင့်အတူ ကွပ်မျက်ခံရပြီး နတ်ဖြစ်သွားသည်။
(၁၃)ညောင်ချဉ်အိုနတ်
သထုံ မနူဟာမင်း၏ အဆက်အနွယ်မင်းသားတစ်ပါး ဖြစ်သည်။ အနော်ရထာမင်းလက်ထက် ကုဋ္ဌနူနာဖြစ်ပြီး အနိစ္စရောက်၍ နတ်ဖြစ်သည်။
(၁၄)မင်းစည်သူနတ်
ပုဂံခေတ် အလောင်းစည်သူမင်းကြီး (၄၇၄ - ၅၂၉) ဖြစ်သည်။ မင်းကြီးသည် သားတော် အကြီး မင်းရှင်စောကို တိုင်းပြည်မှနှင်ထုတ်၍ သာေးတ်ာအငယ်ကို တိုင်းရေးပြည်ရာကို စီမံကွက်ကဲစေခဲ့ သည်။
မင်းကြီးအသက် (၈၁) နှစ် အရွယ်အရောက် မကျန်းမာစဉ် သားတော်ငယ် နရသူက မင်းကြီး၏ ကောင်းမှုတော် ရွှေဂူဘုရားအတွင်းသို့ ယူဆောင်ပြီးထားသည်။
မင်းကြီးသတိရ၍ ယခု ငါနေရသော နေရာသည် နန်းတော်မဟုတ်ပါလားဟု ဆိုသောအခါ နရသူက မင်းကြီးကို ခေါင်းအုံးဖြင့်ဖိသတ်သဖြင့် နတ်ရွာစံကာ နတ်ဖြစ်သည်။
(၁၅)မင်းသားဒန်းမောင်ရှင်နတ်
အလောင်းစည်သူမင်းကြီး၏ သားတော် ပြည်နှင်ဒဏ်ခံရသော မင်းစောရှင်၏ သားတော် တစ်ပါးဖြစ်သည်။ ယင်းသည် သာမဏေဘ၀ဖြင့် ကျောင်းတွင် ဒန်းစီးကစားရာမှ ဒန်းပေါ်မှလိမ့်ကျပြီး ကွယ်လွန်ကာ နတ်ဖြစ်သည်
#Part 2 continue
Credit # Myanmar Ancient History
Photo Credit # Google Image