ကျနော့်အမြင်
''ဗုဒ္ဓသာသနာဘယ်တော့ကွယ်မလဲ''
''မကိုးကွယ်တော့တဲ့အချိန်မှာကွယ်မယ်''
''သေချာပေါက်ကွယ်မှာလား''
''သေချာပါတယ် ''
''ဘာကြောင့်လဲ''
''အနတ္တဝါဒီဖြစ်တဲ့ ဗုဒ္ဓဝါဒီဟာ အတ္တဝါဒီသမားဖြစ်တဲ့
ပုဂ္ဂိုလ်သတ္တဝါတွေအတွက် အကြိုက်တွေ့ စရာ
တရားတော်တွေမဟုတ်လို့ ပါ... ဒါကြောင့်အချိန်တစ်ခုမှာ ကွယ်ကိုကွယ်မှာပါ''
''သာသနာနှစ်ငါးထောင်ဆိုတာကရော''
''မဟုတ်ဘူး ဗုဒ္ဓဘာသာဝင်တွေညံ့ရင် နှစ်ငါးထောင် တောင်မခံလောက်ဘူး... တော်ရင်တော့ နှစ်ငါးထောင်မကဘူး ... နှစိငါးထောင်ဆိုတာ ဗျာဒိတ်မဟုတ်ဘူး... ခန့် မှန်းပြောဆိုမှုပဲဖြစ်လိမ့် မယ်''
''သာသနာမကွယ်ဖို့ အတွက် အဓိကလိုအပ်ချက်က
ဘာဖြစ်မလဲ''
''ပညာပါပဲ သဒ္ဓါထက်ပညာကပိုမြတ်တယ်လေ...
သဒ္ဓါနဲ့ ကိုးကွယ်ကြလွန်းလို့ ဗုဒ္ဓဘာသာထဲကို အယူအဆအမှားတွေဝင်လာတယ်...
လက်ရှိဗုဒ္ဓဝါဒ ဟာ ၁၀၀% ဗုဒ္ဓဝါဒနဲ့  ထပ်တူညီပါတယ်လို့ ပြောရ ခတ်လာတယ်...
ဒါဟာ မျက်စိမှိတ်ကိုးကွယ်ခဲ့ကြ လို့ ... ရည်ရွယ်ချက်ကို မြင်အောင်မကြည့်ဘဲနဲ့ 
အကြောင်းတရား နဲ့ အကျိုးတရားဆက်စပ်မှုကို သေချာမသိဘဲနဲ့ ပြောခဲ့တဲ့အချို့ စကားတွေကြောင့်.
ကမ္ဘာ
@@@@
နှလုံးသားအဖြူ ဖြင့်မွမ်းမံသော
ကမ္ဘာမြေတစ်နေရာမှာ
ငြိမ်းချမ်းစွာအိပ်စက်
အဆုံးသတ်ချိန်တန်တဲ့အခါ
သေရတာဟာ နေရတာထက် မြတ်တယ်....
လက်နက်တွေမဲ့သောကမ္ဘာကို
အပြန်အလှန်ယုံကြည်ကြတဲ့
တစ်နေ့ မှာပိုင်ဆိုင်မယ်……
နာကျင်စရာနေ့ ရက်တွေကို
အပြန်အလှန် ကြင်နာကြတဲ့
တစ်နေ့ မှာ ကျောခိုင်းမယ်……
စိမ်းကားတဲ့ နံရံတွေအစား
ကမ်းလင့်တဲ့တံတားတွေ အစားထိုးမယ်……
စည်ကားသော်လည်း
ဆိတ်ငြိမ်နေမယ့်ကမ္ဘာ…
ဗုံးသံကျည်သံတွေအစား
ဂီတသံတွေနဲ့  လွှမ်းနေမယ့်ကမ္ဘာ…
စစ်ဘေးသင့်ပြည်သူတွေ
မရှိတဲ့ကမ္ဘာ…
အငတ်ဘေးဆိုတာကို မသိတဲ့ကမ္ဘာ…
ဒီလိုကမ္ဘာကို တရွေ့ ရွေ့ နဲ့ 
တို့ တွေချီတက်မယ်…
တို့ ခွန်တို့ အားနဲ့ 
ထမ်းပိုးထားရမယ့် ကမ္ဘာ…
အမုန်းတရားဆီသို့ 
ခေါင်းပြန်စိုက်ချင်နေတဲ့ကမ္ဘာ…
တတိယကမ္ဘာစစ်ကို
မျှော်လင့်နေတဲ့ ကမ္ဘာ…
အတ္တလောဘတွေနဲ့ 
စစ်ပွဲကိုဆာနေတဲ့ကမ္ဘာ…
ဟီရိုရှီးမား ပေါ် ကောင်ငယ်လေးပြုတ်ကျတယ်…
နာကာဆာဂီပေါ်
လူဝကြီးပြုတ်ကျတယ်…
ပုလဲဆိပ်ကမ်းမှာ အသားရှာတဲ့
စွန်ရဲတွေ ပျံသန်းခဲ့တယ်…
ညီတို့ ညီမတို့ ရေ…
ဒီကမ္ဘာကြီးဟာ စောက်ကျင့်မကောင်းဘူး
မင်းတို့ ထမ်းပိုးပါ…
မင်းတို့ မျိုးဆက်တွေကိုလည်း
ထမ်းပိုးခိုင်းပါ…
အမုန်းတရားထံ ဦးစိုက်ချင်နေတဲ့ကမ္ဘာကို
မေတ္တာတရားတွေနဲ့ 
ဦးမော့လာအောင်
ထမ်းပိုးပါ…
အဆင့်ဆင့်ထမ်းပိုးခြင်းများနဲ့ 
ငြိမ်းချမ်းသော ကမ္ဘာမြေတစ်ခု
တို့ များပြု စုကြတာပေါ့…
တို့ ရဲ့နောက်ဆုံးနေ့ ရောက်လာတဲ့အခါ
နောင်တကင်းကင်းနဲ့ 
တို့ ရဲ့ရှင်သန်ခဲ့ရခြင်းများကို
သမင်လည်ပြန်ကြည့်ရင်း
တို့ ငြိမ်းချမ်းတဲ့ခန္ဓာကို
ဒီကမ္ဘာမြေပေါ်
အပ်နှင်းကြတာပေါ့
''မရှင်းဘူး''
'ဥပမာပေါ့... မေတ္တာသုတ်ရွတ်နေရုံနဲ့ တော့ မေတ္တာထားတယ်လို့ ဆိုလို့ မရဘူး...
ဘယ်လိုစိတ်နဲ့ ရွတ်လဲ...
ဗုဒ္ဓတရားတော်လို့ ယုံကြည်လို့ ... လိုက်ရွတ်တာလား...
အဲ့ဒါဆိုရင်အပြည့်အဝမမှန်ဘူး...
ကိုယ့်ရင်ထဲမှာ မေတ္တာဓါတ်မကိန်းဘဲနဲ့ တော့ မေတ္တာသုတ်ဟာ ဘာမှဖြစ်မလာဘူး...
ကြက်တူရွေး ရဲ့စကားလိုဖြစ်နေတယ်...
ကိုယ့်ရင်ထဲမှာ မေတ္တာကိန်းပါမှ မေတ္တာသုတ်ဟာ စွမ်းပါတယ်... မေတ္တာသုတ်ရဲ့အနက်က ရှင်းရှင်းလေး ... အားလုံးအပေါ်မေတ္တာထားဖို့ ပဲ...
အဲ့ဒိမှာ စပြီ မေတ္တာထားဖို့ ဆိုတာလွယ်လို့ လား..
မလွယ်ပါဘူး... မေတ္တာဓါတ်ဟာ စိုက်ပျိုးရတာ
ကျင့်ကြံရတာ... အလကားနေရင်းမေတ္တာက
ရောက်မလာဘူး... ပညာကိုအခြေခံပြီးမှ
မေတ္တာကရောက်လာတာ ...
မေတ္တာထားသင့်တယ်
လို့ သိမှ မေတ္တာထားဖို့ ကိုယုံကြညိလာတာ...
ဒါဟာ ပညာနဲ့ သဒ္ဓါ အချိတ်အဆက်ပဲ.
နှလုံးသားအဖြူ ဖြင့်မွမ်းမံသော
ကမ္ဘာမြေတစ်နေရာမှာ
ငြိမ်းချမ်းစွာအိပ်စက်
အဆုံးသတ်ချိန်တန်တဲ့အခါ
သေရတာဟာ နေရတာထက် မြတ်တယ်....
လက်နက်တွေမဲ့သောကမ္ဘာကို
အပြန်အလှန်ယုံကြည်ကြတဲ့
တစ်နေ့ မှာပိုင်ဆိုင်မယ်……
နာကျင်စရာနေ့ ရက်တွေကို
အပြန်အလှန် ကြင်နာကြတဲ့
တစ်နေ့ မှာ ကျောခိုင်းမယ်……
စိမ်းကားတဲ့ နံရံတွေအစား
ကမ်းလင့်တဲ့တံတားတွေ အစားထိုးမယ်……
စည်ကားသော်လည်း
ဆိတ်ငြိမ်နေမယ့်ကမ္ဘာ…
ဗုံးသံကျည်သံတွေအစား
ဂီတသံတွေနဲ့  လွှမ်းနေမယ့်ကမ္ဘာ…
စစ်ဘေးသင့်ပြည်သူတွေ
မရှိတဲ့ကမ္ဘာ…
အငတ်ဘေးဆိုတာကို မသိတဲ့ကမ္ဘာ…
ဒီလိုကမ္ဘာကို တရွေ့ ရွေ့ နဲ့ 
တို့ တွေချီတက်မယ်…
တို့ ခွန်တို့ အားနဲ့ 
ထမ်းပိုးထားရမယ့် ကမ္ဘာ…
အမုန်းတရားဆီသို့ 
ခေါင်းပြန်စိုက်ချင်နေတဲ့ကမ္ဘာ…
တတိယကမ္ဘာစစ်ကို
မျှော်လင့်နေတဲ့ ကမ္ဘာ…
အတ္တလောဘတွေနဲ့ 
စစ်ပွဲကိုဆာနေတဲ့ကမ္ဘာ…
ဟီရိုရှီးမား ပေါ် ကောင်ငယ်လေးပြုတ်ကျတယ်…
နာကာဆာဂီပေါ်
လူဝကြီးပြုတ်ကျတယ်…
ပုလဲဆိပ်ကမ်းမှာ အသားရှာတဲ့
စွန်ရဲတွေ ပျံသန်းခဲ့တယ်…
ညီတို့ ညီမတို့ ရေ…
ဒီကမ္ဘာကြီးဟာ စောက်ကျင့်မကောင်းဘူး
မင်းတို့ ထမ်းပိုးပါ…
မင်းတို့ မျိုးဆက်တွေကိုလည်း
ထမ်းပိုးခိုင်းပါ…
အမုန်းတရားထံ ဦးစိုက်ချင်နေတဲ့ကမ္ဘာကို
မေတ္တာတရားတွေနဲ့ 
ဦးမော့လာအောင်
ထမ်းပိုးပါ…
အဆင့်ဆင့်ထမ်းပိုးခြင်းများနဲ့ 
ငြိမ်းချမ်းသော ကမ္ဘာမြေတစ်ခု
တို့ များပြု စုကြတာပေါ့…
တို့ ရဲ့နောက်ဆုံးနေ့ ရောက်လာတဲ့အခါ
နောင်တကင်းကင်းနဲ့ 
တို့ ရဲ့ရှင်သန်ခဲ့ရခြင်းများကို
သမင်လည်ပြန်ကြည့်ရင်း
တို့ ငြိမ်းချမ်းတဲ့ခန္ဓာကို
ဒီကမ္ဘာမြေပေါ်
အပ်နှင်းကြတာပေါ့
မေတ္တာထားသင့်တယ်လို့ ယုံကြည်တော့မှ
မေတ္တာထားဖို့ ကြိုးစားမှာ...ဒီတော့မေတ္တာထား တတ်သူအတွက်သာ မေတ္တာသုတ်ကစွမ်းပါတယ်..
ဥပမာပြရရင် သာမာန်လူလက်ထဲကို
စုပ်တံနဲ့ ဆေးရောက်လာရင် ဘာမှဖြစ်လာမှာ မဟုတ်ဘူး... ပန်းချီဆရာရဲ့လက်ထဲကို ရောက်
လာခဲ့ရင်တော့ လှပတဲ့ပန်းချီကား... ဖြစ်လာမှာပါ..
မေတ္တာသုတ်ဟာ မေတ္တာထားဖို့ တိုက်တွန်းထား တဲ့အဆုံးအမတစ်ခုဖြစ်ပြီး... ဘာကြောင့်မေတ္တာထားသင့်ကြောင်းကို မရှင်းထား ဘူး...ဒါကြောင့် မေတ္တာဓါတ်ရှိဖို့ အရင်သိသင့်တယ်.
''စကားကရောသွားပြီ.. သာသနာကွယ်တဲ့ကိစ္စ ပြောနေတာလဲ... ''
'ဟုတ်တယ် ဒါဟာ လည်းအကြောင်းတစ်ခုပဲ
အခုတောင်တရားတော်ရဲ့အနှစ်ဟာ အကာဖြစ် သွားပြီ... ပေါ့သွားပြီ... အများစုဟာ ကုသိုလိရရုံ လောက်ကို စိတ်ရောက်နေကြပြီ... ဗုဒ္ဓဘာသာရဲ့
ပန်းတိုင်ကို မေ့နေသလောက်ကိုဖြစ်နေကြပြီ..
အယူတွေသီးကြပြီ... စနေထောင့် ဘာထောင့်တွေ ကလည်းဗုဒ္ဓဘာသာရဲ့ ယုတ်လျော့မှုတွေကို
ညွန်ပြနေသလိုပဲ...ဥပမာ ဗုဒ္ဓဘာသာမိဘ ကမွေးရဲ့သားနဲ့ ... ကိုယ့်သားသမီးကို ဗုဒ္ဓဘာသာကို နားလည်လက်ခံအောင် မပြောနိုင် လို့ အဲ့ဒိကလေး ဘာသာခြားသို့ မဟုတ် ဘာသာမဲ့ ဖြစ်သွားရင် ဒါဟာ unitတစ်ခုစာသာသနာကွယ် ခြင်းပဲ...'''
''အင်း နည်းနည်းတော့သဘောပေါက်လာပြီ''
''ဒီတော့ ဗုဒ္ဓဝါဒကို လက်ခံသူနည်းလာလေ သာသနာကွယ်ဖို့ နီးလာလေပဲ''
''ဒါဆိုရင် အမျိုးဘာသာ သာသနာကို ဘယ်လိုစောင့်ရှောက်မလဲ''
''နည်းမျိုးစုံနဲ့ စောင့်ရှာက်ရမယ်...
ယနေ့ လိုအချိန်မျိုးမှာ ဘာသာတရားရဲ့ တန်ဖိုးအစစ်အမှန်ကို လူငယ်တွေနားလည်အောင် ပြောပြနိုင်ရမယ်... ဘာသာခြားကိုမယူဖို့ အော်နေတာ နည်းမှန်တော့မဟုတ်ဘူး...
ဘာသာကို တကယ်လက်ခံသွားရင် ဘာလုပ်သင့်တယ်ဆိုတာကို ကာယကံရှင်က
သိပါလိမ့်မယ်...''
''ယူတဲ့လူတွေကရော''
''ယူပါစေ... သူတို့ အမည်ခံတွေပဲဟာ...
မှတ်ပုံတင်ဖြည့်ထားတယ်ဆိုရုံပဲလေ...
''ဘာသာခြားကိုယူရုံနဲ့ အပြစ်ဖြစ်ရောလား''
''အပြစ်လို့ သတ်မှတ်တာမဟုတ်ဘူး...
ဒါသူ့ ရဲ့လုပ်ပိုင်ခွင့်ပဲ.... ဘာသာခြားကိုယူလို့ 
ပုတ်ခတ်ပြီဆိုရင်တော့ သူဟာ ဘာသာကိုပါမုန်း
လာလိမ့်မယ်... ဗုဒ္ဓဘာသာဝင်အသိုင်းအဝိုင်းမှာ နှစ်အတော်ကြာရှိခဲ့တုန်းက ဗုဒ္ဓဘာသာရဲ့တန်ဖိုးကို မြင်အောင်မပြနိုင်ပဲနဲ့ ယူတော့မှပုတ်ခတ်နေမယ် ဆိုရင် ဒါနည်းမှန်မဟုတ်ဘူး
နောက်ပြီး ဘာသာခြားနဲ့ ယူရုံနဲ့ လည်း သာသနာကို စွန့် ရာမရောက်ပါဘူး... သူကိုးကွယ်နေဦးမယ် ဆိုရင်လေ...''
''အခု ဖြစ်နေတဲ့ပြသနာကို ဘယ်လိုမြင်လဲ''
'မွတ်စလင်မုန်းတီးရေးလုပ်နေရုံနဲ့ တော့ သာသနာ ကိုစောင့်ရှောက်တယ်လို့ မမြင်ဘူး...
ဒါပေမယ့် အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ
ဗုဒ္ဓရဟန်းတော်ရှစ်သောင်း မီးရှို့ သတ်ခံရပြီး
နာလန္ဒစာကြည့်တိုက်ကြီးမီးရှို့ ခံရတာ...
မလေးရှား အာဖဂန် အင်ဒိုမှာ သာသနာကွယ်ခဲ့ ပုံကို ဒေါသဂတိကင်းကင်းနဲ့ ပြောပြနိုင်ဖို့ ...
လိုတာပေါ့...
ဗုဒ္ဓဘာသာကိုပဲ ချစ်တတ်ဖို့ သင်ပါ
မွတ်စလင်ကိုမုန်းအောင်မသင်စေချင်ဘူး''
ပါဠိစာလုံးပေါင်းမှားခဲ့ရင် ခွင့်လွှတ်စေလိုပါတယ်...
writer.by