ဒီနေ့ စင်ပေါ်ကို စကားတတ်ပြောမယ့်သူက မြန်မာတစ်နိုင်ငံလုံးမှာ ၁ ရထားတဲ့ သူတစ်ယောက်ပါ... အခုလက်ရှိ ၂၀၃၀- ၂၀၃၁ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုမယ့် ကျောင်းသားတွေအတွက် စိတ်ဓါတ်မြှင့်တင်တဲ့စကားတွေ အကြံပြုမယ့်စကားတွေကို ပြောပေးဖို့ 
ကျနော်တို့ ရဲ့ ''အနာဂတ်ဖွင့်ပွဲ'' ကိုယ်ပိုင်အထက်တန်းကျောင်းက ဖိတ်ကြားထားတာပါ...''
''မင်္ဂလာပါ... ဖိတ်ကြားမှုအရ စကားပြောတယ်ဆိုပေမယ့် တက္ကသိုလ်ဝင်တန်းအောင်ကာစ လူငယ်တစ်ယောက်အနေနဲ့ ကျတော့
မိန့် ခွန်းပြောဖို့ ရာမသင့်တော်ဘူး
ဒီတော့ ဒါဟာမိန့် ခွန်းမဟုတ်ဘူး
အကြံပြုစကားအဆင့်တောင်မဟုတ် ဘူး... ကျနော့်အတွေးတွေကို တင်ပြသွားမှာပါ အထူးသဖြင့် ညီငယ်ညီမငယ်တွေကို ဦးတည်ပြီး တော့ပေါ့
အဆင့်တစ်တဲ့
ဒါအောင်မြင်မှုလား
မဟုတ်ဘူး
ကျနော့်အောင်မြင်မှုက
စာမေးပွဲခန်းထဲမှာ ကြုံခဲ့ရတာပဲ
ဒီထက်ပိုပြောရရင် စာမေးပွဲကို မဖြေရလည်း ကျနော်အောင်မြင်သွားပြီ....
စာသင်တယ် စာလေ့လာတယ်ဆိုတာ
စာတတ်ဖို့  မဟုတ်လား...
ကျနော်စာတတ်အောင်ပဲ သင်ခဲ့တာပါ အဆင့်တစ်ရဖို့ မတွေးထားဘူး
အဆင့်တစ်ဆိုတာ ပကတိအောင်မြင်မှုမဟုတ်ဘူး
ဒါနှိုင်းရအောင်မြင်မှု....
အခြားသူတွေထက် အမှတ်ပိုများတယ်လို့ သာ အဓိပ္ပာယ်ရပြီး အတော်ဆုံးပါလို့  အဓိပ္ပာယ်မထွက်ဘူး....
အဆင့်တစ်ရလို့  မပျော်ဘူးလားမေးရင် ကျနော်ပျော်ပါ တယ်... ဒါပေမယ့် ဒါဟာ မရင့်ကျက်တဲ့ စိတ်ထားမျိုးပါပဲ...
ကျနော်ပြောခဲ့သလို စာတတ်ဖို့ စာ လေ့လာတာဖြစ်တဲ့အတွက် တက္ကသိုလ်ဝင်တန်းစာကို
တတ်မြောက်ခြင်းကသာ ကျနော့်ရဲ့ အောင်မြင်မှုအစစ်ပဲ...
အဆင့်၁ဆိုတာ နှိုင်းရအောင်မြင်မှု
ဒီတော့ ညီငယ်ညီမငယ်တွေကို အကြံပြုချင်တာက သူများထက်သာရမယ်ဆိုတဲ့စိတ်နဲ့  စာမလုပ်နဲ့ .. ငါစာတတ်ရမယ်ဆိုတဲ့ စိတ်နဲ့ ပဲ စာလုပ်စေချင်တယ်
နှိုင်းယှဉ်လိုတဲ့စိတ်က မနာလိုမှုကို ဖြစ်စေတယ်...
ဥပမာ တစ်နိုင်ငံလုံးက ကျောင်းသား တွေဝင်မဖြေကြရင် သေချာပေါက် ခင်ဗျား အဆင့်၁ရမယ်...
အဆင့်၁ရခြင်းမရခြင်းဟာ အခြားသူတွေအပေါ်မူတည်ပြီး ကိုယ်စာတတ်ခြင်းမတတ်ခြင်းက ကိုယ့်အပေါ်မှာပဲ မူတည်တယ်...
ဒီစကားဦးသန်းတာ အနာဂတ်ဖွင့်ပွဲ လို့ အမည်ရတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းက အဆင့်၁ရတဲ့သူကို ဖိတ်ပြီး
စကားပြောဖို့ တိုက်တွန်းလို့  အဆင့်၁ဟာ စာတတ်ခြင်းလောက် အရေးမပါကြောင်း အရင်တင်ပြတာ
အဆင့်၁ကိုအားမကျနဲ့ ... စာတတ်ခြင်းကိုပဲ အားကျစိတ်ထားပါ
အကြောင်းကြောင်းကြောင့် အဆင့်၁ မရပဲ ကျနော့်ထက်သာသူတွေ ရှိကို ရှိနေမယ်ဆိုတာ ကျနော်ယုံတယ်
တက္ကသိုလ်ဝင်တန်းတဲ့
ဒါကို အောင်မြင်ရင် တက္ကသိုလ်တတ်ခွင့်ရပြီ
၁၈နှစ်ပြည့်ဖို့ နီးလာပြီ
အရွယ်ရောက်တော့မယ်
ဘဝတစ်ခုကို ရွေးချယ်မှုစတော့မယ်
ကိုယ်ယုံကြည်ရာ ကိုယ်ဝါသနာပါရာ ရွေးချယ်လျှောက်လှမ်းရတော့မယ်
ကိုယ့်ကိုယ်ကို ပြန်မေးပြီးပြီလား
ငါဘာဖြစ်ချင်တာလဲ ဘာလုပ်ချင်တာလဲဆိုပြီး...
အမှတ်စာရင်းထွက်မှ မီးစင်ကြည့်ကတာလည်း ရိုးရာတစ်ခု လိုဖြစ်နေပြီ... ဒီစနစ်ကိုတော်လှန်ရမယ်
သားသမီးအမှတ်ကောင်းတိုင်း ဆေးကျောင်း ဇွတ်တတ်ခိုင်းတဲ့ မိဘတွေကိုတော်လှန်ရမယ်
သူများက ဟိုဟာတတ်ပါလား ဒီဟာ တတ်ပါလားလို့ ပြောတာကို နားယောင်တတ်တဲ့အကျင့်ကို တော်လှန်ရမယ်...
ယုံကြည်ရာကို
ရွေးချယ်ရဲဖို့ သတ္တိမွေးရမယ်
အဆင့်တစ်ရဖို့ စာလုပ်ခဲ့တာမဟုတ် လို့  စာကျက်ပါဆိုတဲ့ ဓါတ်ပြားဟောင်းကြီး ဖွင့်မပြချင်ဘူး
တက္ကသိုလ်ဝင်တန်းအရွယ်ဟာ ကလေးမဟုတ်တော့ဘူး
ဒါဟာ လူကြီးဘဝရဲ့နိဒါန်းပဲ
ကျောင်းစာကလွဲပြီး ဘာမှမသိတာမျိုး ကို ကျနော်က ရှုံ့ ချတယ်
နှလုံးသားဖွံ့ ဖြိုးဖို့  အနုပညာတစ်ခုကို စိတ်ဝင်စားရမယ်
ခန္ဓာကိုယ်ဖွံ့ ဖြိုးဖို့  အားကစားတစ်ခု ကိုလိုက်စားရမယ်....
ဖြန့် ထွက်တွေးတတ်ဖို့  puzzle gameလေးတွေ စိတ်ဝင်စားသင့်တယ်...
လူပျိုပေါ် အပျိုဖော်ဝင်ပြီဖြစ်လို့ 
sexual knowledgeရှိရမယ်...
အခု၂၀၃၀မှာ ပညာရေးစနစ်ဟာ အရင်ကထက်ပိုကောင်းမွန်လာပြီ
အလွတ်ကျက်ဖြေတဲ့ စနစ်ဆိုးကြီးကို တော်လှန်ခဲ့ပြီးပြီ...
အခြားနိုင်ငံတွေမှာ အားကစား အနုပညာ စာပေ ဆိုတာ လူတိုင်းရဲ့ အရည်အချင်းလိုဖြစ်နေတာ
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အောင်မြင်ခဲ့တဲ့ ဘောလုံးသမား ဝိန်းရွန်နီဟာ ကိုယ်တိုင်ရေး အထုပ္ပတ္တိရေးခဲ့တယ် တကယ်တော့ သူက အားကစားသမား...
ဒါပေမယ့် သူ့ ရဲ့အနုပညာအရည်အသွေး စာပေအရည်အသွေးဟာ မနိမ့်ဘူး
နိုင်ငံကို လူနဲ့ ပုံဖော်နေတာပါ
အချင်းချင်းကြိတ်ပြိုင်နေလို့  ဘာမှဖြစ်မလာဘူး စကားတစ်ခွန်းရှိတယ် အပြိုင်အဆိုင်ရှိမှတိုးတတ်တာတဲ့
ကျနော်ကထပ်ဖြည့်ပြောမယ်
ပြိုင်တယ်ဆိုတာ သူများနဲ့ မဟုတ်ဘူး
မိမိကိုယ်ကို ပြိုင်ရမယ်
မနေ့ က ငါထက် ဒီနေ့ ငါက ပိုသာရမယ် ဒီလိုပဲပြိုင်သင့်တယ်
အဆင့်၁ဆိုတာ မထူးဆန်းဘူး
လူတွေဘယ်လောက်ပဲညံ့ညံ့
စနစ်တွေဘယ်လောက်ပဲညံ့ညံ့
အဆင့်၁ကတော့ ရှိနေမှာပဲ
အနူတောမှာ လူချောမဖြစ်ချင်ပါနဲ့ ...
စာဖတ်ပါ ထပ်ပြောချင်တယ်
စာဖတ်ပါ စာမကျက်ပါနဲ့  ဤသည်၍ မလွဲကျက်စရာဘာမှမရှိဘူး
ဥပမာ ခက်ဆစ်ကအစပေါ့...
ခေတ်ဆစ်မှာ ဖွင့်ဆိုထားတယ်
ကန္တာရတဲ့
ဒါဟာ သွားလာဖို့ ခက်ခဲတဲ့ ဒေသတစ်ခုပဲ
ဒါကို အများစုသိကြမှာပါ
စာထဲမှာတော့ "သွားလာရခက်ခဲသောခရီး ခရီးခဲ"
ဆိုပြီး ဖွင့်ဆိုထားတယ်
ဒါကိုကျနော်ကငြင်းတယ်
ရန်ကုန်ဟာဒေသ မန္တလေးဟာ ဒေသ
ရန်ကုန်ကနေ မန္တလေးကိုသွားတာက ခရီး... ခရီးဆိုတာ လုပ်ငန်းစဉ်တစ်ခု ပြုခြင်းတစ်ခု...
ကန္တာရဟာ သွားလာရခက်ခဲတာတင်မဟုတ်ဘူး
နေထိုင်ရလည်း ခက်ခဲတာပဲ
သွားလာခြင်းကို ခရီးလို့ ဖွင့်ဆိုပြီး
နေထိုင်းခြင်းကို ခရီးလို့ ပြောလို့ မရ ဘူး
ဒါကြောင့် ကန္တာရဟာ ခရီးမဟုတ်ဘူး ဒေသတစ်ခုပဲ
ပြဋ္ဌာန်းစာအုပ်မှာ ဖွင့်ဆိုထားတာကို ဇွတ်မှိတ်ယုံပစ်တော့မှာလား
ဖြစ်လာတဲ့သံသယကို ပြေလည်စေ
ဖို့ သင်ကြားသူဆရာကို မေးရဲဖို့  သတ္တိရှိပြီလား
မရှင်းတာကိုမေးရဲတာ ကျောင်းသားတစ်ယောက်မှာ လိုအပ်တဲ့အရည်အချင်းပဲ
ညီတို့ ညီမတို့ မှာ ရှိနေပြီလား
ဘယ်ဆေးသောက်လို့  ဘာစားလို့  အဆင့်၁ရပါတယ်ဆိုပြီး ကြော်ငြာ ဖို့  ကမ်းလှမ်းတာကို ကျနော်ငြင်းခဲ့တယ်
မိမိအရည်အချင်းပေါ်မှာသာ အဓိကမူတည်တဲ့ အောင်မြင်မှုကို ဆေးကြောင့်ပါလို့ ကျနော် ပြောလိုက် ရမှာလား...
လူသားအရည်အချင်းကို နောက်ပို့ လိုက်ရမလား
ပိုက်ဆံရလိုမှုတစ်ခုနဲ့  ကိုယ့်အရည်အချင်းကို
ဓါးနဲ့ လှီးပစ် ရမှာလား .. sorry ကျနော်မလုပ်နိုင်ဘူး
ခေတ်အဆက်ဆက် ဘယ်အဆင့် ၁တွေ ကြော်ငြာခဲ့ကြော်ငြာခဲ့
ကျနော်မလုပ်နိုင်ဘူး...
ဒီစကားတွေဟာ အကြံပြုစကားဆို တာထက် ကျနော့်ကို ကျနော် အခြေခံပြီး ပြောပြနေခြင်းပါ...
ကျောင်းဆိုတာ တံခါးဖွင့်ပေးတဲ့ အလုပ်ကိုလုပ်တယ်
ကျောင်းသားက ဘယ်လမ်းကို သွားချင်လဲ ဖြောင့်တန်းအောင်လျှောက်နိုင်ဖို့  ကူညီပေးတယ်
ဘာလမ်းကိုလျှောက်ပါလို့  မရွေးချယ်ပေးဘူး
ဆရာဝန်ဖြစ်ချင်သလား
ဆရာမဖြစ်ချင်သလား
အားကစားသမားကောင်း
ဖြစ်ချင်သလား
အနုပညာသမားကောင်းဖြစ်ချင်သလား
ကျောင်းသားတစ်ယောက်ချင်းစီရဲ့ ဝါသနာကို လိုက်ပြီး ကူညီထောက်ပံ့ပေးတာမျိုး
ကျောင်းဟာ ပုံစံခွက်မဟုတ်ဘူး
ဆရာဆရာမတွေက ပုံဖော်စက်တွေ မဟုတ်ဘူး ကိုယ့်ဘဝကိုယ်ရွေးပြီး ကိုယ့်ပုံကိုယ်ဖော်ရမယ်
ဆရာဆရာမဆိုတာ အထောက်အပံ့ ပေးဖို့ ပဲ...
လူဆိုတာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တဲ့ သတ္တဝါမို့ ပဲ
တစ်နေ့ စာဘယ်လောက်ကျက်ပါ
Bioကိုဘယ်လိုကျက်ပါလို့ 
အကြံမပေးချင်ဘူး
ကျနော်အနေနဲ့  ညီတွေ ညီမတွေကို ပြောခဲ့တဲ့စကားတွေကို ပြန်အနှစ်ချုပ် ရရင်
တက္ကသိုလ်ဝင်တန်းဟာ ဘဝရဲ့ နိဒါန်းဖြစ်နေပါပြီ
တက္ကသိုလ်ဆိုတဲ့ ဘဝတစ်ခုအစပေါ် တိုးဝင်ဖို့  လုံလောက်အောင် ရင့်ကျက်ဖို့ လိုပါပြီ
အနုပညာကို စိတ်ဝင်စားသင့်တယ်
အားကစားတစ်ခုလိုက်စားသင့်တယ်
အခြားဗဟုသုတ တွေ သိသင့်တယ်
သုတ ရသ စာပေတွေဖတ်သင့်ပါပြီ
sexual knowledgeရှိသင့်ပါပြီ
ကလေးဆန်ဆန် သညာအဆင့်ပဲရှိတဲ့ အလွတ်ကျက်တဲ့ ဓလေ့ကြီးကို စွန့်  လွှတ်သင့်ပါပြီ....
သဘောတရားကိုပဲ ဦးစားပေး လေ့လာသင့်နေပါပြီ...
ကိုယ့်ဝါသနာပါရာကို ရွေးချယ်ထား သင့်ပါပြီ ပြင်ဆင်ထားသင့်ပါပြီ
အမှတ်ကြည့်ပြီးမှ ရွေးချယ်နေရတဲ့
ဘဝကြီးကို စွန့် လွှတ်သင့်ပါပြီ
အဆင့်၁ဆိုတဲ့ နှိုင်းရအောင်မြင်မှု ကြီးကိုမေ့ထားပြီး တတ်မြောက်မှု ဆိုတဲ့ပကတိအောင်မြင်မှုကိုပဲ မက်မောသင့်ပါပြီ...
ဒီစကားတွေဟာ ကျနော့်အတွေးနဲ့  ပြောတဲ့စကားတွေဖြစ်ပါတယ်
လက်ခံသည်ဖြစ်စေ ငြင်းပယ်သည် ဖြစ်စေ
ညီတို့ ညီမတို့ သဘောပါပဲ
ဟုတ်ကဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်....
၂၀၃၀လို့ ရေးတာက အကြောင်းရှိပါတယ်
လက်ရှိပညာရေးစနစ်မှာ အလွတ်မကျက်ပဲ မြန်မာတစ်နိုင်လုံးမှာ ၁ရဖို့ ဆိုတာ
မဖြစ်နိုင်ဘူးလို့ မြင်တယ်...
စာတတ်ဖို့ ဦးမတည်ပဲ
အမှတ်ကောင်းဖို့ ပဲဦးတည်နေရတယ်
အမှတ်ကောင်းတိုင်း စာတတ်တယ်လို့ ပြောရင် ကျနော်က ငြင်းချင်ပါတယ်...
တစ်နိုင်ငံလုံးမှာ ၁ရဖို့ ဆိုတာ
သာမာန်ဥာဏ်ရည်မျိုးနဲ့  မဖြစ်နိုင်ဘူး
ဒါ့အပြင် လက်ရှိပညာရေးစနစ်အရ အဆင့်၁ဆိုတာ တော်ရုံလွဲမှားမှု နဲ့  လည်း မဖြစ်နိုင်ဘူး
ဒီစကားက တာဝန်ကြီးတယ်
အဆင့် ၁သမားတွေကို လွဲတယ်လို့  စွပ်စွဲတာလားလို့ မေးစရာရှိတယ်
ဟုတ်ပါတယ် လွဲပါတယ်
ဒီနေ့  ကျင်းပတဲ့ စာမေးပွဲမှာ အဆင့်ဆိုတာ အမှတ်ကောင်းပြိုင်ပွဲ ကျင်းပနေတာမျိုးပါ
အမှတ်ကောင်းပြိုင်ပွဲ ဖြစ်တဲ့အတွက်လည်း
အမှတ်ကောင်းဖို့  လမ်းကြောင်းကိုပဲ ရွေးချယ်ကြပါတယ်...
ကဗျာတွေကို အရသာခံဖို့  ပျက်ကွက်တယ်
စကားပြေတွေကို အတုယူဖို့  ပျက်ကွက်တယ်...
ဟယ်လင်ကဲလားရဲ့ စိတ်ဓါတ်ပြင်းထန်မှုကို လေးစားဖို့  ပျက်ကွက်မယ်
အန်နီ ဆူလ်လဗန်ရဲ့ စိတ်ရှည်သည်းခံမှုကို ချစ်ခင်မြတ်နိုး
ဖို့ ပျက်ကွက်မယ်...
သူတို့ သိတာ close typeကျက်မယ်
အမှတ်ကောင်းဖို့ လုပ်မယ် ဒီလောက်ပဲ ရသအနုပညာကို
ခံစားဖို့ ပျက်ကွက်ပြီး စက်ရုပ်ဆန်ဆန်
ဖြတ်သန်းဖို့ ဦးစားပေးနေရပါတယ်
အကယ်၍အဆင့်၁ရသူဟာ လူသားဆန်ဆန် အနုပညာနဲ့ ခံစားပြီး ဖြတ်သန်းခဲ့တာဆိုရင် ကျနော့်စကား
မှားပါတယ်
#Error(Sithu)
10/9/2017
'' ခုနက စင်ပေါ်စကားတက်ပြောတဲ့
မောင်လေးမဟုတ်လား '
'' ဟုတ်ကဲ့ပါအစ်မ ''
'' တစ်နိုင်ငံလုံးမှာ Firstရထားတဲ့သူ ဆိုတော့ မောင်လေးစကားက သူတို့  အတွက် သိပ်အရေးပါတယ်...
မောင်လေးပေးတဲ့ အကြံရဲ့ ဆိုးခြင်းကောင်းခြင်းကို သူတို့  ခံစားရလိမ့်မယ်...''
'ဟုတ်ကဲ့ ကျွန်တော်လက်ခံပါတယ်''
''မောင်လေးက ပြောတယ် ... ဆယ်တန်းစာကို သင်တာ ဆယ်တန်းစာကို တတ်မြောက်အောင်လို့  ပြောတယ်
လက်ရှိမှာက ဆယ်တန်းစာမေးပွဲဟာ တက္ကသိုလ်ဝင်ခွင့်အတွက် ဂိတ်တံခါးလိုဖြစ်နေတယ်...
အများစုဟာ ဆယ်တန်းစာကို အမှန်တကယ်တတ်မြောက်ဖို့  ထက် အမှတ်ကောင်းကောင်းယူပြီး လိုင်းကောင်းကောင်းကို
ရွေးချယ်ခွင့်ရဖို့ ကြိုးစားနေကြတယ်
အရှိတရားဟာ အမှတ်ကောင်းမှ
လိုင်းကောင်းရမှာ ...
ဒါကြောင့် လိုင်းကောင်းရဖို့  အမှတ်ကောင်းအောင် ကြိုးစားကြမှာပဲ...
မောင်လေးလည်း ဒီပညာရေးစနစ်နဲ့  firstဖြစ်လာခဲ့တာကိုး...
ပညာရေးစနစ်ပြောင်းခဲ့ရင် မောင်လေးလည်း firstဖြစ်ချင်မှ ဖြစ်မှာ''
''ကျနော် firstရခဲ့တယ်... ကျနော်ဖြေတဲ့နှစ်မှာ ကျနော် စာအတတ်ဆုံးပါလို့  အဓိပ္ပာယ်မရသလို ကျနော် အအောင်မြင်ဆုံးပါလို့ လည်း အဓိပ္ပာယ်မရဘူး...
ဖြေပြီးခဲ့တဲ့အထိတော့ Firstရအောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့  ကြိုးစားခဲ့တာပဲ...
နောက်တော့မှ ကျနော်တွေးဖြစ်လာတာက... Firstရတော့ ဘာဖြစ်သလဲဆိုတာပဲ
လူသိများလာတယ်... ဒါဟာ popularပါ... Successမဟုတ်ဘူး
ခက်ဆစ်တွေ ၏သည်၍ မလွဲကျက်ခဲ့မိတယ်... ပြောရမယ်ဆိုရင် ကျနော်သိပ်ပင်ပန်းခဲ့တယ်...
ကျနော်ဆရာဝန်မဖြစ်ချင်ဘူး
အင်ဂျင်နီယာမဖြစ်ချင်ဘူး... ကျနော်ဖြစ်ချင်တာ စာရေးဆရာ...
ကျနော့်ဝါသနာကို ကျနော်သိနှင့်နေပြီးသား... ဒါပေမယ့် တက္ကသိုလ်ဝင်တန်းရဲ့ pressureအောက်မှာ ပြင်ပစာပေကို အာရုံစိုက်ခွင့်မရဘူး... ကျနော့်သူငယ်ချင်းတစ်ယောက်က ရိုးရိုးပဲအောင်တယ်...
သူက guitorတအားတီးချင်တဲ့ကောင်... အချိန်ပြည့် ဂစ်တာလေးနဲ့ ...
သူက ဒီတက္ကသိုလ်ဝင်တန်းကို
သူ့ ဝါသနာနောက်သူစီးမြောရင်း သက်တောင့်သက်သာလေး အောင်လာတာ....
သူက ကျနော့်ကို မေးခွန်းမေးတယ်
နွေဦးကာလာ မြူ ထသောခါ ကို ဘယ်လိုနားလည်လဲတဲ့...
တျာချင်းဖြစ်ကြောင်း ဝန်ကြီးပဒေသရာဇာရေးကြောင်း ထန်းတက်သမားမိသားစုရဲ့ဘဝကို သရုပ်ဖော်ခြင်းဖြစ်ကြောင်း စာထဲကပါတဲ့အတိုင်း သူ့ ကို ပြောပြမိတယ်...
သူက ခေါင်းခါပြပြီး ငါမေးတာအဲ့လိုမဟုတ်ဘူးတဲ့
ခေတ်ကိုနှိုင်းယှဉ်မယ်ဆိုရင် သူတို့ ခေတ်မှာလည်း entertainment သဘောလေးတွေရှိသတဲ့ဗျာ
ဒါနန်းတွင်းက ပြည်သူကို ပြန်ဖျော်ဖြေပေးတာ
မျိုးဖြစ်နိုင်တယ်တဲ့...
အင်မတန်ပူအိုက်တဲ့ အညာဒေသနွေရာသီဟာ စိတ်ပျက်ဖွယ်အတိပဲ... ဒီလိုအချိန်အခါမျိုးမှာ ကျေးလက်နေ ထန်းတက်သမားမိသားစုရဲ့ မပြည့်စုံမှုလေးကို ကရုဏရသမှာ ဟာသလေးနှောရင်း ဘုရင့်နားတော်ပေါက်အောင် ရည်ရွယ်တာမျိုး မဖြစ်နိုင်ဘူးလားတဲ့
ဟုတ်တယ် ဒါကဗျာ ဒါအနုပညာ
ဒါဟာစာသက်သက်မဟုတ်ဘူး
ကျက်မှတ်ဖို့ မဟုတ်ဘူး ဒါဟာခံစားဖို့ 
The whole burma first
writer by