ဆင်းရဲတဲ့ ဘဝမှာ ကြိးပျင်းခဲ့ရလို့. .နောက်တစ်ခါ အဲလို ဘဝမျိုး မရောက်ချင်ဘူး မောင်... အဲဒါကြောင့် လည်း အမြဲ ကြိုးစားခဲ့တယ်.. .ဘဝအတွက် ကြိုးခဲ့တဲ့ တစ်လျှောက်လုံး အမှား အနည်းဆုံး ဖြစ်အောင် ကြိုးစား ရပ်တည်ခဲ့လို့ ..ဒီလို အနေအထား ရောက်နေပြီးမှ အခုလို မောင်နဲ့ ဆုံခဲ့တာလေ.."ကျွန်တော် နှုတ်ဆိတ်စွာပဲ မမကို ငေးကြည့်နေမိတယ်။ စကား ပရိယာရ် ကြွယ်ဝသလို စကားပြောကောင်းတဲ့မမကို ကျွန်တော် မယှဉ်နိုင်ခဲ့ဘူးလေ။ သောက်လက်စ စီးကရက်ကို မြေမှာချနင်းပြီး မမကို ခပ်ငေးငေးကြည့်ကာ ကျွန်တော် စကားစ ဟန်ပြင်တော့ မမက" နေအုံးမောင်...မမစကား မဆုံးသေးဘူး...မမ ပြိးအောင်ပြောမယ်.. .မောင့်ကို ချစ်တာ ရယူခြင်း လည်းမရှိဘူး.. စွန့်လွတ်လိုက်တာ မျိုးလည်း မဟုတ်ဘူး... ချစ်လို့ချစ်ခဲ့တာ.. အကြောင်း ပြချက်မရှိဘူး.. .မောင်က ဘယ်တော့မှ မမရဲ့အသိ၊ မမရဲ့အတွေး၊ မမရဲ့ နှလုံးသား ထဲမှာ. .ပျောက်ပျက် သွားမှာ မဟုတ်ဘူး... ..မမရဲ့ နောက်ဆုံး ထွက်သက်ထိ ချစ်နေမှာ.. လမ်းခွဲတာ မဟုတ်ဘူး.. မဆုံနိုင်လို့ မဆုံကြတာ.. ..မောင်နဲ့ မတွေ့ဖြစ်တာ နှစ်ပေါင်းများစွာ ကြာသွားလည်း မမမောင့် ဆိကို လာတွေ့မှာ.. အဲဒီအချိန် မောင်အိမ်ထောင် ကျချင်လည်း ကျနေမယ်.. .မိသားစုတွေနဲ့လည်း ဖြစ်ကောင်း ဖြစ်နေမယ်... မမအတွက် မောင့်ကိုချစ်တဲ့ အချစ်တွေ.. ဘာမှအရောင် မပြောင်းလဲဘူး.... အခြေနေပေးရင် ပေးသလို မောင့်ဆီကို တစ်ခေါက်တော့ အနည်းဖြစ်အောင် လာတွေ့ဖြစ်မယ် ......ဒီကြားထဲမှာ ... မမရဲ့နှလုံးသားက ..အမြဲတမ်း မောင့်တစ်ယောက်ထဲပဲ ...သေချာတယ်.. အဲဒါမမရဲ့ ဘယ်တော့မှ မပြောင်းလဲတဲ့ ခံယူချက်ပဲ...." .စကားတွေ အရှည်ကြီး..မိန့်ခွန်း ပြောသလို ပြောနေတဲ့ မမကို.. ကျွန်တော် အမြဲ ငေးကြည့် နေခဲ့ရတယ်။ မေးခွန်းတွေ မေးရင် ပညာသား ပါပါနဲ့ မေးခွန်း ပြန်ထုတ်ချင်ထုတ် မထုတ်ရင်... မေးခွန်း ပြန်လှည့်မေးတက်တဲ့ မမကို.. ထိရောက်တဲ့ စကားတစ်ခွန်းဆိုဖို့.. ကျွန်တော်မနည်း ကြိုးစားနေရတယ်...။ ဘာပဲလုပ်လုပ် အစီစဉ် ချပြီးမှ လုပ်တက်တဲ့ မမမှာ... Plan တွေ အမြဲ ရှိနေ တက်သလို ထောင့်စေ့တက်တဲ့ မမ။ ဘာပဲလုပ်လုပ် တိတိကျကျနဲ့ ဇောက်ချလုပ်တက်တဲ့ မမကို.. မေးဖို့ မေးခွန်းတစ်ခု ကိုခပ်တိုးတိုးပဲ... မေးလိုက်တယ်။
author:
photo:google