သူ့ရဲ့ ကဗျာကို ကျွန်တော့်ကို အင်္ဂလိပ်လို ဘာသာပြန်ပေးပါတဲ့။ ပြန်ကြည့်တာ မလွယ်လှပါဘူး။ ကဗျာဆရာ 'ခွန်းချိုလွင်' တဲ့။ တခြားလူမဟုတ်ပါဘူး...ကျွန်တော်တို့ရဲ့ မိတ်ဆွေကြီး ဆရာ ညွန့်ဝေမိုးNyuntwai Moeပါ။
.နှလုံးသား အမှတ်တရ
ခွန်းချိုလွင်
အရက်နဲ့ အချစ် ရောသောက်ဖြစ်တဲ့ ညမှာ
ငါ ခါတိုင်းထက် ပိုမူးသွားတယ်။
ဒီလိုနဲ့ နှစ်ဟာ လဖြစ်၊ လဟာ ရက်ဖြစ်
သမုဒယအဖြစ်တွေ မိုက်ခရိုချစ်ပ်ထဲ ထည့်ထားလို့ရအောင်
ကြုံလှီသွားခဲ့တယ်။
ဒါပေမဲ့လေ... အလင်းနှစ်များစွာ ရှည်ချင် ရှည်
ဆွဲဆန့်လို့ရတဲ့ အမှတ်တရဖြစ်စရာတွေ
မင်းနှလုံးသားက မှတ်မိနေဦးမယ်ဆိုရင်....။
မလာပါနဲ့ဦး သောကရယ်
လွမ်းမဝသေးခင်
မူးတူးမင်တင် ချစ်စိတ်ရယ်... နာကြည်းမှုရယ်...
ဘတပြန် ကျားတပြန် လုံးထွေးနေတုန်း
ဗြုန်းဆိုရောက်လာတဲ့ ရနံ့ က
ဆွတ်ပျံ့မှုကို ပိုအားကောင်းစေတယ်။ ။
a heart-felt memory
the night i had a concoction of liquor and love
i got tipsier than usual.
year turned into month, and month into day.
feelings of our attachment had shrunk
as if they could be stored in a microchip.
nevertheless... let it even take several light years
so long as your heart can still remember
those stretchy memories......
grief! don't you come here yet!
let me miss her to my heart's content!
while tipsy love and bitterness are
at their ding-dong wrestle,
a fragrance that comes all of a sudden enhances those tender rapturous feelings in my heart.
Translation by