Distributor
အရင်ဆုံး သူတို့ စစ်ထားတာတွေကိုမေးပီး ခဏဖယ်လိုက်ပါတယ် ယာယီအားဖြင့် မိမိကိုယ်တိုင် လုပ်တာတောင် တစ်ခါတစ် အတိမ်းအစောင်း အနည်းငယ်ရှိပါတယ် သူများလုပ်ထားတာ ဖြစ်တဲ့အတွက် ၅၀ .၅၀ ပါ ။သတိဆိုတာ ပိုတယ်မရှိပါ အခုလောလောဆယ် သူတို့မစစ်ဆေးရသေးတဲ့အပိုင်း ဖြစ်နိုင်ခြေ အနီးဆုံးကိုဆွဲကြည့်ရပါတယ်။ဆီနဲ့ ပလပ်စစ်ပီးပီဆိုတော့ အရှေ့ခြမ်း တိုင်ပင်ဘက်ကို ပထမဦးဆုံး စစ်ဆေးရမှာပါ။
မပျက်နိုင်ဘူးဆိုတဲ့အတွေးက ၇၅ .၂၅ ပါ ဒါပေမဲ့ စစ်ဆေးရမှာဘဲ ဖြုတ်ကြည့်လိုက်တယ် အားလုံးမှန်တေပါတယ် ပြန်တက်တယ် အဖြုတ်အတက် ၃ နာရီကြာပါတယ် နောက်တစ်ခုဘက် လှည့်ရပါတော့မယ်။ဆီတိုင်ကီ ဖြုတ်ပီး အထဲက ဆီပန့်ရဲ့ တွန်းအားကို စစ်ရပါတော့မယ်။ အမှန်ဆိုရင် ဖြုတ်ပီးစစ်ဆေးစရာ မလိုပါဘူး ဆီပရက်ရှာတိုင်းတဲ့စက်က အလယ်အလတ်တန်းစားက ၃သိန်း ကျော်ရှိပါတယ် ကိုယ့်အနေအထားနဲ့ ဝယ်နိုင်တဲ့ အင်အားမရှိလို့ ဖြုတ်ပီးလုပ်ရမှာပါ ။ပရက်ရှာက သော့ဖွင့်တာနဲ့ ပုံမှန် သတ်မှတ်ချက် ပြည့်ပါတယ် လီဗာနင်းတဲ့အချိန် သက်မှတ်ချက် အောက် အနည်းငယ်လျော့နည်းတဲ့အတွက် ပန့်မော်တာ အသစ်တစ်လုံး လဲတက်လိုက်ရပါတယ်။ဒီမှာလဲ ၂ နာရီလောက်သွားပါတယ်။စက်ပြန်နိုးစမ်းတယ် အခြေအနေကတော့ ကောင်းလာပါတယ် ဒါပေမဲ့ စိတ်ကြိုက် အနေအထားမရပါဘူး နောက်ထပ်တစ်ခု ရောဂါဖြစ်နိုင်ခြေ ရှိသော ecu ကို ဖွင့်ပီးစစ်ဆေးပါတယ် ဒီကွန်ထိုးပိုင်းကလဲ ပျက်တက်ပါတယ် ဒါပေမဲ့ အခုဟာကတော့ အသစ်နီးပါ ပြောင်လက်နေပါတယ် အနာအဆာ လောင်ကျွမ်းခြင်း ဘာမှမရှိ ကွန်ပျူတာ ချိတ်ဆက်မူ့ ကောင်းတဲ့အတွက် ဖြစ်နိုင်ခြေထဲက ပယ်လိုက်ပါတယ်။
အဲဒီတော့ ကျန်တဲ့မီးလိုင်းကို ပြန်သွားရပါမယ် မသွားလင်သူတို့ လုပ်ထားတဲ့ injector spark plug စတာတွေအားလုံး ပြန်ဖြုတ်ဆေးကြော စစ်ဆေးရပါတယ် သံသရ မရှိအောင်ပေါ့ ။နောက်ဆုံးတစ်ခုဘဲ ကျန်ပါပီ သက်ဆိုင်မူ့က အဲဒီလောက်တော့ မရှိဘူး ဘာဘဲပြောပြော စစ်ဆေးတာက မိမိရဲ့ဆုံးဖြတ်ချက်ကို ခိုင်မာစေပါတယ်။ဟုတ်ပါတယ် တွေ့ပါပီ distributor မီးပေးတဲ့စနစ်က သိပ်မမှန်ပါဘူး အသစ်သွားဝယ် ကောက်ထည့် ဂွပ်ခနဲ ဖြစ်good သွားပါပီဗျာ ။ HFSS GPB 9
credit photo google search