တန်ဖိုး(၂၂)
ကျွန်တော် တစ်ခါတစ်လေ စဉ်းစားမိတယ် လူတွေအားလုံး သူဌေး ဆင်းရဲသား နေ့တိုင်း အနည်းနဲ့အများ အလုပ်လုပ်ကြပါတယ် သူဌေးတွေလောက်ဘဲ မိမိလုပ်နေတဲ့ အလုပ်ကို အမြဲတမ်းပြန်ပြန်ပီး ဆန်းစစ်တက်ကြပါတယ်။အခြေခံလူတန်စား အချို့လဲပါကြပါတယ် ဆင်းရဲချို့တဲ့သူတွေတော့ ပါတော့ပါတယ် ဒါပေမဲ့ အနည်းအကျင်းလောက်ဘဲ မိမိလုပ်နေတဲ့အလုပ်ကို အကြာကြီးနေမှ တစ်ခါလောက်ဘဲ ပြန်လည် ဆန်းစစ်ကြပါတယ်။
ဒါက အောင်မြင်ချမ်းသာခြင်းရဲ့. အဓိကသော့ချက် တစ်ခုပါဘဲ မိမိဘဝကို တိုးတက်အောင်မြင်အောင် ဆောင်ရွက်မယ် ဆိုရင် မဖြစ်မနေ လိုက်နာ ကျင့်သုံးဖို့ လိုပါတယ်။တစ်ခြားသူတစ်ယောက်ကလဲ ဒီအလုပ်ကိုလုပ်နေတယ် ဆိုရင် အဲ့ဒီသူကို မိမိရဲ့ ပြိုင်ဘက်ကောင်းတစ်ယောက် အဖြစ်သတ်မှတ်ဖို့ လိုပါတယ်။အလုပ်လုပ်တဲ့အခါ ပြိုင်ဘက်ရှိမှ တိုးတက်မူ့ မြန်ဆန်မှာပါ။ပြိုင်ဘက် မရှိရင် ရှိအောင်ရှာပါ တစ်ကယ်လို့ မတွေ့ခဲ့ရင်တော့ မိမိအနေနဲ့ တစ်ခြားလုပ်ငန်း လုပ်ကိုင်နေသူတစ်ယောက်ကို စံနမူနာယူပီ ကြိုးစားပါ။
တစ်ခြားသူတွေ အလုပ်လုပ်တဲ့အခါ တွေ့ကြုံလာတဲ့ အခက်အခဲကို ဘယ်လို ရင်ဆိုင်လဲ ဘယ်လိုဖြေရှင်းခဲ့လဲ ဆိုတာ လေ့လာသင်ယူပါ။အလုပ်လုပ်နေတဲ့အခါ အခက်အခဲကတော့ အနည်းနဲ့အများ အမြဲတမ်းကြုံနေရမှာပါ ကြုံလာတဲ့အခက်အခဲကိုလဲ အလွယ်ကူဆုံး အမြနိဆုံးနဲ့ အန္တရာယ်ကင်းကင်းနဲ့ ဖြေရှင်းတက်အောင်လဲ ကြိုးစားဖို့လိုပါတယ်။အလုပ်ကနေ ပေးတဲ့ သင်ခန်းစာက မိမိဘဝအတွက် အကောင်းဆုံး သင်တန်းပါဘဲ။မိတိဆွေများ အားလုံး အောင်မြင်တိုးတက်တဲ့ ဘဝခရီးလမ်းကို မမောမပန်းဘဲ တစ်ဆင့်ခြင်း တက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလိုက် ပါတယ်ခင်ဗျာ။ MSU.032