Throttle body assembly
ဒါကတော့ အင်္ဂလိပ်လို အခေါ်အဝေါ်ပါ အတိုကောက်ကတော tp လို့ခေါ်ပါတယ် မြန်မာလိုဆိုရင်တော့ လေတံခါး အစုအဝေးလို့ ခေါ်ပါတယ်။ပုံမှာပါတဲ့ဟာကတော့ လေတံခါး ကိုပျက်နေတဲ့အတွက် တပည့်လေးတွေကို ပညာရစေချင်တဲ့ဆန္ဒကြောင့် ခွဲပီးရှင်ပြထားတာပါ။
သူက ၁၉၉၆ ၂၀၀၂ အကြားမှာ အသုံးပြုထားတာ များတယ်လို့ သိရပါတယ် သေသေချာချာတော့ မသိပါ။အခုအသုံးပြုထားတဲ့ကားကတော့ toyota townace diesel engine မှာ တပ်ဆင်အသုံးပြုထားပါတယ်။သူ့စနစ်က ကွန်ပျူတာဘောက် စနစ်ကို လုံးလုံး မရောက်ခင်စပ်ကူးမတ်ကူးပေါ့။လီဘာ စနစ်ကတော့ ကြိုးပျောက်စနစ်ပါ။အရင်က လေတံခါးလို့ ခေါ်တဲ့ ကာဗရိုက်တာ မှာလီဘာနင်းတာတက်အောင် လီဘာခြေနင်းခိုင်းတံကနေ စတီးကြိုးကို အသုံးပြုပီး မောင်းနှင်ရပါတယ်။အခုမောင်းထားတဲ့စနစ်ကတော့ လီဘာခြေနင်းကနေ ကြိုးအသုံး မပြုဘဲ တန်ဖိုးဘအတိုးအလျော့ လုပ်လိုရတဲ့ varieable resisctor ကို အသုံးပြုပီး ကွန်ပျူတာကနေ တဆင့် မော်တာနဲ့ မောင်းနှင်ပါတယ်။
ပျက်တာကတော့ မော်တာကနေ လေတံခါးကို လှည့်တဲ့အခါ အသုံးပြုထားတဲ့ ပလတ်စတစ် ပီနီယံ အသွားတွေ ချော်ပီးစားသွားလို့ပါ။မော်တာက weight မော်တာပါ speed မော်တာ မဟုတ်ပါဘူး သူ့အလုပ်ကတော့ မောင်းတဲ့သူရဲ့ ညွန်ကြားချက်အတိုင် လေအဝင်လိုင်း လေပမာဏကို ချိန်ပေးတာ တစ်ခုဘဲ။လေအဝင်လမ်းကြောင်း ကို အနည်းအမျာ ချိန်ပီးတော့ ကားရဲ့ အင်ဂျင်လည်ပတ်မူ့ကို ပြောင်းလဲစေပါတယ်။ MSU.032