တန်ဖိုး(၇)
အရင်ချိန်တုန်းက အလုပ်ပေးတဲ့သူက ဆက်ဆံတဲ့အခါ ဒီအလုပ်လုပ်မလား ဒီလောက်ပေးမယ် မင်းမလုပ်ခြင်ရင်လဲ ရတယ် ကိစ္စမရှိဘူး လုပ်နိုင်တဲ့သူ လုပ်လိမ့်မယ်။ကိုယ်မှာကလဲ အလုပ်မရှိတော့ မတန်မှန်းသိပေမယ့် မိမိဘဝရှေ့ဆက်ဖို့ ခေါင်းငြိမ့်ပီး ဟုတ်ကဲ့ လုပ်ပါ့မယ် ခင်ဗျဆိုပီး လက်ခံခဲ့ရတာတွေ အများကြီးပါ။အဲ့ဒီလို ဆက်ဆံခံလိုက်ရသူတွေလဲ အများကြီးရှိပါတယ်။
အဆင်မပြေတဲ့ ဘဝဆိုတော့ အလုပ်ရရင်ပီးရောဆိုပီးတော့ ကိုယ်ရဲ့သိက္ခာ မန်မာဏ ကိုဘေးချခဲ့ရတဲ့ ရက်တွေလဲ အများကြီးပါ။အလုပ်အကိုင်လေးလဲ အဆင်ပြေလာတော့ အလုပ်ကို ကိုယ်ကရှာစရာ မလိုတော့ဘူး စ်ဖက်ကလဲ ဆက်ဆံရေး ပုံစံပြောင်းလာတယ် ဆရာရယ် ဆရာဘဲ ကြည့်ပီးတော့ အဆင်ပြေအောင် လုပ်ပေးပါ အားကိုးပါတယ် ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့ဗျာ။မိတ်ဆွေတို့လဲ ကြုံဘူးကြမှာပါ။ဒီအချိန်မှာ အရင်ကလိုဘဲ မအောင်မြင်သေးတဲ့ အချိန်က အတိုင်းစကားအပြောအဆိုကို ထိန်းသိမ်းဖို့လိုပါတယ်။လူတွေဟာ လိုတဲ့အချိန်ကြရင် တစ်မျိုး မလိုရင်တစ်မျိုး ပြောတက်ဆိုတက် လုပ်တက်ကြပါတယ်။မိမိကို မနာလိုတဲ့သူတွေ ရှိသလို မိမိအကျိုးကို လိုလားသူတွေလဲရှိကြပါတယ်။အကောင်းဆုံကတော့ မိမိကိုယ်ကို ပြန်ပီးဆန်းစစ်နေဖို့ပါဘဲ။ဒါမှလဲ ရှေ့ဆက်ရမယ့် ဘဝခရီးအတွက် အစစအရာရာ အဆင်ပြေ ချောမွေ့နေမှောပါ။
မိမိအနေအထိုင် အပြောအဆိုကို မထိန်းသိမ်းဘူး ဆိုရင်တော့ မိမိရဲ့အောင်မြင်မူ့ဟဲာ ရေရှည်ခံမှာ မဟုတ်ပါဘူး။ဒါကြောင့် လုပ်ငန်းတစ်ခု အောင်မြင်ခြင်ရင် အစစအရာရာ သတိထားနိုင်မှဖြစ်မယ်။ HFS GBP 9
credit photo google search