လက်ဆောင်
ဘတ်စကားတစ်စီးပေါ်မှာ.....
အဘိုးကြီးတစ်ယောက်ပန်းလှလှတစ်စည်း
ကိုင်လျက်လိုက်ပါလာသည်။သူနှင့်လူသွား
လမ်းခြားလျက်တစ်ဖက်ခုံမှာမိန်းကလေးတစ်
ယောက်ထိုင်နေသည်။ကောင်မလေးမျက်လုးံ
တွေကပန်းတွေဆီပဲတရစ်ဝဲဝဲဖြစ်နေသည်။
ခဏနေတော့မှတ်တိုင်တစ်တိုင်မှာဘက်
စကားရပ်သည်။အဘိုးကြီးကအလျင်စလိုထ
ကာပန်းစည်းကိုကောင်မလေးလက်ထဲထိုး
ထည့်သည်။"ယူပါကွာ၊မင်းကြည့်ရတာပန်း
သိပ်ချစ်ပုံရတယ်၊မင်းကိုပေးခဲ့တဲ့အကြောင်း
သိရရင်အဘိုးဇနီးကလဲဝမ်းသာမှာပါ၊အဘိုး
သူ့ကိုပြောပြလိုက်ပါ့မယ်"ကောင်မလေးပန်း
စည်းကိုယူလိုက်ပြီးအဘိုးကြီးကားပေါ်က
ဆင်းသည်ကိုလိုက်ကြည့်နေသည်။ဘတ်
စကားရပ်သည့်နေရာကသုသာန်တံခါးဝအနီး
မှာဖြစ်သည်။သုသာန်ထဲသို့အဘိုးကြီးဝင်
သွားတာသူမြင်လိုက်သည်။