ကျွန်မမြို့လေးတစ်မြို့ကိုအလုပ်ကိစ္စဖြင့်
ရောက်လာခဲ့ခြင်းဖြစ်ပါသည်။ပြီးတော..
သည်မြို့လေးသည်ကျွန်မအတွက်ပထမဆုံး
အကြိမ်ရောက်ဖူးခြင်းလည်းဖြစ်ပါတယ်။
ရောက်ရောက်ခြင်းပဲ၊မေမေ့ရဲ့မောင်ဝမ်းကွဲ
တော်ဆက်သူဦးလေးဘုန်းဘုန်းထံ
မေမေလှူခိုင်းလိုက်တဲ့လှူဘွယ်ပစ္စည်းများ
ကပ်လှူခဲ့ပါတယ်။ဘုန်းဘုန်းကိုကန်တော့နှုတ်
ဆက်ရင်းအမှတ်မထင်ကျောင်းဝင်းထောင့်ရှိ
အုတ်ဂူဖြူဖြူလေးကိုတွေ့လိုက်ရတော့ကျွန်မ
ကြောက်လန့်စိတ်အနည်းငယ်ဖြစ်သွားမိပါ
တယ်။တကယ်တော့နေဝင်ခါစသည်အချိန်
လေးသည်ကြောက်လန့်စိတ်ဖြစ်ဖို့အကောင်း
ဆုးံအချိန်မဟုတ်ပါလား။ဂူမျက်နှာပြင်တွင်
တွေ့လိုက်ရသောစာကြောင်းလေးများက
ကြောက်လန့်စိတ်ထက်စိတ်ဝင်စားသည့်စိတ်
ကပိုများသွားစေပါသည်။အုတ်ဂူဖြူဖြူ
ပေါ်တွင်ရေးထိုးထားသောစာကြောင်းများ
က"ဘဝဆက်တိုင်းသံသယဖြင့်နှိပ်စက်ခံရ
သူအဖြစ်မှကင်းလွပ်ရပါလို၏"ဟုသောစာ
ကြောင်းများကကြောက်လန့်စိတ်နေရာကို
အစားထိုးဝင်သွားသလားမသိ။ကျွန်မပင့်
သက်ကိုရှိုက်ရင်းအုတ်ဂူနားဆီတိုးသွားမိ
တော့ ...အရှင်သူရိယ [ဓမ္မာစရိယ]
အသက်တော်[၂၄]နှစ်
ဝါတော်.[၄]ဝါ
ကလောင်အမည်./မောင်လွမ်းနောင်
(၁၁.၇.၂၀၀၃ခုနှစ်တွင်ပျံလွန်တော်မူသည်)
ပျံလွန်မူသည့်နေ့စွဲကိုကြည့်တော့ဘာမျှမကြာ
သေး။အုတ်ဂူပင်သစ်သစ်လွင်လွင်ရှိနေဆဲ။
အသက်(၂၄)နှစ်ဆိုတာလောကမှာနေအ
ကောင်းဆုးံအရွယ်လေး၊ဘာဖြစ်လို့ပါလိမ့်၊
ပြီးတော့စားရေးတဲ့ဦးဇင်းလေးတဲ့။
ကျွန်မနဲ့ဝါသနာတူစာရေးတဲ့ဦးဇင်းလေးမို့
စိတ်မကောင်းဖြစ်မိတာတော့အမှန်ပါပဲ။
အုတ်ဂူလေးကိုလက်နှင့်ထိလိုက်တော့ကြမ်း
ရှရှအင်္ဂတေသားသည်ကျွန်မ၏နှလုးံသားကို
လာ၍ထိသယောင်၊ထိလက်စလက်ကိုချက်
ချင်းမရုပ်မိ၊၊ဘာဖြစ်လို့ပျံလွန်တော်မူသွားပါ
လိမ့်...တစ်ခုခုများဖြစ်ခဲ့လို့လား...။