ကျနော်ကြိုက်သော စကားပြောခန်းများ
(၁)
အီဂျစ်ပြည့်ရှင် တော်လမီ(၁)က မေးသည်
''ဆရာ ယူကလစ် ... ခင်ဗျားရဲ့ ဂျီသြမေတြီသင်ရိုး Elementကျမ်း ၁၃ကျမ်းကို အမြန်ဆုံးသင်လို့  ရတဲ့နည်းရှိလား''
''ဂျီသြမေတြီပညာတတ်ဖို့  ရှင်ဘုရင်အတွက် အထူးနည်းလမ်း မရှိပါဘူးအရှင်''
There is no royal road to geometry
(တော်လမီ(၁)သည် မက်ဆီဒိုးနီးယား ဘုရင် အလက်ဇန်းဒါး၏စစ်သူကြီးဖြစ်သည် အလက်ဇန်းဒါးကွယ်လွန်ပြီးနောက် အီဂျစ်တွင် ဘုရင်အဖြစ် စိုးစံသည်
ယူကလစ်(Euclid BC 325-265)
သည် သချာင်္ပညာ၏ အခြေခံသဘောတရားစာအုပ်ကို ရေးသားခဲ့ပြီး ပြင်ညီgeometryဖြေရှင်းနည်းများ ကိန်းစဉ်သီအိုရီ ထုပုံgeometryနှင့် အခြားသော ဂဏန်းသချာင်္ပြသနာများကို ဖော်ပြသည့် ကျမ်း၁၃ကျမ်းကို ပြုစုခဲ့သည်
BC 265၌ အီဂျစ်နိုင်ငံ အလက်ဇန္ဒြီးယားမြို့ တွင် ကွယ်လွန်သည်
(၂)
''ကျနော်က Alexenderပါ '' the greate''လို့ တွဲခေါ်လေ့ရှိကြတယ်''
'ကျုပ်ကDiogenesပါ ''the dog''လို့  တွဲခေါ်လေ့ရှိကြတယ်''
''ကျနော့်ဆီက ခင်ဗျား ဘာတောင်းဆိုချင်လဲ ဒိုင်အော်ဂျီးနပ်စ်
ရစေရမယ်''
''ကျုပ်ဆွဲတဲ့ပုံတွေမှာ ခင်ဗျားအရိပ်ကျနေတယ် အဲ့ဒါ နည်းနည်းလောက်ဖယ်ပေးပါ''
''ကျုပ်သာ အလက်ဇန်းဒါးမဟုတ်ရင် ဒိုင်အော်ဂျီးနပ်စ် ဖြစ်ချင်တယ်ဗျာ''
ဒိုင်အော်ဂျီးနပ်စ်က လှောင်ပြုံးလေးပြုံးပြီး စိတ်ထဲမှာ စကားတစ်ခွန်းရေရွတ်လိုက်သည်
''မင်းလိုကောင်က များ''
(ဒိုင်အော်ဂျီးနပ်ရော အလက်ဇန်းဒါးအကြောင်းရော အများစုသိထားပြီးသားမို့  မဖော်ပြတော့ပါ)
(၃)
''ရွေးချယ်ခွင့်
ဂျာမန်လူမျိုး ဇီဝဗေဒသိပ္ပံပညာရှင်လည်းဖြစ်
နိုင်ငံရေးခေါင်းဆောင်လည်းဖြစ်သော ဖီးရ်ခိုးသည် ဂျာမန်နန်းရင်းဝန် ဘစ္စမတ်အား မပြတ်ဝေဖန်သဖြင့် နန်းရင်းဝန်မှ စိန်ခေါ်သည်
''မင်းသတ္တိရှိလား... ကြိုက်ရာလက်နက်ရွေး...(duel)တစ်ယောက်ချင်း သူသေကိုယ်သေနွှဲမယ်''
''ကဲ... ကျုပ်က ခင်ဗျားလောက်တော့ သေနတ်ပစ်မကောင်းဘူး ဒါကြောင့်ကျုပ်ကြိုက်တဲ့ လက်နက်ကို ကျုပ်ရွေးချယ်မယ်
ဟောဒီမှာ ဝက်အူချောင်းနှစ်ချောင်း
တစ်ချောင်းမှာက ရောဂါပိုးအပြည့် တစ်ချောင်းကတော့ သန့် တယ်
ခင်ဗျားကြိုက်တဲ့တစ်ခုစား
ကျန်တာကို ကျုပ်စားမယ် ဘယ်လိုလဲရဲလား''
နန်းရင်းဝန်မှ စိန်ခေါ်ပွဲကို ဖျက်သိမ်းသွားသည်
(၄)
အင်္ဂလိပ်စာရေးဆရာကြီး ရုဒ်ယာဒ့် ကစ်ပလင်း(Rudyard Kipling 1865-1936)သည် ၁၉၀၇တွင် စာပေဆိုင်ရာ နိုဘယ်ဆုချီးမြှင့်ခံရသည်
စာမူခငွေအမြောက်အများကိုလည်း ရရှိသူဖြစ်သည်
''စာလုံးတစ်လုံး(word)ရေးတိုင်း ဒေါ်လာတစ်ရာလောက် ဝင်ငွေရသူဖြစ်သည်
တစ်နေ့ မှာ သတင်းထောက်တစ်ယောက်က
''ဆရာခင်ဗျား ဆရာက စာလုံးတစ်လုံးရေးတိုင်း ဒေါ်လာတစ်ရာလောက်ရတယ်လို့ 
ကြားသိထားတယ်ခင်ဗျ''
''ဟုတ်လား ကျုပ်တောင်သတိမထားမိလို့  မသိဘူး''
''ဒီမှာ ဒေါ်လာတစ်ရာယူဗျာ ကျနော့်ကို တစ်ရာစကားလုံးတစ်လုံးလောက်ပြောပြပေးပါလား''
ကစ်ပလင်းမှ ပိုက်ဆံကို ဆွဲယူ ဖြန့်  ကြည့် ပြီး
သူ့ အိပ်ထဲကောက်ထည့်ရင်း
စကားတစ်ခွန်းပြောလိုက်သည်
''Thanks''
(ဖတ်ဖတ်ချင်းပြုံးသွားမိတယ်
ဒီဟာကို ဟာသလောက်ပဲ ကျနော်ယူရလေမလား
ကျေးဇူးတင်တယ်လို့ 
ပြောဖို့ မမေ့ခြင်းဟာ ဒေါ်လာတစ်ရာမကတန်လေမလား
ကိုယ့်နည်းကိုယ့်ဟန်နဲ့  စဉ်းစားမိသွားတယ်')
writer by@ minhtikesan