''ဒီခေတ်လူငယ်တွေ စာဖတ်အားသိပ်နည်းကြတယ်
တို့ ခေတ်တုန်းကနဲ့ များ ကွာပ''
''အဲ့ဒါဘယ်သူပြောတာလဲ''
''ဟေ..''
ကျနော်စကားပြန်ထောက်တော့ အဘိုးအိုဟာ အံ့သြဟန်ပြတယ်
ပြီးမှ
''မင်းကလက်မခံဘူးလား''
''ကျနော်တစ်ခုပြောပြမယ်အဘိုး လူငယ်တွေကို တိုက်တွန်းလိုရင် အပြစ်ဖွဲ့ တဲ့
နည်းနဲ့ မတွန်းရဘူးအဘိုး
အဘိုးက အခုခေတ်လူငယ်နဲ့ 
တို့  ခေတ်လူငယ်ဆိုပြီး ခွဲခြားချင်ပုံရတယ်
ခေတ်အရွေ့ မှာ အဆိုးအကောင်းဟာ ရောပါလာတာပဲ... သူတို့  စာဖတ်ဖို့  အခွင့်အလမ်းနည်းသွားတာမှန်တယ် စာအုပ်ဆိုင်ယဉ်ကျေးမှု တိမ်ကောသွားတာကြောင့်လည်း ဖြစ်မယ်...
ဒီတစ်ခေါက်
မန္တလေးရောက်တော့ ကျနော်ရယ် စည်သူ(error)ရယ် ဦးဇင်းသုညရယ် ဦးဇင်းကျောင်းမှာ အာဖျံကွီးဖို့ ဆုံမိကြတယ်…။မှတ်မှတ်ရရ မှတ်မိနေတဲ့ သူတို့ စကားလေးတွေ ဖောက်သည်ပြန်ချချင်တယ်…။( မှတ်ချက်…ဘကျော်နဲ့ကဇော်အကြောင်း နောက်တော့ လင်းအိမ်သစ် နောက်မှပြောမယ်နော် …သူတို့အကြောင်းမပါလို့ စိတ်မဆိုးနဲ့ဦး …။)
သူတို့နဲ့စကားပြောရတာ ကောင်းတယ်ဗျ …။ပြီးတော့ လူကိုအားရှိစေတယ် …။ပြောမယ်ဆို FBပေါ်မှာပဲ တွေ့ဖူးကြတာဆိုတော့လေ …ကိုယ့်ကိုယ် အသိအမှတ်ပြု ပါ့မလား…။ဒါမှမဟုတ် တစ်ယောက်နဲ့တစ်ယောက် စိမ်းပြီး ရှိးတိုးရှန်းတန်း ဖြစ်နေမလားလို့ …။ဒါပေမယ့် တွေ့တော့ တကယ့် ငယ်ပေါင်းကြီးဖော်တွေလိုပဲ စကားဖောင်ဖွဲ့မိကြတယ်…။
အင်း ဦးဇင်း သုည …။ပွင့်ပွင့်လင်းလင်းပြောရရင် တကယ် ကျနော် ဦးဇင်းကို သတိမထားမိဘူး…။ပြောမယ်ဆို မသိပါဘုရားပေါ့ …။ဘယ်အချိန်ကဘယ်လို friဖြစ်ကြမှန်းတောင် သတိမထားမိပါဘူး…။ဒါပေမယ့် တွေ့တော့ တကယ် ခင်မင်ရင်းနှီးမိသွားတယ် …တကယ်ပါ …။ကျနော်က ရဟန်းတွေနဲ့ခင်ရမှာ နဲနဲတော့ ရှိန်တယ် …။ဘာကြောင့်လဲဆိုတော့ ကိုယ်ကလည်း ပါးစပ်က သိပ်ထိန်းနိုင်တာ မဟုတ်တော့ ပြောသင့်မပြောသင့် အားနာရမှာစိုးလို့ပါ …။ဒါပေမယ့် ဦးဇင်းကိုတော့ ခင်မိတယ် ဘုရား …။
အင်း စည်သူ …ဒယ်ကောင် အတော် စကားပြောနိုင်တဲ့ကောင် …။ကျနော့်ကိုယ် ကျနော် စကားဖွာလှတဲ့ကောင်လို့ ထင်မိတာ …ဒယ်ကောင်နဲ့တွေ့မှ လုတောင်ပြောရတယ်…။ဘေးက မယ်အွတ်က ကျနော့်ကို ခဏ ခဏ လက်တို့တယ်…။လုမပြောနဲ့လေပေါ့ …။ကျနော်လည်း
"လုမပြောရင် ငါပြောရတော့မှာ မဟုတ်ဘူးဟ…"လို့တောင် ပြန်ပြောယူရတဲ့ အဆင့်…။
သူတို့နဲ့ ဘာလို့ စကားပြောကောင်းလည်းဆိုတော့…။တချို့ ခုမှ စတွေ့ကာစဆိုရင် ဟိတ်ဟန်လုပ်ချင်တယ်…။ငါ သိတယ် ငါ တတ်တယ်ပေါ့…။သူတို့ဆိုတာကလည်း ခေသူတွေ မဟုတ် …။သူ့နေရာနဲ့ သူ နာမည်ရှိသူတွေပေါ့လေ…။ဒီတော့ ဆရာတွေပဲ ထားပါတော့…။ဒို့တိုင်းပြည်က ဆရာတွေ ဆုံရင် သိတဲ့အတိုင်းလေ …။
ထောက်မယ် …။အမှားရှာမယ် …။ငါအတော်ဆုံး လုပ်ချင်ကြတယ် မဟုတ်လား …။
သူတို့နဲ့ကြတော့ အဲလိုမဟုတ်ဘူး …။
ကိုယ့်အတွေးအမြင်ကိုယ် ခရားရေလွှတ် ချစတမ်းပဲ…။
ကျမ်းကိုးကျမ်းကား မလိုဘူး …။
ကြိုက်သလောက်ပြော ကျသလောက်လည်း မရှင်းရဘူး…။ဦးဇင်းက လက်ဖက် ရေနွေး အအေး ကိုယ်ဒွေကို အလှူ ပြန်လုပ်ပြီးကို နားထောင်တာ…။သူ စိတ်ဝင်စားတဲ့ နေရာကြမှ ထထပြောတာ …။
ဘာ ပကာသနမှ မပါတဲ့ လွတ်လပ်မှုကို အခြေတည်ပြီး ပြောကြတဲ့ စကားဝိုင်းလေးပေါ့ဗျာ …။
တကယ်ဗျာ မပျင်းရဘူး…။မနက်တည်းက ညနေစောင်းထိဆိုတဲ့ အချိန်ထိ ထိုင်ပြောတာ တကယ်ဆို ပျင်းသင့်တယ် …။ဒါပေမယ့် ပြန်တော့ ငါ အချိန်မလောက်ပါလားလို့တောင် ခံစားမိလေရဲ့ …။
"နှစ်လိုဖွယ်ကောင်းတဲ့ တွေ့ဆုံမှုတိုင်းဟာ အချိန်နည်းတယ်လို့ ထင်ရတတ်စမြဲလေ…"
လူလူချင်း တစ်ယောက်နဲ့တစ်ယောက် ရိုးရိုးလေးတဲ့ အလေးထားတဲ့ ခံစားချက်က ဘယ်လောက်အရေးပါသလဲဆိုတာ အဲဒီမှာတွေ့ရသလိုပဲ…။
အဲဒီမှာ စည်သူပြောတဲ့ တစ်ခွန်း …
"ကိုဇိ …ဘူးလှဆွေ…ငါးမဲကြီး မင်းဆွေ ဆိုလား…ထားပါတော့ …
သူတို့ ရေးနေ တင်နေတာတွေ တွေ့တော့ ကိုဇိ ဒီလူတွေ ဒီလိုပြောနေတာ ယုံတဲ့ လူရောရှိပါ့မလား…
သူတို့ ကိုယ်တိုင်ရော ငါတို့ လုပ်တာ ဂွင်တည့်ပါ့မလားလို့တောင် မစဉ်းစားမိဘူးလား…
ကိုဇိအဲလိုတွေးတယ် မဟုတ်လားတဲ့ …"
"အင်း လို့ …"
"ကိုဇိ တကယ်တော့ ဗျူ ဟာဗျ …
လူပိန်းလည်း တစ်မဲပဲ …
လူတော်လည်း တစ်မဲပဲ …
လူပိန်းဆိုတာ ဆွယ်ရလွယ်တယ် …
သူတို့ပြောနေတာကို လုံးဝယုံနေတဲ့ လူတွေရှိတယ်…
လုံးဝ တစ်ဖက်ပိတ်ပဲပေါ့လေ…
နှစ်ဖက်ဖွင့်ဖို့ သူတို့ ဘယ်တော့မှ မလုပ်သလိုပေါ့…
ဒီတော့ လူတော်ကို စည်းရုံးနေရင်ကြာတယ်
တစ်မဲခြင်းတူတူ လူပိန်းပဲ ခေါ်တော့တာပေါ့လေတဲ့ …"
စည်သူက အဲလို သဘောလေး ပြောမှ ကျနော် လင်းခနဲ ဖြစ်သွားတယ်…။ဟုတ်ပေသားပဲပေါ့ …။
"ဒါကြောင့်
သူတို့ဆရာကြီးတွေ သူတို့ကို နေရာတစ်နေရာ အသေအချာပေးပြီး ငပိန်းဖမ်းဖို့ လုပ်ထားတာပေါ့တဲ့…"
ခုနလေးတင် ငါးမဲကြီး postတစ်ခု တွေ့လိုက်သေးတယ်…။တကယ် သူ့ကို မlikeထားသလို ဖော်လိုလည်း မလုပ်ထားဘူး…။ကိုယ့် fri share postတွေ့တာလည်းမဟုတ်ဘူး…။သူ တင်တိုင်း ကျနော့်ဆီ လာလာပေါ်သလိုတောင် ပြောရမယ်…။အဲဒီ စောက်ရေးမပါတဲ့ အရေးအသားတွေ ဘာလို့ လာပေါ်လဲဆိုတော့ boost postလုပ်ပြီး သေသေချာချာ ဗျုဟာကျကျ ဝါဒဖြန့်နေလို့ပဲ…။သူ့ ဘက်ဂတောင်းရှိတယ်…။လူအများဆီရောက်အောင် ငွေကုန်ခံနိုင်တယ်…။ကိုယ်တွေ post လူ၃၀၀လောက်မြင်ရရင် ကံကောင်းပဲ…။အရမ်းသဘောကျလို့ shareရင်တောင် သူ့လို လိုက်မပေါ်ဘူးလေ…။
အဲလိုပေါ်တော့ ငပိန်းတစ်ကောင်ကောင်တော့ အနဲဆုံး မိတာပေါ့ …။အသစ်မမိဦး အဟောင်းတွေ ပိုခိုင်မြဲစေတာပေါ့…။
အင်း ဦးဇင်းသုညပြောတဲ့ …ဆိတ်ကွယ်ရာ…။
သူကိုယ်တိုင် ရဟန်းပေမယ့် ရဟန်းတွေကို ဝေဖန်ပြတယ်…။ဒါပေမယ့် သူပြောချင်တာ တချို့ကလည်း ရဟန်းဆိုတာထောက်ပြီး မပြောရတာကြောင့် ကိုယ်တွေကို ရင်ဖွင့်တယ်တူပါရဲ့…။
"ရဟန်းတွေနေထိုင်ရာက ဆိတ်ကွယ်အရပ်လို ဖြစ်နေတယ်…
ဒီတော့ လူမမြင်ဘူးဆိုပြီး မကောင်းမှုတွေကို ရဟန်းတွေက ပိုလုပ်တတ်ကြတယ်…
ဆေး မိန်းမ လောင်းကစား ဒီကျောင်းဝင်းထဲ အစုံတဲ့ဗျ…"
ဆိတ်ကွယ်ရာ …။ပတ်ဝန်းကျင် နော်…။တစ်ခါတလေမှာလည်း ပတ်ဝန်းကျင်က စကားပြောတယ်…။မကောင်းတာပဲ လုပ်တဲ့ ပတ်ဝန်းကျင်မှာ မကောင်းတာကို မကောင်းမှုလို့ အမြင်မရှိကြတော့ဘူးလေ…။ဦးဇင်းရဲ့ ဆန္ဒမှာ ဒါတွေကို ထိန်းကျောင်းစေချင်ပုံပါပဲ …။
"အော် မကောင်းမှု ကို ဆိတ်ကွယ်ရာ အရပ်၌တောင် ပြုတော် မမှုတော မြတ်စွာဘုရား …"ဆိုတဲ့ စာသားလေးပြန်ကြားနေမိတယ်…။
သူတို့ မှာ အခြားဖျော်ဖြေရေးကဏ္ဍများလာ
တော့ စာဖတ်ဖို့ ဘက်ကို အားနည်းသွားတယ်...
90 borns တွေလောက်ပဲ စာအုပ်ဆိုင်ဓလေ့ကို မှီလိုက်တာ... နောက်ပိုင်းလူငယ်တွေ ပိုပို ဝေးသွားနိုင်တယ်... ဒါကို ကျနော်လက်ခံတယ် ... သူတို့  တွေကို စာဖတ်ဖို့ တိုက်တွန်းလိုရင် ကိုယ့်ဘက်က သဘောထားကြီးမှု နားလည်မှုနဲ့  စရတယ်အဘိုး
ကျနော်တို့ တွေဖတ်ခွင့်ရခဲ့တယ်ဆိုတာ ကျနော်တို့  သိပ်တော်နေလို့  မဟုတ်ဘူး... လျှပ်စစ်မီး နပ်မှန်အောင်မရခဲ့တဲ့ခေတ်
gameဆော့ဖို့ အခွင့်အရေး နည်းတဲ့ခေတ်... ရုပ်ရှင်ဆိုတာကို ဗီဒီယိုရုံမှာ သွားကြည့်ရတဲ့ခေတ်မှာ
စာအုပ်တွေဟာ လူငယ်တွေကို အခြားဖျော်ဖြေရာတွေနဲ့  တန်းတူဆွဲဆောင်နိုင်တယ်
ကျနော်တို့ မှာလည်း ရွေးချယ်စရာက များများစားစားရှိတာမဟုတ်ဘူး
ဒါကြောင့်စာဖတ်ဖြစ်ခဲ့တယ် ဘဝတတ်လမ်းအဖြစ်ဖတ်ခဲ့တာမဟုတ်ဘူး ဖျော်ဖြေရာအဖြစ်ဖတ်ခဲ့တာ..
ခုနပြောသလို ခေတ်အရွေ့ မှာ အဆိုးရော အကောင်းရော ရောနေတယ်... အဆိုးထဲကတစ်ခုကတော့ စာအုပ်ဆိုင်ဓလေ့လေး တိမ်ကောသွားခြင်းပဲ.... လူကြီးတွေက
လူံ့ ဆော်မပေးရင် ကလေးတွေစာဘယ်ဖတ်ပါ့မလဲ
သူတို့ စာမဖတ်ခြင်းဟာ ကျနော်တို့  မှာတာဝန်ရှိတယ်
လူတွေကလည်း ခက်ပါတယ် ယှဉ်စရာမရှိတော့ ခေတ်ချင်းယှဉ်တယ် ဒါကြောင့်လည်း လူကြီးလူငယ် ပြသနာတွေဖြစ်လာတာ
အဘိုးတို့ လည်း လူငယ်ဖြစ်ဖူးတယ်
ကျနော်တို့ လည်း လူကြီးဖြစ်လာမှာ ဘယ်သူကမှ အသက်အရွယ်ကို အပိုင်စီးထားလို့ မရဘူး''
''အေးကွာ သျောင်ကြီးလို့ ပဲ ငိုက်မိလေသလားမသိ... တစ်ချက်တစ်ချက် လူငယ်တွေအပေါ် အတော်ကို အားမရဖြစ်မိတယ်''
''လူငယ်တွေဘက်ကလည်း အသက်အရွယ်ကြီးသူတွေကို ဂါရဝနည်းလာတာရှိတယ်
အတွေးအခေါ်ဟာ ဆင့်ကဲတိုးတတ်လာတယ်ဆိုပေမယ့် အတွေးအခေါ်အဟောင်းရဲ့ ကျေးဇူးလည်း မကင်းပြန်ဘူး
ဒါကြောင့် ရှေးလူကြီးတွေရဲ့ အယူအဆဟောင်း
တချိုကို လက်ရှိမှာ မှားတယ်ဆိုသည့်တိုင် ကျနော်က လေးစားပေးတယ်...
ဥပမာပေါ့ အရစ္စတိုတယ်လ်က ပြောတယ်
ကမ္ဘာကို နေကပတ်တယ်တဲ့...
လက်ရှိအချိန်မှာ မှားမှန်းသိသွားပြီ
ဒါပေမယ့် အရစ္စတိုတယ်လ်ကို ကျနော်က လေးစားနေဆဲ
တစ်ခုကို တစ်ခုက ပတ်နေမှန်းတော့သိတယ် ကတ္တားနဲ့  ကံပဲ လွဲသွားတာ
ဒါပေမယ့် အဲ့ဒိအယူအဆကြီး လက်ရှိအချိန်အထိ ဆုပ်ကိုင်ထားဦးမယ်ဆိုရင်တော့ လွဲနေပြီလို့  ပြောရမှာပဲ''
''မောင်ရင် ပြောကြည့်ကွာ လူငယ်တွေ စာဖတ်ချင်လာအောင် ဘယ်လိုလုပ်မလဲ''
''First planကတော့ မိသားစုတစ်စုချင်းစီက တာဝန်ယူရမယ်
မိသားစုစကားဝိုင်းလေးတစ်ခုကို တစ်ပတ်တစ်လတစ်ခါလောက်
်ဖြစ်ဖြစ် ... လုပ်စေချင်တယ်
စာဖတ်ချင်စိတ်ရှိလာအောင် ဒီစကားဝိုင်းလေးအတွင်းမှာ
လှုံ့  ဆော်ပေးစေချင်တယ် ... စာအုပ်ဆိုင်မရှိတဲ့အတွက် စာကြည့်တိုက်တွေသွားဖြစ်အောင်ပေါ့ စာကြည့်တိုက်မရှိရင် တစ်ပတ်ကို တစ်အုပ်နှုံးလောက် အပိုင်ဝယ်ပြီး
သားသမီးကို ပေးဖတ်ရမယ်
ဖတ်စမ်းဟဲ့လို့  အမိန့် ပေးလို့  မရဘူး
ဖတ်ချင်လာအောင် စည်းရုံးရမယ်
မိခင်ဖခင်ရဲ့ ဗဟုသုတကြွယ်ဝမှုကို သားသမီးက အားကျစိတ်ဝင်ရမယ်
ဒါမှသာ သားသမီးက စာဖတ်ချင်လာမှာ
နောက်တစ်ခုက မိမိလက်လှမ်းမှီတဲ့ ပတ်ဝန်းကျင်ကို စာဖတ်ချင်စိတ်ရှိလာအောင်
လှုံ့  ဆော်နိုင်ရမယ်... လူငယ်တွေ စုဖြစ်တဲ့အခါ စာပေစကားဝိုင်းလေး ပြောဖြစ်စေချင်တယ်
ဥပမာ ကျနော်သာ အဖေတစ်ယောက်ဖြစ်လာမယ်ဆိုရင်
ကျနော့်သားရဲ့ သူငယ်ချင်းတွေကို အကျွေးအမွေးလေးနဲ့  ဖိတ်ပြီး စာဖတ်ဖို့  စိတ်ဝင်စားအောင် စည်းရုံးမယ်... သူတို့  ပျော်မယ့် အစီစဉ်လေးတွေနဲ့ ပေါ့''
''အသက်အရွယ်ခြားနားချက်ဟာ အတွေးအခေါ် ခြားနားချက်ကို ဖြစ်စေတယ်... ဆိုတော့ နောက်လူငယ်တွေနဲ့  မင်းအသားကျနိုင်ပါ့မလား''
''ဆိုင်းဘာဘာကပြောတယ်
Among the women,
I'm a woman.
Among the men,
I'm a man.
Among the children,
I'm a child.
When I'm lonely,
I'm a god.တဲ့
ကလေးနဲ့ တွေ့ တော့လည်း ကလေးပေါ့ဗျာ မိန်းမနဲ့  တွေ့  တော့ လည်း မိန်းမပေါ့ ဒါ လိုက်လျောညီထွေနေတတ်ခြင်းပေါ့
Flexible ဖြစ်တာပေါ့ဗျာ''
''လုပ်ပါဦး လူငယ်တွေစာဖတ်ချင်စိတ်ရှိလာမယ့် နည်းတွေ...''
''ကိုယ့် မိသားစု ကိုယ့်လက်လှမ်းမှီရာ ပတ်ဝန်းကျင် ကို လှုံ့ ဆော်မယ်
အခုက social mediaခေတ်လေ
လေလှိုင်းပေါ်ကနေလည်း နိုင်ငံသားတွေ စာဖတ်ချင်စိတ်ရှိလာအောင် စွမ်းသလောက်
လှုံ့ ဆော်မယ်
ဖတ်နေတဲ့သူတွေလည်း မဖတ်ဖြစ်သေးတဲ့သူတွေကို လှုံဆော်ပေးသင့်ကြောင်း ဆော်သြမယ်...''
''နောက်ထပ်ရော''
''ဒါကတော့ အစိုးရပိုင်းကိုပါ တောင်းဆိုရတော့မယ် ကျောင်းမှာလည်း ဆရာ ဆရာမတွေက တပည့်တွေကို ပြင်ပစာပေတွေကို
လေ့လာသင့်ကြောင်း တိုက်တွန်းစေချင်တယ်... နောင်လူ့  အဖွဲ့ စည်းထဲ ဝင်တိုးလာမယ့်
မျိုးဆက်သစ်တွေသာ စာပေပညာနဲ့  ပြည်စုံမယ်ဆိုရင်... ကျနော်တို့ 
ယနေ့ ခေတ်ရဲ့ နိုင်ငံ့ပုံရိပ်ဟာ မမှတ်မိချင်တော့လောက်အောင် ပြောင်းလဲ ကောင်းမွန်သွားလိမ့်မယ်''
''အခြေခံလူတန်းစားတွေက စာသိပ်မဖတ်ကြဘူးကွ''
''အခြေခံလူတန်းစားမို့ ပဲ စာမဖတ်သလား
စာမဖတ်လို့ ပဲ အခြေခံလူတန်းစား ဖြစ်နေသလား ဆိုတာ သုံးသပ်ဖို့  လိုလာပြီလေ
ဆိုက်ကားနင်းတဲ့သူကလည်း စာဖတ်ရမယ်...
ယနေ့ ခေတ်အလုပ်အကိုင် အခွင့်အလမ်းကြောင့် အလုပ်ပြောင်းဖို့  မလွယ်ရင်တောင် မွေးဖွားလာမယ့် မျိုးဆက်သစ်တွေကို ဆုံးမလမ်းညွှန်နိုင်ဖို့  ပညာလိုတယ်
ကိုယ်လျှောက်ခွင့်မရခဲ့တဲ့ လမ်းကောင်းတွေကို ညွှန်ပြနိုင်ရမယ်
ဆိုက်ကားသမားမိန်းမကရော စာမဖတ်ရဘူးလား
သူလည်းမိခင်ပဲ သူလည်းစာဖတ်ရမယ်
ဒါမှ သူတို့ ထက်မြင့်တဲ့ မြတ်တဲ့ သားသမီးဖြစ်လာစေဖို့  လမ်းညွှန်နိုင်မှာ...''
''စာဖတ်ရုံနဲ့ ရပါ့မလားဟာ
တွေးခေါ်တတ်ဖို့  ရော မလိုဘူးလား''
''တွေးခေါ်တတ်မယ့်လမ်းကို စာတွေကပဲ ထမ်းပိုးခေါ်ဆောင်သွားလိမ့်မယ်
အဘိုး''
writer by@minhtikesan